အဖော်

####

ကျမတို့ကျောင်းဆင်းလာတိုင်း....ကျောင်းအပြင်ကအုတ်ခုံမှာ..အဝတ်အစားညှိုးညှိုးနွမ်းနွမ်းနဲ့....အဖိုးကြီးတယောက်ကို...အမြဲတွေ့ရတတ်တယ်...သူကကျောင်းဆင်းလာတဲ့ကျောင်းသား/သူတွေကိုငေးကြည့်ပြီး....နှုတ်ကတဖွဖွ...တစုံတခုကိုရွတ်ဆိုနေတတ်တယ်...လူကြီးတွေကပြောတာတော့.ယဉ်ယဉ်လေးနဲ့ရူးနေတာတဲ့လေ....ကျမကတော့..ကြောက်တတ်လို့..အဲ့ဒီလူကြီးနားကမဖြတ်ပါဘူး...ဝေးဝေးကရှောင်သွားပါတယ်....တရက်မှာတော့..ကျမဖေဖေက...နယ်ကနေ.မြို့ကိုရောက်ခိုက်..ကျမကို..ကျောင်းလာကြိုပါတယ်.....ဖေဖေ့ကိုမြင်တော့..ကျမကဝမ်းသာအားရပြေးဖက်မိတယ်....ကျမတို့သားအဖ..ကျောင်းရှေ့ကခုံတန်းလျားလေးမှာ.စကားတွေပြောနေရင်း...အဲ့ဒီအဖိုးကြီးကိုတွေ့တော့..ဖေဖေက.တရိုတသေနဲ့*အိမ်လိုက်ပို့ပေးမယ်ဆရာ*တဲ့...သူကတော့ဖေဖေပြောတာ.ကြားဟန်မတူပဲ..တစုံတရာကိုရွတ်ဆိုနေဆဲပါ...ကျမသေသေချာချာနားထောင်ကြည့်တော့*..ဖေဖေ့ကိုခွင့်လွှတ်ပါသမီးရယ်*တဲ့....ကျောင်းသူတွေကုန်သလောက်ဖြစ်ချိန်မှာတော့...ကားတစီးပေါ်ကလူတချို့ဆင်းလာပြီး..သူ့ကိုပြန်ခေါ်သွားကျပါတယ်.....ကျမကေ*ဖဖေကသိတာလား..အဲ့ဒီအရူးကြီးကို*ဆိုတော့....*သိတာပေါ့သမီးရယ်...သူကဖေဖေတို့ဆရာ...-


@@@@@@@

ပြီးပြည့်စုံတဲ့ဘဝဆိုတာသစ်တောမင်းကြီး..ဦးထွန်းမင်းနဲ့ရွှေဆိုင်ပိုင်ရှင်ဒေါ်ခင်ခင်တို့ရဲ့..ရှု့မငြီးဖွယ်တဦးတည်းသောသမီး..**ခင်ကျော့မင်း**ကိုပဲညွှန်ပြရမှာပါ...ရုပ်ရည်လေးကလည်းထူးကဲစွာဖြူစင်လှပပြီး...ကိုယ်နှုတ်အမူအယာတွေကလည်း...ချိုသာယဉ်ကျေးလှတာကြောင့်. တမြို့လုံးတနယ်လုံးမှာရေပန်းစားပြီးကျောင်းမှာလည်းလူချစ်လူခင်ပေါလှပါတယ်.....မိဘတွေရဲ့အရေးပေးအလိုလိုက်ချစ်ခင်မှုကိုရထားသလို...အိမ်နီးချင်း..ဖြစ်တဲ့..မြို့နယ်ဆရာဝန်ကြီားဦးကိုကိုကြီးနဲ့..မိုးကုတ်ကျောက်တွင်းးသဌေးဒေါ်ရတနာတို့ရဲ့တဦးတည်းသောသား..ကိုခန့်နိုင်ကတိုင်းတပားမှပညာတော်သင်ပြန်လာတော့မှာမို့...သူမတို့ကိုလက်ထပ်ပေးဖို့..စီစဉ်ထားပြီးပြီလေ....ခင်ကျော့မင်းကိုယ်တိုင်ကလည်း..သူမငယ်ချစ်ဦး..ကိုကို့ကိုယ်..ချစ်မြတ်နိူုးပါသည်လေ...နတ်ဖက်သောစုံတွဲလေးများအဖြစ်..တမြို့နယ်လုံးအားကျခဲ့ရသည်ပေါ့....ကျောင်းပိတ်သည်နှင့်မကြာခင်ကျင်းပမည့်မဂ်လာပွဲအတွက်..နှစ်ဖက်မိဘတွေ..နေ့ကောင်းရက်သားရွေးချယ်နေလေပြီ....


@@######.

*ငါတယောက်တည်းဖြစ်နေလို့ပါဟယ်...ခနလေးပဲလေ.*

*ကျော့က..တခါမှအဲ့ဒီလိုမသွားဖူးဘူးလေ*

သူငယ်ချင်ြးဖြစ်သူနီလာက..မျက်နှာငယ်ငယ်နှင့်...သူမကိုအဖော်လိုက်ပေးရန်..အတင်းခေါ်နေသည်....သူမကအချစ်ရေးကံမကောင်း....သူမချစ်သူကနွမ်းပါးသောကြောင့်..မိဘများကသဘောမတူ..တင်းတင်းကျပ်ကျပ်တားမြစ်မှုကြောင့်...ချစ်သူနှစ်ဦးဝေးခဲ့ရသည်...ယခု..သူ့ချစ်သူကိုအောင်ကအဝေးမှပြန်ရောက်လာပြီး..စကားပြောချင်သည်ဟု..ချိန်းဆိုသောကြောင့်...သူမ..နေမထိထိုင်မသာ....အိမ်ကလည်း..အလွတ်မပေး...တခုတော့ရှိသည်..သူမနှင့်အတူ..ခင်ကျော့မင်းတို့.ကျောင်းဆင်းချိန်ဆိုရင်တော့စိတ်ချသည်....စာမေးပွဲနီးလာသဖြင့်..ဆရာကအချိန်ပိုသင်လေ့ရှိရာ..သူမတို့ခါတိုင်းထက်နောက်ကျမှအိမ်ပြန်လေ့ရှိသည်...ဒိနေ့တော့..ချစ်သူနှင့်တွေ့ချင်သောကြောင့်သူငယ်ချင်းကို.ဇွတ်ခော်

သည်...နောက်ဆုံး..သူမလိုက်လျေ

ာခဲ့ပါသည်...


####$$$$#


လူရှင်းနေသောပန်းခြံထွှဲာချစ်သူနှစ်ဦးဆုံသည်နှင့်..ကိုအောင်ကဖြတ်ကနဲ.နီလာ၏လက်တဖက်ကိုဆွဲကာ..*ကိုယ်တို့ဟိုအပင်အကွယ်မှာစကားသွားပြောရအောင်...အသိတွေမြင်သွားမယ်*

နီလာကခွင့်တောင်းသလိုကြည့်ပြီး.*ခနလေးပါနော်..ဒီမှာစောင့်နေပါ*


သူငယ်ချင်းကိုသနားလည်းသနား.ကူညီလည်းကူညီချင်တာမို့.သူမခေါင်းငြိမ့်ပြီးသာ....ပန်းခြံထဲရှိခုံတန်းလျားလေးမှာ..အနည်းငယ်စိုးရိမ်စိတ်ဖြင့်..သူငယ်ချင်းနီလာတို့သွားရာအပင်ဖက်လှမ်းကြည့်ရင်း..ပတ်ဝန်းကျင်ကိုလေ့လာကြည့်ရာ.လူသူကတယောက်စနှစ်ယောက်စ။..အဝေး..ဓာတ်မိးတိုင်အောက်မှာတော့....စည်းနဲ့ဝါးအလိုက်ဖြင့်သီးချင်းသံသဲ့သဲ့နှင့်တောင်းရမ်းအလှူခံနေသောပုဂ္ဂိုလ်များ...ချစ်သူနှစ်ယောက်ကတော့..အချိန်တွေကုန်လို့ကုန်မှန်းမသိစွာ..စကားတွေဖောင်ဖွဲ့လျှက်...သူမကလည်းကဗျာစာအုပ်လေးကိုစိတ်ဝင်တစားဖတ်မိရင်း..ရုတ်တရက်မိုးဖွဲဖွဲလေးကျလာတာကြောင့်..စိတ်မရှည်စွာ..ထရပ်ပြီး..က်အမှောင်ကဲနေသောသစ်ပင်ရှိရာခြေအလှမ်း....သူမနောက်ဖက်မှတစုံတရာကမျက်နှာကိုအနံဆီုးရွားလွန်းသောအဝတ်တခုဖြင့်အုပ်မိုးလျှက်..သန်မာသော..လက်းဖြင့်..သူမပါးစပ်ကိုပိတ်လျှက်...ထို့နောက်..ခေါင်းကိုနာကျင်စွာအရိုက်ခံရပြီး..လောကကြီးကိုအဆက်ပြတ်မေ့မျောသွားသည်သာ...

မိုးကခပ်ကြမ်းကြမ်းကျလာတော့..လောကကြီးမေ့နေသောချစ်သူနှစ်ဦး..ကမ်းကတန်းလူချင်းခွဲကာ...သူငယ်ချင်းခင်ကျော့မင်းရှိရာအရောက်မှာတော့..သူမရှိမနေတော့...စိတ်မရှည်လို့များထားခဲ့တာလားလို့တွေးမိပေမဲ့..စိုးရိမ်စွာလိုက်ရှာရင်း..လူကြီးတွေကိုအသိပေးရတော့သည်...ရဲစခန်းမှာပါတိုင်ချက်ဖွင့်..လူပျောက်လိုက်ရှာရင်း..သူမတို့ဆုံခဲ့သည့်ပန်းခြံရဲ့..လျှိုမြောင်တခုထဲမှာ...အသိကင်းကွာမေ့မျောနေသော..ခင်ကျော့မင်းအား..ပြန်တွေ့ခဲ့ရသည်....


§

########


*ကျော့လေး...ကျော့လေး*

.အား

တကိုယ်လုံးကိုင်ရိုက်ထားသလို..နာကျင်မှုတွေနဲ့..သူမသတိပြန်ရလာတယ်...နားထဲမှာ..ကိုကို့အသံ...ဖေဖေတို့မေမေတို့အသံ...ပြီးတော့အမှောင်ထဲပြန်ရောက်သွားပြန်တယ်....

######$$$#

သမီးလေး


မီးတွေဘာလို့ပိတ်ထားတာလဲ..

*မဖွင့်နဲ့ဖေဖေ...သမီး..ဘယ်သူ့ကိုမှမတွေ့ချင်ဘူး...ဘယ်သူ့မှမလာကျပါနဲ့.....သွားပါ..သွားကျပါ...သမီးတောင်းပန်ပါတယ်...


*သမီးလေး..သမီးလေး...အဖေ့သမီးလေး....အဖေရင်တွေကွဲပါပြီ..သမီးရယ်..*


ဖေဖေ...သမီးကိုခွင့်လွှတ်ပါနော်..သမီးက.အဖေ့စကားနားမထောင်တာမဟုတ်ပါဘူး...သမီး..အန္တရာယ်ကိုမသိလို့ပါ..လောကကြီးမှာ..လူယုတ်မာတွေရှိတယ်ဆိုတာ..သမီးမသိလို့ပါဖေဖေရယ်....သမီးကိုခွင့်လှတ်ပါ...ခွင့်လွှတ်ပါ


*ငါ့သမီးလေးကဘာအပြစ်ရှိလို့လည်းကွယ်...အဖေရင်တွေနာလိုက်တာ..*

အခန်းလေးထဲမှာကမ္ဘာပျက်နေသည့်အလား...

##$$$$$#$$


ကျော့လေး

*

ဟင်...ကိုကို..

ကိုကို...ကျော့လေးနားမကပ်နဲ့...မကပ်နဲ့*.

.

*ကျော့လေးရယ်....ကျော့လေး းအမှားမပါပါဘူး...ကိုကို..နားလည်တယ်..ကိုကိုတို့လက်ထပ်မယ်...ကိုကိုကျော့လေးကိုအဆုံးရှုံးမခံနိုင်ဘူး...ကိုကိုယူမယ်....ဟားဟားဟားဟားဟား...... .

အရူးတယောက်လိုငိုလိုက်ရယ်လိုက်ဖြစ်နေတဲ့ချစ်သူကို..ရင်နင့်စွာကြည့်ရင်း...သူမကိုယ်သူမရွံရှာမုန်းတီးစွာ..


####$$$


ကိုကို....ကလေးဘဝကတည်းကချစ်ခဲ့ရတဲ့သူမကို...ခုချိန်ထိ.အနမ်းတပွင့်တောင်မချွေရက်သူ...မဂ်လာဦးကျမှသာအရာရာပိုင်ဆိုင်ချင်ပါသည်ဟုဆို.ပြီးသူမကိုမြတ်နိုးစွာ.မထိရက်မကိုင်ရက်.တန်ဘိုးထားလွန်းသူ...

ကံကြမ္မာကြီးရယ်...ကျမကိုကျမှဘာလို့ဒီလောက်ရက်စက်တာလဲ...ကြည့်စမ်းပါဦး..ကျမရဲ့အပျိုစင်ဘဝလေးကိုမုန်တိုင်းလိုဖြတ်ဆီးတဲ့သူတွေက..တောင်းရမ်းစားသောက်နေကျတဲ့..ကိုယ်ရေပြားရောဂါသည်တွေတဲ့လား.....သူတို့တွေပေးဆပ်တဲ့ပြစ်ဒဏ်က..ထိုက်သင့်ရဲ့လား..ဒိဘဝမှာလူဖြစ်ရှုံးနေတာတောင်..ယုတ်မာလိုက်ကျတာ...သူမကိုရောဂါတွေမကူးအောင်..ဆေးတွေအပြင်းအထန်ထိုးပြီးကုသလိုက်ရတာ...တမြို့လုံးစုပ်တသတ်သတ်..ကိုကိုကရော..ဒိလောက်အသန့်ကြိုက်..တဲ့သူ...ဘယ်လိုစိတ်နဲ့..တဘဝလုံးရင်ဆိုင်သွားမှာလဲသူမစိတ်နှင့်အိပ်ယာထဲကမထနိုင်တော့သောမေမေ..သမီးကိုခွင့်လွှတ်ပါ


သမီးလေး


ရှင်...

ဖေဖေ

*ငါ့သမီးလေးကိုဖေဖေသိတ်ချစ်တာ.သိတယ်နော်*

*


သိပါတယ်ဖေဖေရယ်...


ဖေဖေ..အကောင်းဆုံး..ဆုံးဖြတ်ပြီးပြီ...ဖေဖေ့ကိုခွင့်လွှတ်နော်..


ဟုတ်ကဲ့ပါဖေဖေ


ခနအကြာမှာတော့...အခန်းထဲကသေနတ်သံတချက်ကြားရတယ်...


အိမ်ကလူတြွေ..ပးအဝင်...ခေါင်းတည့်တည့်ကိုပစ်ခံထားရတဲ့ခင်ကျောမင်းလေးကိုပွေ့ထားရက်က...သူ့ခေါင်းသူချိန်ထားတဲ့ဦးထွန်းမင်းကိုတွေ့လိုက်ရပြီး...*ဒိုင်း*နောက်တချက်...

##############

အိမ်ကလူတွေ.အချိန်မှီတားလိုက်နိုင်ပေမဲ့..သူ့ဦးခေါင်းကိုရှပ်ထိတဲ့ဒဏ်ရာရယ်...သူ.သိတ်ချစ်တဲ့သမီးလေး..သူ့လက်နဲ့အဆုံးသတ်ပေးလိုက်ရတဲ့ဖြစ် ရပ်ဆိုးကြောင့်..သူကစိတ်ပုံမှန်မဖြစ်တော့ပဲ...အခုလို..သူ့သမီးလေးနေခဲ့တဲ့ကျောင်းမှာလာလာပြီးစောင့်ကြည့်နေတော့တာ....သူ့စိတ်ထဲ..သူ့သမီးလေးကျောင်းတက်နေတယ်ထင်တုန်း


#######$$$$(ဖွားလေး)

ဒီဂထ္ထုတိုလေးကို..ကျမငယ်စဉ်ဆယ်ကျော်သက်အရွယ်က..ကျမဖေဖေကပြောခဲ့တာပါ..အဓိကက..သူငယ်ချင်းတွေကို..ချစ်သူနဲ့ချိန်းချိန်း..အဖော်အဖြစ်မလိုက်ဖို့ဆုံးမတါပါ....သူငယ်ချင်းမတွေမှာမောင်ဘွားတွေရှိရင်တောင်..အလည်မသွားရပါဘူး...နောက်တော့..တိုင်းရင်းမေ/ယုဝတီ..မဂ္ဂဇင်းမှာ..ကျမဖတ်မိလိုက်ပါတယ်....ကျမတသက်လုံး..မှတ်မိနေတာလေးပါ...ကျောရိုးတခုလုံးမှီငြမ်းထားပါသည်ပေါ့.).


Credit....Dawnwenioo


Comments

Popular posts from this blog

ချောတယ်လို့