ယူလေ ယူလေ
========
ရှေးတုန်းက ရွာတစ်ရွာမှာ ဘုန်းကြီးတူမ
အပျိုကြီးတစ်ယောက်ရှိတယ်...။
အသက်ကလည်း လေးဆယ်ကျော်ပြီ..
သူ့ရွာမှာ ကြိုက်မယ့်သူလည်း
တစ်ယောက်မှ
မရှိတဲ့အပျို ကြီးဟာ ဖြစ်များဖြစ်ချင်တော့
တခြားတစ်ရွာသား မောင်ထင်ဆိုသူနဲ့သွား
ချစ်ကျွမ်းဝင်မိပါသတဲ့...။
ယောက်ျားယူချ င်တာ ဆတ်ဆတ်တက်ဖြစ်နေတဲ့
အပျို ကြီးဟာ ရွာပေါ်မှာ အမျိုးဆိုလို့
တစ်ယောက်ထဲရှိတဲ့ ဘဘုန်းကိုတော့
အသိပေး တိုင်ပင်ခဲ့ပါတယ်...။
ဦးရီးတော်မို့ တိုင်ပင်တာပါဘုရား..
ဟိုရွာကမောင်ထင်နဲ့တပည့်တော်မ
ယူသင့် မယူသင့် အကြံဉာဏ်လေးများ
တဆိတ်လောက် ပေးတော်မူပါအုံးဘုရား..." ဆိုတော့...
ဘုန်းဘုရားဟာ..တူမအရင်းမို့သာ
မပြောသာပေမယ့်စိတ်ထဲကတော့
လောကုတ္တရာသားတစ်ယောက်ကို...
နင်တို့ လောကီရေးရာအမှု တွေ
လာရှုပ်ရကောင်းလားလို့ ညိုညင်မိပါသေးတယ်...
ဒါပေမယ့် ကိုယ့်ကို...တိုးတိုးဖော်..တိုးတိုးဖက်
လုပ်လာတော့လည်း ဥပေက္ခာမလုပ်
ကောင်းပါဘူးလေ..ဆိုပြီးတော့...
နင်တို့ အရေးကိစ္စ..အထွေထူး
နှုတ်နဲ့မပြောလိုပေဘူး..
ဒီမှာ ..ငါ ကြေးစည်ထုပြမယ်..
ငါ့ ကြေးစည်သံကို..နင့်ဟာ
နင် အဓိပ္ပါယ် ဖော်ယူချေ .. " လို့..
ပြောကာ ဘုရားစင်နားက ကြေးစည်ကို
ယူပြီး ထုလိုက်ပါတော့တယ်...။
ကြေးစည်သံက..." ဒူဝေ...ဒူဝေ..." လို့
မြည်လာတော့...
တူမဖြစ်သူ အပျို ကြီးဟာ...
အော်...ဘဘုန်းက နှု တ်နဲ့ ပြောမထွက်လို့
ကြေးစည်ထုပြီး အချက်ပြတာပဲလေ...
ကြေးစည်သံက ဒူဝေ..ဒူဝေ...ဆိုတော့...
ငါ့ကို..ယူလေ...ယူလေ...လို့ ပြောချင်တာပဲ..
ဖြစ်မယ်..."
ဆိုပြီး အဓိပ္ပါယ် ကောက်ကာ တစ်ရွာသား
မောင်ထင်ကိုယူလိုက်ပါတော့တယ်...။
ဒီလိုနဲ့...
အပျို ကြီးနဲ့ မောင်ထင်တို့
ပေါင်းဖက်လာလိုက်ကြတာ..
လ အတန်ငယ်ကြာတော့...
မောင်ထင်ဟာ အသောက်အစား
လောင်းကစားနဲ့ အပျော်အပါးမက်တဲ့
အပေအတေတစ်ယောက်မှန်းသိလာရတော့...
ဘဘုန်းထံ ပြန်လာပြီး..
ကိုယ့် တူဝရီးချင်းမို့ အားကိုးလို့
လာတိုင်ပင်မိပါတယ်ဘုရား..
ခုတော့ ကောင်းသေးရဲ့လား " ဆိုပြီး..
ဘဘုန်းကိုဘလိုင်းကြီး ရန်လာတွေ့တော့...
ဘဘုန်းက...
ဟဲ့..ဘာတွေဖြစ်လာလို့တုန်း..
ဘယ့်နဲ့ ငါ့ကို အသလွတ်
ရန်လာတွေ့နေရတာလဲ " ပြန်ပြောတဲ့အခါ..
အပျို ကြီးက..
အသလွတ်တော့ ရန်လာတွေ့ပါ့မလား...
အရှင်ဘုရား..
ယူလေ..ယူလေ...ဆိုလို့ ယူလိုက်ရတဲ့
မောင်ထင်ကအခု အရက်သမား..
ဖဲသမား..ကြက်သမား..မယားငယ်ထား..
ဖြစ်နေလို့ လာရန်တွေ့ ရတာပေါ့..." လို့
ပြောပါတယ်...။
သည်တော့မှ ဘဘုန်းက...
ဟဲ့..နင့်ကို ယူလေ..ယူလေ..လို့
တစ်ခါမှလဲ ငါမပြောခဲ့ရပါလား...
အဲ့ဒီတုန်းက နင်လာတိုင်ပင်လို့..
ငါ ကြေးစည်ထုပြခဲ့တာကို..
နင်က ဘယ်လို အဓိပ္ပါယ်ကောက်လို့လဲ.."
ကြေကးစည်သံက( ဒူဝေ..ဒူဝေ )ဆိုတော့..
တပည့်တော်က
ယူလေ..ယူလေ..လို့
အဓိပ္ပါယ်ကောက်ခဲ့တာပေါ့ ဘုရာ့ "
တူမ အပျို တပတ်နွမ်းကြီးရဲ့စကားကြောင့်
ဘဘုန်းဟာသူ့နဖူး သူရိုက်ရင်း
ပြန်ပြောလိုက်တာကတော့...
သေလိုက်ပါတော့ဟယ်...
နင့်ဟာနင် လင်တရူးပြီးတော့
ကောက်ချင်သလိုကောက်တာ..
ငါ့ကြေးစည်သံရဲ့
ဆိုလိုရင်းအမှန်က...
လူပေ လူတေ..လို့ ဆိုလိုချင်တာဟဲ့.."
ဟူ၍...ဖြစ်ပါသတဲ့...။ 😆
Credit to original writer.
ရယ်စေသော်
😂😂😂
ReplyDeleteမသိဘူး ယူလေပဲ့ ကြားတယ်😁🤣
ReplyDeleteမပြုံးပဲ ဝါးလုံးကွဲပြီ
ReplyDeletetake care brothers
ReplyDelete🤣🤣🤣
ReplyDelete