ရဲဘော်တို့ . .

            

လောကမှာ ယောင်္ကျားဖြစ်ဖြစ် 

မိန်းမဖြစ်ဖြစ် ဥပဓိရုပ်ဆိုတာရှိတယ်။ 


အထူးသဖြင့် မိန်းတွေနဲ့ပတ်သက်ရင် 

ရုပ်ခံကို မြင်တတ်ဖို့ အရေးကြီးတယ်။ 

အဲဒီရုပ်ခံကို မြင်တတ်ဖို့အတွက် သုံးထားတဲ့ 

ကင်မရာ effect တွေ beauty app တွေကို 

ကျော်လွှားပြီး မြင်တတ်ရတယ်။ 


အဲလိုမြင်တတ်ဖို့အတွက် ရဲဘော်တို့က 

ဆော်ပုံပေါင်း သိန်းသောင်းချီကြည့်ထားရမယ်။ 

လေ့ကျင့်သားပြည့်ဝနေရမယ်။ 

မဟုတ်လို့ကတော့ ဂျင်းမိမှာပဲ။ 


အထူးသဖြင့် Oppo တို့ Vivo တို့ 

ကိုင်ရင်သတိထားကြ၊ အဲဒီဖုန်းတွေက 

မီးသွေးခဲတောင် မိုးယုစံလောက်ဖြစ်ကုန်တတ်တယ်။


ဓာတ်ပုံထဲက မျက်တောင်တု

တွေကို ခွာပြီးကြည့်တတ်ရမယ်

ပါးနီနီလေးကို နဂိုအရောင် မြင်တတ်ရမယ်

ဓာတ်ပုံ ၁ ပုံတည်းနဲ့ မဆုံးဖြတ်ပဲ အနည်းဆုံး 

ဓာတ်ပုံ ၄ ပုံ ၅ ပုံ ကြည့်ပြီးမှ ဆုံးဖြတ်ရမယ်။ 


ဓာတ်ပုံ ၁ ပုံနဲ့ ၁ ပုံ အသားအရောင်

တူမတူ မျက်ခွက်နဲ့ လက်နဲ့ လည်ပင်းနဲ့ 

အသားရောင်တူမတူ ကြည့်တတ်ရမယ်။ 

ဒီခေတ်ကာလမှာ ဒီလို ဖောက်ပြန်တဲ့

ဖုန်းတွေဟာ ငါတို့ကို ကျဆုံးစေနိုင်တယ်

ဆိုတာ ရဲဘော်တို့ မြဲမြဲမှတ်ထားပါ။


ရဲဘော်တို့ . . . .


ဓာတ်ပုံထဲက သူတို့ရဲ့အမူအရာတွေနဲ့ 

ပတ်သတ်ရင်လည်း မပေါ့ဆစေချင်ဘူး။ 


သွားခေါတဲ့ဆော်တွေက 

နှုတ်ခမ်းစူပြီးရိုက်တတ်တယ်

ဒူးမဲတဲ့မိန်းမတွေ ထမီဝတ်တယ်

မေးရိုးကားရင် ပါးဖောင်းပြီးရိုက်တယ် 

ဆိုတဲ့ ရန်သူ့အခြေခံသဘောကို 

စောကြော နားလည် ကြေညက်နေရမယ်။ 


ခပ်လှမ်းလှမ်းကနေ အောက်က

ပင့်ရိုက်ထားတဲ့ပုံတင်တာများရင် ဒီဆော်ဟာ 

အရပ် ၄ ပေခွဲလောက်ပဲရှိမယ်ဆိုတဲ့အသိမျိုး 

သတိမျိုး အမြဲတမ်းရှိနေရမယ်။ 


ရဲဘော်တို့ . . . .


နောက်ထပ်အရေးကြီးတာတခုက 

Facebook ပေါ်မှာရေးထားတာကို 

အမှန်ဟု မယူဆကြနဲ့။ 


Profile မှာ KBZ လို့ ဖြည့်ထားတိုင်း 

ဘဏ်ဝန်ထမ်းလေးတွေထင်ပြီး သွားမအီနဲ့

ကြက်ဘဲစျေးကဟာတွေလည်း ဖြစ်နေတတ်တယ်။


လူကဲခတ်ညံ့လို့ ဂျင်းမိတာဟာ 

တော်လှန်ရေးကို မှေးမှိန်စေတယ်။ 

ငါလုံးဝခွှင့်မလွှတ်နိုင်ဘူး။ 


ရဲဘော်တို့ရဲ့ရှေ့မှာ ကျဆုံးခဲ့ကြတဲ့ 

ရဲဘော်တွေ အများကြီးရှိခဲ့တယ်။ 

ဓာတ်ပုံဆိုင်က သန့်ရှင်းရေးအလုပ်သမားက 

ဆိုင်ကဝတ်စုံ ၁ ခုယူပြီး ဓာတ်ပုံရိုက်တင်တာကို

MBA ဘွဲ့ရဆော်ဆိုပြီး သွားကြောင်တဲ့အထိ 

ညံ့ဖျင်းတဲ့ရဲဘော်တွေ ရှိခဲ့ဖူးတယ်။ 

တော်လှန်ရေးပြီးရင် ဒီလူတွေကို 

အပြတ်ရှင်းဖို့ ငါဆုံးဖြတ်ထားတယ်။


ရဲဘော်တို့ . . . .


ထိပ်တန်းဟော်တယ်တွေ စားသောက်ဆိုင်

တွေမှာ check in ဝင်တိုင်း သူဌေးသမီး

မဟုတ်တာကိုလည်း သတိပြုကြပါ။ 


ကားနောက်ဖုံးမှာလိုက်လာရတဲ့ 

အိမ်ဖော်တွေလည်း ဖြစ်နေတတ်တယ်။ 


ဓာတ်ပုံနဲ့ Check In တိုက်ကြည့်ပြီး 

ဒီရုပ်ဒီရည်ဟာ ဒီဆိုင်မျိုးနဲ့ တန်သလားဆိုတာ

လောက်တော့ ရဲဘော်တို့ သုံးသပ်နိုင်စွမ်းရှိရမယ်။ 

တော်လှန်ရေးကာလမှာ အယုံမလွယ်ပါနဲ့။ 


မသင်္ကာရင် Chat box ကနေ စကားပြောကြည့်ပါ။ 

Xi တို့ X p lar တို့ ၈၈၃၄ တို့ သုံးပြီးပြောတယ်

ပြည်သူ့ရင်ပြင်မှာ ရိုက်ထားတဲ့ပုံလည်းရှိမယ်ဆို 

အဲဒီဆော်ဟာ လှိုင်သာယာမီးခွက်စျေးနား

နေတယ် ဆိုတာလောက်ထိ အထာနပ်ရမယ်။ 


စာတတ်ရမယ် စူးရှတဲ့အမြင် စူးရှတဲ့နား 

မရှိပဲ တော်လှန်ရေးမအောင်မြင်နိုင်ဘူး။ 


ရဲဘော်တို့ . . . .


နိဂုံးချုပ်အနေနဲ့ ပြောချင်တာ

ကတော့ ဂျင်းမမိပါစေနဲ့။ 

ဆင်ခြင်တုံတရားအားနည်းလို့ 

ဂျင်းမိသွားတာဟာ တော်လှန်ရေးကို 

အမဲစက်ထင်စေတယ်။ 

ဒီလိုရဲဘော်မျိုးကို တော်လှန်ရေးက 

ခွှင့်မလွှတ်ဘူးဆိုတာ မြဲမြဲမှတ်ထားပါ။ 


😜😜😜


ရဲဘော်ခေါင်

ဥက္ကဌ

ဆော်ရှီဗစ်ပါတီ


Crd


          Ko Ko Lin

Comments

Popular posts from this blog

ချောတယ်လို့