. နောက်ဆုံး ဆေးလုံး
______________
တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။
ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကိုသွားပင့်ကြလေသည်။
မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာကာ ရွာထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ် အားပေးကြလေသည်။
ဆရာကြီးက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “လို့တောင်းပြီး ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။
သို့သော် စုန်းမကြီးက မဖြုံ။
ဘာမှမဖြစ်သည့်အပြင် တဟီးဟီး တောင်ရီနေသေးသည်။
ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်းဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။
သို့သော် အချည်း အနှီး ပင်။
ဆရာကြီး၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလြေ
ပီ။
ဆရာကြီးမှ တဖန်ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။
ပြီးနောက် ထိုဆေးလုံးဖြင့်ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။
ဆရာစုတ်နင့် ပညာကုန်ပြီလားဟုတောင်မေးနေသေးသည်။
တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။
ဆရာကြီးက မကြောက်ရန်ပြောပြီး
“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့
မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။
ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့ သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ကြည်ညိုလေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ကြသည်။
အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံးကွ" ဟူ၏.....
Crd
Credit- Or-uploader
#Kokolin
မအလကိုအဲလိုလုပ်ချင်တာ
ReplyDeleteIt's funny!
ReplyDeleteNo ads so far.
😅😆😆
ReplyDelete