ညီလေး ကားထဲကို 95 ထည့်ပေးပါ၊
"95 ကုန်နေတယ် အစ်ကို"
ဒါဖြင့်လည်း 92 ပဲ ထည့်
"92 လည်း ပြတ်နေတယ် ခင်ဗျ"
ဟာ ဒုက္ခပါပဲ အဲဒါဆို မီးစက်နှိုးဖို့
ပုံးထဲကို ဒီဇယ်ထည့်ပေးလိုက်၊
"ဒီဇယ်လည်း မရှိဘူး ခင်ဗျ"
ရိုးရိုးဒီဇယ် မရှိရင် ပရီမီယံဒီဇယ်ပဲ ယူလိုက်မယ်
"ပရီမီယံလည်း မရှိဘူး အကို"
"မင်းတို့ဟာကလည်းကွာ ဘာဆီမှ မရှိဘဲ ဆီဆိုင်ဖွင့်နေသေးတယ်၊
သွား မန်နေဂျာသွားခေါ်လိုက်။
ဆီဆိုင်ကို သော့သာခတ်ပြီး ပိတ်ထားလိုက်လို့ ပြောမလို့'
"ဟုတ်အကို ကျတော်တို့မန်နေဂျာလည်းမရှိပါဘူး။ ဆိုင်ပိတ်မလို့ သော့ခလောက်သွားဝယ်တာ လမ်းမှာ ဆီပြတ်ပြီး ပြန်မရောက်သေးလို့ပါ"😮
"ငင့်"
Crd
Comments
Post a Comment