သူတော်စင် တစ်ပါးကို 

မတရားသော မင်းတစ်ပါးက 

မီးပုံထဲပစ်ချထားချိန်တွင် 

ခိုတစ်ကောင်က ပါးစပ်ထဲရေငုံပြီး 

မီးပုံထဲအခါခါ လာလာ သွန်ချနေလေသည်..။


ထိုအခါ နံဘေးမှ ရပ်ကြည့်နေသောလူတို့က 

၎င်းခိုသတ္တဝါအား  

" အသင်၏ ဤမျှလောက်သော ရေဖြင့် 

မီးငြိမ်းသွားမည် ထင်ပါသလား " ဟု 

မေးကြရာ..


ခိုသတ္တဝါမှ.. " အိုလူသားတို့ ..

ကျွန်ုပ်ပါးစပ်အတွင်းရှိ ငုံထားသော ရေသည်

ဤမျှကြီးမားသောမီးအား မငြိမ်းသတ်နိုင်သည်ကို 

ကောင်းစွာ သိရှိပါသည်။ 


သို့သော် ဘုရားရှင် 

အရှေ့မှောက်ရောက်သည့်အခါ၊

ကျွန်ုပ်သည်မီးရှို့သူဘက်က မရပ်တည်ပါ။


ထို့အပြင် မတရားမှု ကို 

လက်ပိုက်ကြည့်နေသော

လူတန်းစား စာရင်းထဲလည်းမပါချင်ပါ ။


မတရားမှု ကို လက် မခံသော၊ 

မီးငြိမ်းပေးသူစာရင်းတွင်သာ

 ပါဝင်လိုသည့်အတွက် မိမိ တတ်နိုင်သမျှ ဖြင့်

မီးငြှိမ်းပေးနေခြင်းပဲ ဖြစ်သည် " ဟုပြောလေသည်။


မတရားတာကိုသိသိကြီးနဲ့ မမြင်ချင်ဟန်ဆောင်ပြီး

မဆိုင်သလိုနေနေတဲ့အထဲ ငါ ပါနေလားလို့ 

ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။


အာဏာရှင် တကယ်မကြိုက်တာလား ဒါမှမဟုတ်

အာဏာရှင် စိတ်ကွက်မှာကြောက်လို့ တကယ်မကြိုက်ကြောင်း စိတ်ထဲကတောင်မပြောရဲတဲ့အထဲ ငါပါနေလား ကိုယ့်ကိုယ်ပြန်မေးပါ။


ကိုယ့်ကိုယ်ကိုယ်မေးရင် လိမ်လို့မရဘူးနော်။

“ကိုယ့်ရွေးချယ်မှုက ကိုယ့်သမိုင်းပဲ”


လူလိုသိတတ်တဲ့အထဲတော့ ပါအောင်လုပ်ကြအုံး။


နောင်လာနောက်သား ကလေးသူငယ်တွေက တနေ့နေ့တချိန်ချိန်မှာ “ဖေဖေမေမေ တို့က အဲ့ဒီတုန်းက ဘယ်လိုပါဝင်ခဲ့တာလဲ “ လို့မေးတဲ့အခါ ခွေးအ ကြီးလှည်းနင်းထားသလိုဖြစ်နေမှာမျိုးအဖြစ်ခံမှာလား။

Crd

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့