**အစကပြောသားနဲ့ **
နိုင်ငံခြားနေတဲ့ ငါ့သူငယ်ချင်းတွေ အဲလိုဖြစ်ဘူးလား
😆😆😆
ကျနော်နဲ့ ကျနော့်မိန်းမ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို
အလည် ရောက်ခဲ့စဉ်ကပေ့ါ။ တည်းခိုတဲ့ နေရာက
ပဲရစ်မြို့ရဲ့ နာမည်ကျော် "ချစ်သူလမ်းကြား" အနီးက
ဟိုတယ်တစ်ခုမှာလေ။
ညနေစောင်းလဲရောက်ရော
ကျနော့်ဇာတိက ပြလာတယ်၊
အဲဒီ "ချစ်သူလမ်းကြား" ထဲကို
သွားကြည့်ချင်တာလေ။ ဝါသနာ ပါတာကိုး။
ဒါနဲ့ မိန်းမကို လှည့်ပတ်ပြောခဲ့ပြီး
သူ့ကို ဟိုတယ်အခန်းမှာ ခဏ ထားခဲ့လိုက်တယ်၊
ပြီးတာနဲ့ ချစ်သူလမ်းကြား တလျှောက်
အစုံအဆန် လိုက်ကြည့်မိတယ် ... ...
အားပါးပါး ... မိန်းမလှလေးတွေဗျာ၊
ပလက်ဖောင်းပေါ်မှာ၊ တိုက်နံရံဘေးမှာ၊
လှေခါးအဆင်းနေရာလေးတွေမှာ ...
ပေါမှပေါ ချောမှချော။
အသားလေးတွေများ ဝင်းစိုအိဖတ်နေလိုက်တာ ...
ခြေသလုံးလေးတွေဆိုရင်
ပြေးပြေး ဟပ် လိုက်ချင်တယ် ... တကယ်။
မနေနိုင်တာနဲ့ ကောင်မလေး တစ်ယောက်ကို
ကပ်ပြီး မေးကြည့်လိုက်တယ် ...
"မိန်းကလေး ... ဘယ်စျေးလဲကွ"
"ရိုးရိုးဆိုရင် ဒေါ်လာ ၂၀၀၊ အစုံဆိုရင် ဒေါ်လာ ၂၅၀"
"ဟင် ... အဲလောက်တောင် စျေးကြီးတာလား၊
ငါက ၂၅ ဒေါ်လာလောက်ဘဲ ထင်နေတာ"
"အဲဒါဆိုရင်တော့ ... ရှင် ဟိုဘက်
တစ်လမ်းကျော်ကိုသွား၊
အဲဒီမှာ ၂၅ ဒေါ်လာတန်တွေရှိတယ်၊
ဒါပေမဲ့ စုတ်ပြတ်နေတာတွေဘဲ ရမှာနော်"
"အော် ... အေးပါကွာ၊ မသွားတော့ပါဘူး၊
ပြန်တော့မယ်"
"ကြွ ... ကြွ" 😉 😉
ဟူး ... မလွယ်ဘူး၊ သွားပြီး စပ်စုမိတာ
အကောခံလိုက်ရတာပဲ အဖတ်တင်တယ်။
အခန်းပြန်မှ။ ဒါနဲ့ ဟိုတယ်ကိုပြန်၊ ရေမိုးချိုး၊
မိန်းမကို လက်ဆွဲပြီး နှစ်ယောက်သား
ညစာစားဖို့ လမ်းမအတိုင်း ဆိုင် လိုက်ရှာနေတုံး ...
ကံများ ဆိုးချင်တော့ ခုနက မိန်းကလေးနဲ့
မျက်နှာချင်းဆိုင် တိုးပါလေရောဗျာ။ 😮 😮
သူကလည်း မှတ်မိတယ်၊
မှတ်မိတာထက် ပို ဆိုးတာက
သူ ပြောလိုက်တဲ့ စကားဗျ ... ...
.
.
"အော် ... ခုတော့ ၂၅ ဒေါ်လာတန်ကြီး
မ, လာတယ်ပေ့ါလေ၊
ကျမ မပြောဘူးလား၊ စုတ်ပြတ်နေတာပါလို့" 😛
🤣
🤣
မူရင်းပိုင်ရှင်အား
credit ပေးပါသည်
UAW
😁😁
Comments
Post a Comment