သူ့ဘက်ကလည်းခံစားပေးပါ

••••••••••••••••••••••••••••••••••••


လူ အတော်များများ သည် သူတစ်ပါး၏ ခံစားချက်ကို မကြည့်တတ်၊ မမြင်တတ်။ မိမိ လိုချင်လောဘများကိုသာ ရှေ့တန်းတင်တတ်ကြသည်။ ထို ကြောင့်


`ငါဘယ်တုန်းက ဘယ်သူ့ကိုကူညီခဲ့တာ၊ ငါနဲ့ယှဉ်လိုက်တော့ သူကဘာမှမဟုတ်ပါဘူး၊ ငါသာဆိုရင်' စသည်ဖြင့် ကိုယ့်ခံစားချက်နှင့် နှိုင်းယှဉ်ခံစားတတ်ကြသည်။ ထိုသေးနုံသော အပြုအမူက သင့်ဘဝအတွက် ကြီးမားသော အနှောင့်အယှက်ကြီး ဖြစ်နိုင်ပါသည်။မည် သူ့ကိုမဆို သတိထားကြည့်က တွေ့ နိုင်ပါသည်။ 


“မင်းဘယ်တုန်းက ဘာလုပ်ခဲ့သလဲ .... အဲဒီလိုဆို မင်းဘယ်လို ရင်ဆိုင်ဖြေရှင်းခဲ့လဲ ..."


ဆိုသော စာနာသော အမေးများထက်. .


“ငါအဲဒီတုန်းက ဘာလုပ်ခဲ့တာ .... အဲဒီလိုဖြစ်တော့ ငါ့နှယ်ဘယ်လိုကို ဖြစ်ခဲ့ရတာ” 

စသော ပြောဆိုချင်သူသာ များပါသည်။ မိမိ၏ကိုယ် ရည်သွေးစကားများသည် တစ် ဖက်လူအတွက်ရယ်ဖွယ်၊ စိတ် ညစ်ဖွယ်ဇာတ်လမ်းများသာ ဖြစ်တတ်သည်ကိုသတိချပ်ပါ။


“ငါသာလျှင်၊ ငါ့အ တွက်သာလျှင်၊ ငါ့တုန်းကသာလျှင်၊ ငါနဲ့သာဆိုလျှင်”


ဟူသော စကားများ သည် သိလိုသူအတွက် တစ်ခါတစ်ရံသာ ကောင်းပေလိမ့်ငြား အမြဲတမ်းအတွက်မူ လူတစ်ဖက် သားစိတ်ညစ်ညူးဖွယ်၊ အထင်သေးဖွယ်များသာ ဖြစ်နေပေလိမ့်မည်။


မည်သည့်ကိစ္စတွင်မဆို မိမိအတွက်ဆိုလျှင် ဦးနှောက်ကို သုံးပါ၊ တစ်ပါးသူအတွက်ဆို လျှင် နှလုံးသားကိုသုံးပါ။ ဤတွင် တစ်ပါးသူအတွက် နှလုံးသားမသုံးမိသူတစ်ဦးအကြောင်း... 

သာဓကတစ်ခုပြပါဦးမည်။


မြို့တွင်ကျောင်းတက် နေသော မွေးမြူရေးကျောင်းသားတစ်ယောက်သည်ကျောင်း ခေတ္တပိတ်သဖြင့် အိမ်သို့ခဏ ပြန်လာသည်။ အိမ်နီးချင်းအမျိုး သမီးတစ်ဦးက တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ချင်သောကြောင့် အကြံဉာဏ်လာ၍တောင်းခံသည်။ 


“ကျွန်မအိမ်မှာ အိမ်တွင်းစီးပွားရေးအတွက် တစ်နိုင် တစ်ပိုင် ကြက်မွေးမြူရေးလုပ်ချင်တယ်.. ဘယ်လိုစလုပ်ရမလဲ..."


ကျောင်းသားက ကြက်ဖနှစ်ကောင်လောက်နဲ့ 

ကြက်မ နှစ်ဆယ်လောက် စမွေးရန်အကြံပြုသည်။ ကျောင်းဖွင့်သဖြင့် ကျောင်းသားမြို့ပြန်တက်သွားသည်။ တစ်နှစ်ခန့်အကြာ ကျောင်းပိတ်၍ ကျောင်းသားပြန်လာ သောအခါ သူအကြံပေးခဲ့သော အမျိုးသမီး၏ ကြက်ခြံသို့သွားရောက်ကြည့်ရှုရင်း အံ့အားသင့်သွားရသည်။ သူပေးလိုက်သော အကြံကို မှားယွင်းစွာလုပ်ကိုင်ထားသည်ကိုး။ ကြက်ခြံထဲတွင် ကြက်ဖက အကောင်နှစ်ဆယ် လောက်ရှိပြီး ကြက်မကတစ်ကောင်တည်းရယ်။ 


ကျောင်းသားက အမျိုးသမီးကိုခေါ်ရင်းရှင်းပြသည်။


“ဟင်. . . ကျွန်တော် ပြောတာအဲ ဒီ လို မ ဟု တ် ဘူး • • ကြက်မက နှစ်ဆယ်လောက်နဲ့ ကြက်ဖကနှစ်ကောင်လောက်ကို ပြောတာ. . ."


“အို .... ဒါကတော့ ရှင့် ဘက်က ယောက်ျားလေး အမြင်ကိုး .... ကျွန်မကမိန်းကလေးနှင့် ဟင်း.. အဲဒါတောင် ကြက်ဖက နည်းနေသေးတယ်...."


ကဲ ..... မပြောဘူးလား။ သူ့ဘက်ကအမြင်ကိုလည်း ခံစားနားလည်ပေးပါလို့ ....😜😁


ဟမ်🙄


⬛🟥


အကြည်တော်

Crd

မိတ္တ ဟဒယ ဟာသ တက်ကျမ်း စာအုပ်မှ


Shared by Heain Minn Zar


Via.Soelamin

Comments

Popular posts from this blog

ချောတယ်လို့