"""လူ အယောက် တစ်ရာကိုလိုက်မေး
ကာချုပ်ဆိုတဲ့ကောင်ကို
ချစ်လား
မုန်းလား လို့...
သေချာတယ်
၉၉ ယောက်က
မုန်းတယ်ပဲဖြေလိမ့်မယ်"""
💥ဖမ်းကွာ ဖမ်းဖမ်း💥
"မဟုတ်ဘူး ဆရာ
သူက ရူးနေတာပါ"
"အို.....
ကာချုပ်ဆိုတဲ့နာမည်ပါလာရင်
ရူးရူး ကောင်းကောင်း ဖမ်းကွာ"
-_-
အရူးက ထပ်ပြောတယ်
""လူ အယောက် တစ်ရာကိုလိုက်မေး
ကာချုပ်ဆိုတဲ့ ကောင်ကို
ချစ်လား
မုန်းလား လို့...
သေချာတယ်
၉၉ယောက်က
မုန်းတယ်ပဲဖြေလိမ့်မယ်""
ဟေ့ကောင်တွေ ဖမ်းကွာ ဖမ်းဖမ်း
ဟုတ်ကဲ့ပါ ဆရာ
ဒါပေမဲ့ အရူးနော် ဆရာ
ရူးရူး ကောင်းကောင်းကွာ
အဲဒီကောင် စခန်းခေါ်ခဲ့စမ်း
ရဲနှစ်ယောက်ကြားက
ဒရွတ်တိုက်ပါလာတဲ့ အရူးက
ရဲကိုကြည့်ပြီး ထပ်ပြောတယ်
"""လူအယောက် တစ်ရာကိုလိုက်မေး
ကာချုပ်ဆိုတဲ့ ကောင်ကို
ချစ်လား
မုန်းလား လို့...
သေချာတယ်
၉၉ ယောက်က
မုန်းတယ်ပဲ ဖြေလိမ့်မယ်"""
အေးလေ
အဲဒါကြောင့်
ခင်ဗျားကို ဖမ်းလာရတာပဲ
ရဲ့စခန်းရောက်တော့
စခန်းမှူးက မေးတယ်
မင်း ဘာကြောင့်ဒီလိုလုပ်ရတာလဲ
အရူးက
စခန်းမှူးမျက်နှာကိုစေ့စေ့ကြည့်ပြီး
ထပ်ပြောတယ်....
"""လူအယောက် တစ်ရာကိုလိုက်မေး
ကာချုပ်ဆိုတဲ့ကောင်ကို
ချစ်လား
မုန်းလား လို့
သေချာတယ်
၉၉ ယောက်က
မုန်းတယ်ပဲဖြေလိမ့်မယ်"""
အေးလေကွာ
အဲဒါကြောင့်
စခန်းတောင်ရောက်နေပြီလေ....
အရူးက
သူ့ရင်ဘက်ကို
လက်နဲ့တစ်ချက်ရိုက်ပြီး
ဆက်ပြောလာတယ်....
အဲ့ဒီ ကျန်နေတဲ့တစ်ယောက်က
ကျုပ်ပဲဗျ ကျုပ်ပဲ
တိန်........
ဟေ့ကောင်တွေ
ဒီကောင်ကို အမြန်လွှတ်😜😂😁
Crd
©
cmt ရေးပြီးအကုန်ပျောက် ပြန်ရေး ပြန်ပျောက်
ReplyDelete