"ရှင်းရှင်း ပြောပါ့လား"

.


လူသတ်မှုတစ်ခု ဖြစ်တယ်။

ခေါင်းကို ‌ခြောက်ပေါင်တူနဲ့ ထုသတ်မှု။


သေသူက ပန်းပဲဆရာ

သတ်သူက သူ့တပည့် 


ရဲက လူသတ်သမားလို့ စွတ်စွဲခံရသူကို ခေါ်ယူ စစ်ဆေးနေတယ်။

လူပုံက အူတူတူ အ,တတပုံစံ၊ မထုံတက်တေးနဲ့


"နာမည်"

"ကျီဆွေ"


"ဘာအလုပ် လုပ်လဲ"

"ဒီပန်းပဲဖိုမှာ အလုပ်သမား"


"ကြာပြီလား ဒီမှာ လုပ်နေတာက"

"မကြာသေးဘူး၊ မနက်ကမှ အလုပ်စ ဝင်တာ"


"မင်းက ဘာလို့ ပန်းပဲဆရာကို သတ်လိုက်တာလဲ"

"ကျုပ်မသတ်ဘူး"


"ဟျောင့်၊ ဒီက မျက်မြင်သက်သေတွေ ထွက်ဆိုထားတယ်၊ မင်းက ပန်းပဲဆရာခေါင်းကို တူနဲ့ ထုချလိုက်တာတဲ့"

"ဟုတ်တယ်လေ၊ အဲ့ဒါ သူကိုယ်တိုင်က ထုခိုင်းတာဗျ"


"ဘယ်လို ဘယ်လို၊ သူက ထုခိုင်းတာ?'

"ဟုတ်တယ်..."


"သေချာရှင်းပြစမ်း၊ ငါနားမရှင်းဘူး"


"ဒီလို" 

... ဆိုပီး ကျီဆွေက ရှင်းပြတယ်။


"မနက်က ပန်းပဲဆရာက ကျုပ်ကို မီးဖိုနားလာဖို့ ခေါ်တယ်၊ ကျုပ်က ‌ခြောက်ပေါင်တူကို ကိုင်ထားရမယ်တဲ့၊ သူက မီးဖိုထဲက မီးရဲနေတဲ့ သံပြားကို ညှပ်နဲ့ ဆွဲထုတ်ပြီး ပေပေါ်တင်လိုက်မယ်တဲ့၊ သူ့ခေါင်းကို ကြည့်တဲ့၊ ခေါင်းငြိမ့်ပြတာနဲ့ တူနဲ့ ထုပေတော့တဲ့၊ ဒါနဲ့ ကျုပ်လည်း သူခိုင်းသလို ထုထည့်လိုက်တာလေ"


"ဟာ... ဟေ့ကောင်၊ သူထုခိုင်းတာ သံပြားကိုဟ"


"ဟင်... ဟုတ်လား၊ ဘယ်သိမှာလဲဗျ၊ သူက 'ခေါင်းကိုကြည့်နေ ငြိမ့်လိုက်တာနဲ့ ထု' ဆိုတော့ ‌ခေါင်းကို ထုခိုင်းတယ်မှတ်တာပေါ့ဗျ"


အေး တာ ပဲ

Crd

.

.

.

သန်၄ကို - ရမ်းဘာသာပြန်သည်။

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့