#သေးသေးတင်မခံသောယောကျ်ားနှင့်၊
#လုံးကြီးတင်ဆံခတ်တတ်သောမိန်းမ
=======================
"ငါစဥ်းစားနေတာမိန်းမရ"
"အွန်...အရင်းမရှိအဖျားမရှိ၊
ရှင်က ဘာကိုစဥ်းစားတာလဲ"
"သြော်...ငါတို့ယောကျ်ားတွေသာ မရှိရင်
မင်းတို့မိန်းမတွေ အလှပြင်မယ်မထင်ဘူး"
"အိုတော်...ရှငိတို့ယောကျ်ားတွေရော ဘာထူးလဲ၊
ကျုပ်တို့မိနိးမတွေသာမရှိရင်
ဘောင်မရှိတဲ့ တောင်းလို ပရမ်းပတာ ဖြစ်နေမှာပေါ့"
ကိုတင်မောင်က မျက်ထောင့်နီကြီးနဲ့ ပြန်ကြည့်ပြီး
တိတ်ဆိတ်သွားတယ်။
ဒီလိုပဲဗျ....သူစကားနိုင်လု လို့မရရင် ခုလိုပဲ လုပ်နေကြလေ။
ဟိုတစ်ရက်ကလဲ ကြည့်။
"ယောကျ်ားရေ...မီးလုံးကျွမ်းသွားလို့ ၊
အဲ့ဒါ အသစ်ပြန်လဲပေးပါအုံး"
"အေး..အဲ့ဒါပဲ၊ အိမ်မှာတစ်ခုခုဆို
ဒီယောကျ်ားပဲ တ,နေရတာမို့လား၊
မင်းတို့မိန်းမတွေ အိမ်ထောင်ဦးစီး သာမရှိရင် ခက်မယ်"
သူပြောချင်ရာပြောပြီး အနိုင်ရသူတယောက်လို ပြုံးနေတတ်သေးတာဗျ။
ရွှေဂျူး လည်း ဘာမှပြန်မပြောချင်တာနဲ့ ခတ်မဆိတ်နေလိုက်တယ်။
ဒါပေမယ့် ဝဋ်ဆိုတာ နောင်ဘဝမကူးဘူးလေ။ ညရောက်တော့....
"မိန်းမရေ..ငါမနက် အလုပ်သွားဖို့
ပုဆိုးတွေ မီးပူတိုက်ပေးပါအုံး"
"ဟွင်းဟွင်း... ဒါပဲလေ...ကျုပ်ပြောသလိုပဲ၊
ရှင်တို့ အိမ်ထောင်ဦးစီး တွေလည်း နောက်က ပံ့ပို့မယ့်မိန်းမသာမရှိရင်...ခက်ရချေသေးရဲ့"
စကားကိုအနိုင်နဲ့ပိုင်းပြီး သူ့ဝေယျာဝစ္စတွေ အကုန်လုပ်ပေးနေလိုက်တယ်။ ဝတ္တရားကိုးဗျ။
ဒါကိုသကောင့်သားက မကျေနပ်ဘူးထင်တယ်။
နောက်ရက်ကျ ရှက်ကီလေးတမြမြနဲ့ အပြင်က ပြန်လာတယ်။
ဒီအတိုင်းဆို ကိုယ့်ကို မော် မကြည့်ရဲဘူးလေ😁
(သူ့ထက် ပုတာကိုး)။
"ဟဲ့...ကောင်မ"
"အောင်မာ...ကျုပ်ကို ဘယ်လိုခေါ်လိုက်တယ် "
"ကောင်မလို့ ခေါ်တာလေ၊ ဘာဖြစ်တုန်း၊
မိန်းမဆိုတာ... လင့်လုပ်စာထိုင်စားနေတာ၊
အခန့်သား နေနေတာ...ချော့နေစရာအကြောင်းမရှိဘူး"
"သြော်.ရှင်က ကျုပ်ကိုရန်စတာလား'
"ထင်ချင်သလိုထင်ကွာ"
အချိန်က ညကိုးနာရီလောက်။
ပတ်ဝန်းကျင် တစ်ခုလုံးလည်း တိတ်ဆိတ်လို့။
မူးနေသူနဲ့ ဖက်ဖြစ်ရင် ကိုယ်ပဲအရှက်ရစရာမို့လား။
ဒါနဲ့ ဘာမှခံမပြောပဲ ငြိမ်နေလိုက်တယ်
"ငါရေချိုးမလို့....သဘက်တထည်အဆင်သင့်ထုတ်ထား"
"ချိုးလေ...ထုတ်ထားပေးမယ် "
"ပြီးရင် ထမင်းစားမယ်၊
ခူးထားပေး...ဟင်းတွေ အေးနေရင် ပြန်နွေးထား"
"မီးပျက်နေတယ်လေတော်"
"ငါ့ကို ဆင်ခြေမပေးနဲ့..ဂက်စ်နဲ့ နွေးပေါ့"
"အင်းပါ.."
ကြောက်တယ်မဟုတ်ပေမယ့် စကားနည်းရန်စဲ အကုန်လုပ်ပေးနေတာကို ရောင့်တက်လာတယ်။
"ဒီမယ်....ငါတို့ယောကျ်ားတွေကလေ၊
ငွေသာရှာနိုင်ရင် ဘုရားတဆူပဲကွ...
အခြွေအရံဆိုတာ ခြွေနိုင်မှ ရံတာ
ဟော...ငွေသာပေးကြည့်...မင်းမှမဟုတ်ဘူး၊
တခြားမိန်းမတွေပါ ဝိုင်းနေမှာ အသေအချာပဲ"
". ........"
"အိမ်က မိန်းမဆိုတာလည်း အိမ်ဖော်သာသာပါကွာ၊
ငွေသာပေးနိုင်ရင် ပြုံးလို့၊
မပေးနိုင်ကြည့်ပါ့လား..ခုလိုတွေ မငြိုမငြင်လုပ်ပေးနေမယ်ထင်သလား"
သွားပြီ။ သီးခံနိုင်ရည်က ကုန်ပြီ။
ဒါနဲ့ လက်ထဲက ခူးလက်စ ထမင်းပန်းကန်ကို ဆောင့်ခနဲ
စားပွဲခုံပေါ်ချလိုက်ပြီး...
"သြော်...ရှင်က ရေလျှံမှ ခြွေရံမယ်လို့ထင်တယ်ပေါ့"
"ဟုတ်တယ်လေ.."
"ငွေပေးရင်...အရာရာကြေအေးမယ်ထင်တယ်ပေါ့"
"ဒါပေါ့"
"အိုကေ...ကောင်းပြီ၊ ရှင်ကျုပ်ကို အိမ်စရိတ်မပေးနိုင်တာ
ဘယ်လောက်ကြာပြီလဲ"
"အဲ....ဟို"
"ဟိုဟိုဒီဒီ လုပ်မနေနဲ့...ရှင်တို့ယောကျ်ားတွေရဲ့အချစ်တွေက
မြက်လိုပဲ...ကျရာအရပ်မှာ အလေ့ကျပေါက်နေတာဆိုတော့
ကျုပ်တို့မိန်းမတွေရဲ့ အချစ်ကလည်း ပိတောက်ပန်းလိုပဲရှင့် "
"အမ်...ဘာလို့လဲ ပိတောက်က"
"ရေသာပုံမှန်လောင်းရင် တန်ခူးလ မစောင့်ဘူး၊12လ လုံးပွင့်တယ်"
"ဘာ"
တချိန်လုံးစကားနာထိုးနေတဲ့ ကိုတင်မောင်ဟာ
တရှူးရှူးဒေါသထွက်ရင်း ဘေးက ခုံကိုကြုံးကန်လိုက်တယ်။
ကြည့်ရတာ အမူးပါပြေသွားတယ်ထင့်။
ခဏကြာတော့....
"ကောင်းပြီလေ...နေပါ...နေပါ၊
မင်းကို ရေပုံမှန်လောင်းတဲ့သူတွေက ရှိနေလို့ပေါ့လေ၊
ရတယ်...ငါဆင်းမယ်၊ ငါဆင်းမယ်"
သူကသာ ဆင်းမယ်ပြောနေတာ။ တားသူကမရှိတော့
ကြောင်တောင်တောင်နဲ့ ဆင်းသွားပါရော။
ည(12:00)လောက်ကျ မက်ဆေ့ဝင်လာတယ်။
"ငါဘယ်တော့မှ ပြန်မလာဘူး၊
မင်းအဆင်ပြေသလိုနေပါ၊ ငါဘဝသစ်မှာပျော်နေပြီ" တဲ့။
". ......."
"မင်းက ငါ့ကိုအထင်မကြီးတဲ့ မိန်းမပဲ၊
အဲ့တော့ ငါမရှိလဲ ပျော်နေမှာပါ"
". ....."
မက်ဆေ့တွေ ဆက်တိုက်ပို့နေပေမယ့် ရွှေဂျူး ဆီက ပြန်စာမလာတော့...နောက်တကြိမ် ထပ်ပို့ပြန်တယ်။
"ခုတော့..မင်းက စာတောင်ပြန်မပို့တော့ပါ့လား၊
ငါမရှိတာ ပျော်နေပုံပဲ"
". .........."
"မင်း...မအိပ်သေးဘူးဆိုတာ ငါသိတယ်နော်၊
မင်းဘဝကို သေချာစဥ်းစား၊ ငါ့ကိုခွဲနိုင်ရဲ့လား"
". ........."
တစ်စောင်မှ ပြန်စာမလာတော့ ကိုတင်မောင် တင်းပြီလေ။
"ဟာ...မိန်းမ၊ စာပြန်ပို့လေကွာ...
ငါတို့ယောကျ်ားဆိုတာ လှေကားသုံးထစ်ဆင်းရင်
လူပျိုပြန်ဖြစ်တယ်ကွ"
"ဟုတ်လား...ဒါကအရင်ခေတ်ကပါရှင်...
ရှင်တို့က လှေကားသုံးထစ်ဆင်းမှ လူပျိုပြန်ဖြစ်တာ၊
ကျုပ်က လက်ဖျောက်လေးတစ်ချက်တီးလိုက်ရုံပဲ
ရှငိ့ခေါင်းအုံးကို အုံးချင်သူတွေမှ တပုံကြီးရှင့်"
"ဘာ"
နာရီဝက် လောက်ကြာတော့ အိမ်တံခါးကို တဒုန်းဒုန်း ထုပြီး ကိုတင်မောင်ပြန်ရောက်လာတယ်။
အလျှော့မပေးတတ်တဲ့အကျင့်အတိုင်း မျက်နှာကတော့ စူပုတ်ပုတ်ပေါ့။ ရွှေဂျူး က မေးလိုက်တယ်။
"ရှင်ပြောတော့ လှေကားသုံးထစ်ဆင်းရင်
လူပျိုပြန်ဖြစ်တယ်ဆို၊ ဘယ်တော့မှ ပြန်မလာဘူးဆို"
"ဟုတ်တယ်...ခုကလည်း မင်းကို လွမ်းလို့ပြန်လာတာမထင်နဲ့"
"ဒါဆိုဘာလို့လဲ"
"ငါ့ခေါင်းအုံး ငါ စိတ်မချလို့" တဲ့လေ။
😂😂😂😂😂😂😂😂
Crd
#Shwejue
🤡🤡🤡
ReplyDelete