မောင်ထူးတစ်ယောက် နယ်က
လယ်သူဌေးကြီးအိမ်မှာ လက်တိုလက်တောင်း အလုပ်လေး ရထားတယ်...
တနေ့ သူ့သူဌေးအိမ်ကို တခြားသူဌေးတစ်ယောက်
လာလည်တယ်....
''မောင်ထူးရေ...ဧည့်သည်အတွက် ကိတ်မုန့်လေးယူလာပေးပါ'' သူ့သူဌေးက ခိုင်းတယ်..
မောင်ထူး ကိတ်မုန့်ယူပြီး ဗန်းထဲထည့်လို့ ချပေးလိုက်တယ်...
ဧည့်သည်ပြန်သွားတော့ သူဌေးကြီးက
ခေါ်ပြောတယ်...
''မင်းက အသစ်ဆိုတော့ သင်ပေးရတာပေါ့..
နောက်ဆို ဧည့်သည်လာလို့ ငါက
ဘာပဲယူခိုင်းယူခိုင်း ရန်ကုန်ကဟာလား...
မန္တလေးကဟာလား..မော်လမြိုင်ကဟာလား...ဘယ်တစ်ခုကို ယူပေးရမလဲလို့မေး.....သိပြီလား..ဒါမှ ငါဘယ်လောက် ချမ်းသာလဲ သူတို့ ခန့်မှန်းမိမှာ''
''ဟုတ်ကဲ့...မှတ်ထားပါ့မယ်'' မောင်ထူးပြန်ဖြေတယ်..
သိပ်မကြာဖူး...သူဌေးကြီးရဲ့မိတ်ဆွေ တစ်ယောက်
အိမ်လာလည်တယ်.... သူက ရောက်တာနဲ့ ဧည့်ခန်းထဲက ကျားရေခွံကြီးကို သဘောတွေကျပြီး သေချာလေ့လာနေတယ်...
''ဒါ ဝယ်ထားတာလား...ကိုယ်တိုင်ပစ်ထားတာလားဗျ'' ဧည့်သည်က မေးတယ်...
''ကျနော့ အဖေကိုယ်တိုင် ရိုးမထဲက ပစ်ပြီးရလာတာဗျ''
'ခင်ဗျားအဖေက ကျနော်နဲ့ အမဲလိုက်ဖူးတဲ့လူတစ်ယောက်များ ဖြစ်နေမလားမသိဖူး...သူ့ဓာတ်ပုံရှိရင်
ခနလောက်ပြပါလားဗျ''
သူဌေးကြီးက ဘေးမှာရပ်နေတဲ့ မောင်ထူးကို
လှမ်းပြောလိုက်တယ်..
''မောင်ထူး...ငါ့အိပ်ခန်းခေါင်းရင်းက ချိတ်ထားတဲ့
အဖေ့ပုံလေး သွားယူလိုက်စမ်း''...
မောင်ထူးပြန်မေးတယ်...
''ရန်ကုန်က အဖေလား...မန္တလေးက အဖေလား..
မော်လမြိုင်က အဖေလား... ဘယ်တစ်ယောက်ပုံ ယူပေးရမလဲ သူဌေး''
Crd
(Ref: England or London)
Comments
Post a Comment