တခါတုန်းက မိုးကုတ်ပတ္တမြားတူးဖော်တဲ့လူတယောက်

သေဆုံးသွားခဲ့တယ်

သူ့မှာ ဇနီးနဲ့ဆယ်နှစ်အရွယ် သားတစ်ယောက်

ကျန်ရစ်ခဲ့တာပေါ့


တနေ့မှာ ဇနီးဖြစ်သူဟာ သေဆုံးသွားတဲ့

ယောက်ျားဖြစ်သူရဲ့ဗီရိုကိုရှင်းရင်းကနေ

ပတ္တမြားအရိုင်းတလုံးတွေ့လိုက်ရတာနဲ့

သားငယ်ကိုခေါ်ပြီး  

သားရေ အမေတို့သူဌေးဖြစ်ပြီ....ဒါကြီးကိုယူပြီး

မင်းအဖေရဲ့အကို ...မင်း ဦးလေးကြီးကိုသွားပြ

ပြီးရင် ရောင်းခဲ့လိုက်ဆိုပြီး လွှတ်လိုက်တယ်


သားငယ်ကလဲ ၀မျးသာအားရနဲ့

သူ့ ဦးလေးဆီ ပြေးပြီး ပြတော့တာပဲ


ဦးလေးဖြစ်သူက ပတ္တမြားအရိုင်းတုံးကြီးကို

တရိုတသေကိုပြီး ဖင်ဆုံးခေါင်းဆုံး 

အသေးစိပ်ကြည့်ပြီးတော့ မျက်ရည်တွေဝဲလာပြီး


ငါ့တူ ..ဒါကြီးက ပြည်တန်ပတ္တမြားကြီးကွ

ဒါမျိုးဆိုတာ ဈေးဖြတ်လို့မရဘူး

ဦးလေးလဲ ဘယ်လောက်တန်တယ်ဆိုတာ မပြောနိုင်ဘူး

ဒီလိုလုပ်ကွာ........ဒါကြီးကို မင်းအမေဆီမှာ

မပျောက်အောင်သေသေချာချာသိမ်းခိုင်းလိုက်

ပြီးရင် ငါ့တူ မင်း ..ဦးလေးဆီလာပြီး

ပတ္တမြားကို လေ့လာသင်ယူလေ .....

တနေ့ကို ငါးထောင်ပေးမယ် ...မင်းလဲအိမ်အတွက်

ဈေးဖိုးရတာပေါ့ ဆိုပြီး ချာတိတ်ကို အလုပ်ထဲ

ထည့်ပေးလိုက်တယ်


ဒီလိုနဲ့ ၅နှစ်လောက်ကြာတဲ့အချိန်မှာ

ချာတိတ်ကလေးဟာ လူပျိုပေါက်အရွယ်ဖြစ်လာပြီး

ပတ္တမြားအကြောင်းကိုလဲ တော်တော်နားလည်လာတဲ့အခါ

ဦးလေးဖြစ်သူက.....ငါ့တူ...မင်းအမေ သေသေချာချာ

သိမ်းထားတဲ့ပတ္တမြားကြီးကို ဦးလေးဆီယူလာခဲ့တော့

မင်းလဲ နားလည်နေပြီဆိုတော့ ပြည်တန်ပတ္တမြားကြီးကို

ငါတို့ ဈေးဖြစ်ကြရအောင်လို့ပြောပြီး

ယူလာခိုင်းလိုက်တယ်................


ဒီလိုနဲ့ ရှုံ့အိတ်တွေ သုံး လေးထပ်ပတ်ထားတဲ့

ပတ္တမြားကြီးကို ဖွင့်ပြီးကြည့်လိုက်တဲ့အခါမှာ


-


-


-


-


-


ဦးလေး .....ဒါကြီးက သပိတ်ကျင်းကထွက်တဲ့

ကျောက်ကြီးပဲဗျ .........ဘယ်က ပြည်တန်ရမှာလဲ


အဲ့ဒီမှာပဲ ဦးလေးဖြစ်သူက....ဒါပဲ ငါ့တူရေ...


အဲ့ဒီအချိန်တုန်းက မင်းကို ဒီဟာကြီးက ဘာမှမတန်ဘူး

သပိတ်ကျင်းကြီးလို့ ငါပြောလိုက်ရင် 

မင်းတို့သားအမိက ငါ့ကို သေသွားတဲ့ငါ့ညီဆီက

အချောင်လိုချင်တယ်တို့ လိမ်ယူချင်လို့ပြောတာတို့

ပြောကုန်ကြမှာပေါ့ .....မင်းတို့မှပတ္တမြားအကြောင်း

နားမလည်တာ ...ငါအမှန်အတိုင်းပြောလဲ ယုံမှမဟုတ်ဘူး

ဒါကြောင့်မို့ မင်းကိုငါ့ဆီခေါ်ထားပြီး ပတ္တမြားအကြောင်း

နားလည်အောင် သင်ပေးခဲ့တာပေါ့......ဟော...အခုဆို

မင်းလဲ ကျွမ်းကျင်နေပြီလေ......ဒါကြီးကို

မင်းဟာမင်း ဆုံးဖြတ်ပြီး လုပ်ပေတော့ငါ့တူလို့

ပြောလိုက်တယ်......................


အခုဆို အဲ့ ကာဘော်လစ်ကြီးဟာ......အဲ့ မှားလို့

ပတ္တမြားကြီးဟာ ....................................

ငအူ ငအ ငတုံးတကောင်ကို သွားထည့်တယ်လို့

သတင်းကြားတယ်


ငအူ ငအ ငတုံးကြီးဟာ ဘာမှမသိပဲ

လူငယ်တယောက်လာပေးတဲ့ ပြည်တန်ပတ္တမြားဆိုပြီး

နစကပတ္တမြားလို့တောင် နာမည်ပေးထားတဲ့အပြင်

လာပေးတဲ့ချာတိတ်ကို ဆုငွေ လာဒ်ငွေတွေတောင်ပေးပြီး

ဂုဏ်ပြုလိုက်သေးတယ်ဆိုပဲ.......


ဘာပဲဖြစ်ဖြစ် ရေချိုးရင် ဂျီးတွန်းကြပေါ့

😁😁😁


#Credit_

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့