လင်မယားနှစ်ယောက်ရှိတယ်။
ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။
မိန်းမက သိပ်မကြိုက်ဘူး။
မကြိုက်တော့ သူဟင်းချက်တဲ့အခါ ကြက်ဟင်းခါးသီး ချက်လေ့မရှိဘူး။ ယောက်ျားကကြိုက်တော့ သူကိုယ်တိုင်မီးဖိုချောင်ဝင်ရင် ကြက်ဟင်းခါးသီးဟင်းက ပါကိုပါတယ်။ ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ ယောက်ျားက အမြဲပြောတယ်။ မိန်းမမီးဖိုချောင်ဝင်လို့ ကြက်ဟင်းခါးသီးဟင်းမပါရင် ယောက်ျားက အပြစ်မပြောဘူး... မချက်ရကောင်းလားလို့လည်း မဆူဘူး.. ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ပဲပြောတယ်။
ကလေးရလာတော့ ကလေးကလည်း ကြက်ဟင်းခါးသီး မကြိုက်ဘူး။ ဒါပေမဲ့ အမေနဲ့ စျေးသွားတဲ့အခါ.. မေမေ ကြက်ဟင်းခါးသီးဝယ်ပါ.. ဖေဖေကြိုက်တယ်လို့ ပြောတတ်တယ်။
တစ်နေ့မှာ မိန်းမမီးဖိုချောင်ဝင်တယ်။
အသားနဲ့ ငရုတ်ပွကို သူကြော်ပြီး သားနဲ့သူ့အတွက် ဟင်းတစ်ဝက်ကို အရင်ဖယ်ထားလိုက်တယ်။ ကျန်တဲ့ တစ်ဝက်ထဲ ကြက်ဟင်းခါးသီးရောထည့်ကြော်တယ်။ ယောက်ျားအတွက်ပေါ့။ ဒါကို ယောက်ျားကတွေ့တော့ ဘာလို့ ခွဲကြော်သလဲမေးတယ်။ သားက ကြက်ဟင်းခါးသီးမကြိုက်တော့ အတူရောကြော်ရင် အသားတွေပါခါးသွားမှာစိုးလို့လို့ မိန်းမကပြောတယ်။
မိန်းမပြောတာကို နားထောင်ပြီးယောက်ျားက ရယ်တယ်။ အဲဒီနောက် ယောက်ျားကပြောတယ်... ကြက်ဟင်းခါးသီးဟာ ဘာနဲ့ရောကြော်ကြော် သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ထည့်မပေးဘူး၊ အခါးဓာတ် ကူးမပေးဘူး.. သူက လူကြီးလူကောင်းလိုမျိုး အသီးပါ တဲ့။
ကြက်ဟင်းခါးသီးက သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ကူးမပေးဘူးဆိုတာကို မိန်းမက ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ပြီး အတူရောကြော်ထားတဲ့ အသားကိုစားကြည့်လိုက်တာ အဲဒီအသားက ခါးမနေတာကို တွေ့ရတယ်။
ဒါကို သားကသိတော့ ဖေဖေဟာလည်း လူကြီးလူကောင်းပါ.. သူကြိုက်တာကို မလုပ်ပေးလည်း မေမေ့ကိုတစ်ခါမှ အပြစ်မဆိုခဲ့ဘူး တဲ့။
(ကိုယ့်ဒေါသ၊ ကိုယ့်စိတ်ခံစားချက်၊အပျက်ဓာတ်၊ ကိုယ့်ရဲ့မကောင်းတာကို ကိုယ့်ဆီမှာပဲချုပ်ငြိမ်းသွားစေပြီး တခြားသူကို ကူးစက်မပေးတာဟာ လူကြီးလူကောင်းပါပဲ )
လူကြီးလူကောင်းများနှင့်သာ အမြဲတွေ့ဆုံနိုင်ကြပါစေ၊
ကိုယ်တိုင်ကလည်း လူကြီးလူကောင်းကဲ့သို့ ကျင့်ကြံနေထိုင်နိုင်ကြပါစေ... ဆန္ဒပြုပါသည်
မူရင်းရေးသားသူကို #Creditပေးပါသည်
This comment has been removed by the author.
ReplyDeleteကျေးဇူးပါ။ ကြက်ဟင်းခါးသီးလို ကျင့်ကြံပါ့မယ်။ ချစ်တယ်။
ReplyDeleteကလစ်ခြင်းသည်လူပီသသည်ဟူသောအဓိပ္ပါယ်ကိုပြသည်။
ReplyDeleteBe safe.
ReplyDeleteကောင်းလိုက်တဲ့စာ
ReplyDelete☺😊☺😊☺☺
ReplyDelete