မေတ္တာရှင်

=========


မိန်းမနှစ်ယောက်လမ်းပေါ်မှာ

ရန်ဖြစ်ပြီးသတ်ပုတ်နေကြတယ်..


ဘေးမှာ အမျိုးသားတစ်ဦးက

ငေးကြည့်နေပါတယ်..


အဲ့ဒီမြင်ကွင်းကိုလမ်းလျှောက်လာ

ရင်းမြင်မိတဲ့ လူတစ်ဦးက ချက်ချင်း

ပြေးလာရင်းဘေးက ငုတ်တုပ်ကြည့်

နေတဲ့လူကိုအော်ပြောလိုက်တယ်..


"ဟေ့လူ..ဘာလုပ်နေတာလဲ..

လမ်းမကြီးပေါ်မှာ ဒီလောက်

ဖြစ်နေတာ..ဝင်ဆွဲဖျန်ဖြေပါလား..

တယ်ခက်တာပဲ.."


ဟိုလူကပြန်ဖြေတယ်..


"ဘယ်ဆွဲလို့ကောင်းမှာလဲဗျ..

ရန်ဖြစ်နေတာကျွန်တော့်မိန်းမဗျ.."


‌စေတနာရှင်ဟိုလူက ‌ဒေါသတကြီး

နဲ့အော်ပြန်တယ်..


"ခင်များဗျာ..တယ်ခက်တဲ့လူပဲ..

သာတယ်နာတယ်တွေးမနေနဲ့..

ဒါဆိုလည်း ခင်များတစ်ယောက်|

ကျွန်တော်တစ်ယောက် ဝင်ဆွဲပြီး..

ဖျန်ဖြေရအောင်..ရွေးမနေနဲ့ဗျ.."


သူ့စကားကြားတော့အဲ့ဒီလူက 

ပုခုံးတွန့်ရင်းတီးတိုးပြန်ပြောတယ်..


"ဟာ..အဲ့ဒီလိုလည်းမဖြစ်သေးဘူး..

ဟိုဒင်းတစ်ယောက်ကလည်း..

ကျွန်တော့်မိန်းမပဲဗျ..ဒုက္ခပါပဲဗျာ.."

Crf


***(မူရင်း ..နိုင်ငံခြားဟာသ)

Comments

Popular posts from this blog

ချောတယ်လို့