ကျေးဇူးပါ မိန်းမရယ်။။။။။။။။။
ကျနော်တို့ မြို့နယ်မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပွဲကျင်းပတော့
အပြေးပြိုင်ပွဲမှာလဲကျနော်က ပထမ
ချောတိုင်တက်တော့လဲ
သူများတွေလို အဖွဲ့နဲ့ တက်စရာ မလိုဘူး တယောက်ထဲ အမြန်တက် ချက်ချင်းအလံယူ အောက်ပြန်ဆင်းတာပေါ့
အဲ့တော့ လူတွေက စိတ်ဝင်စားပြီလေ
ဒီကြားထဲ ဂျောင်ကြို ဂျောင်ကြားထဲက ထွက်လာတဲ့ သတင်းထောက်က-
"အစ်ကို မင်္ဂလာပါ"
"ဟုတ် မင်္ဂလာပါဗျ"
"အစ်ကိုအရမ်းတော်တာပဲဗျ ဂုဏ်ပြုပါတယ်"
"ဟုတ် ကျေးဇူးပါဗျ"
"အစ်ကိုက အပြေးပြိုင်ပွဲမှာလဲ ပထမ ရတယ် ချောတိုင်တက်တော့လဲ တယောက်ထဲ ပြေးတက်ပြီး တံခွန်စိုက် အလံရတယ်နော်"
"ဟုတ်ပါတယ်"
"အဲ့လိုကျွမ်းကျအောင် ဘယ်လိုများ လေ့ကျင့်ခဲ့လဲ သိပါရစေ"
"ဒါက ကျနော့် အမျိုးသမီးကြောင့်ပါ"
"အစ်ကို့အမျိုးသမီးက အားကစား နည်းပြမို့ အခုလို လေ့ကျင့် ပေးနိုင်တာလားဗျ"
"မဟုတ်ပါဘူး သူက ကျနော် တစ်ခုခု မဟုတ်တာလုပ်တာနဲ့ တံမျက်စည်းနဲ့ လိုက်ရိုက်တယ် ကျနော် ပြေးရတာပေါ့
ပြေးလို့ မလွတ်နိုင် ခြံထဲက ကွမ်းသီးပင်ပေါ် တက်ပြေးတယ်လေ
အဲ့ဒါကြောင့် အပြေးရော တိုင်ဖက်တက်တာရော ကျွမ်းနေတာပေါ့ဗျ"
Crd
"တိန်"
Comments
Post a Comment