"ငအွပ်တ်"


ဘာလဲ

ဟိုဘက်လမ်းမှာ လက်ဖက်ရည်ဆိုင်

အသစ်ဖွင့်တယ်တဲ့.....

စားပွဲထိုးတွေ စကားပြောတာမိုက်မှမိုက်ပဲ....


ဟုတ်လား.... သွားကြည့်အုံးမှပဲ။


မျက်နှာသစ်ပြီးတာနဲ့ အသစ်ဖွင့်ထားတဲ့ဆိုင်ကို

လစ်ထွက်ခဲ့တာပေါ့။

.

.

.

ဆိုင်ထဲဝင်ဝင်ချင်း......


!!!နှပ်ရည်ကျရင်ပြောဟေ့!!

သောက်ဖို့စောင့်နေကြပြီ.....


ဖွီ!လာလာချင်းဆောက်နဲ့

ထွင်းတာလားဟ

တော်ပြီ လက်ဖက်ရည်တော့

မသောက်တော့ဘူး.....


အကိုဘာစားမလဲ?

ဘာသောက်မလဲ?


"ဘာရလဲ "


ဟိုမှာကပ်ထားပါတယ်....


ကျနော် ဗွီနိုင်းရေထားတဲ့

ဆိုင်းဘုတ်ကို ကြည့်နေတုန်း

စားပွဲထိုးလေးက


ဆိုင်နာမည် နဲ့ ယနေ့ ဆိုတာကလွဲပြီး

အကုန်ရတယ် အစ်ကို....


ငင့်....!!

မှာရမှာတောင် လန့်လာပြီ ပြောပုံကိုက


အေး...တိုဟူးနွေး တစ်ပွဲပေးကွာ

ခေါက်ဆွဲကို ပျော့ပျော့လေးပြုတ်ပေး.....


နွေးတစ်ပွဲ အဖတ်ပြဲမယ်.....

ငင့်...ခေါက်ဆွဲလေးတောင်ထည့်မပြောဘူး.....။

.

.

.

.

.

ဝုန်း!!!!!


အမေလေးဟ!!!!


တိုဟူးနွေးပန်းကန်ကို သူ့အိမ်မှာ

ထမင်းလားစားလို့ မကြိုက်တဲ့ပုံစံနဲ့

လာချပေးတာဗျ လန့်တောင်လန့်တယ်

ချပေးပြီးတာနဲ့ ခြေထောက်တစ်ဖက်ကို

ပန်ကာလိုလှည့်ပြီး ထွက်သွားတာဗျ...။


ရှပ်စ်...ရှစ်ပ်...ညီလေး...ငရုပ်သီးချပေးအုံး.....


ဟျောင့်...အာလူး ဒီဝိုင်းကို

ဝင်ပူထွက်ပူ ချပေးလိုက်အုံး...။


ဟမျ့.....

သူတို့လုပ်ပုံနဲ့ဆို ဘာမှ မမှာရဲအောင်ပဲ

ငရုပ်သီးတောင် မစားချင်တော့ဘူး.....


တိုဟူးနွေးစားရင်း အီကြာကွေးလေးနဲ့မှ

လိုက်တာဗျ ဒါနဲ့ပဲ ငရုပ်သီးလာချပေးတဲ့

ကောင်လေးကို.....


ညီလေး...အီကြာကွေး တစ်ချောင်းကို

ကပ်ကြေးနဲ့ညှပ်ပေး....။


ဒီဝိုင်းက ဂွေးတစ်ချောင်းကို

ကပ်ကြေးနဲ့ကိုက် ချပေးမယ်ဟေ့....


ဟာ...ဘာလားဟ...။

.

.

.

စားပြီးတာနဲ့ ဆိုင်ထဲရှိတဲ့

ခပ်ငယ်ငယ်ကောင်လေးကို

လက်ယက်ပြီးခေါ်လိုက်တယ်

ကျန်တဲ့လူတွေကိုမှာလိုက်ရင် §တလွဲပဲ

ကြားနေရလို့....


ရှစ်ပ်...ညီလေး


ဘာလိုသေးလဲ....အစ်ကို ဘရားသား

တာကော ဟျောင့် ဒါကြူး


ငှယ် ဒီကောင်က ပိုဆိုးနေပါလားဟ

ခေါ်ပြီးလက်စနဲ့......


နွားနို့တစ်ခွက် ချိုချိုလေး.....


!!!နို့မပြတ်သေးပဲ နို့ကြိုက်တဲ့ အစ်ကိုအတွက် 

နို့ချိုလပြစ်တစ်ခွက်ဟေ့!!!


အန် !!!သေစမ်းဟ သူ့ခေါ်မိမှပဲ ပိုဆိုးနေတယ်

.

.

.

ဟာ...ဟာ...ကုန်ပါပြီဟ....


ကျနော်မှာတဲ့ နွားနို့ကို လာချခိုင်းတဲ့

ကောင်လေးက ငယ်ငယ်လေး......

တုန်တုန်နဲ့ ကျနော့ဝိုင်းမရောက်ခင်

လမ်းမှာတင် အောက်ခံပန်ကန်ပြားထဲ

ဖိတ်တာနဲ့ အပြင်ကိုဖိတ်တာနဲ့ပဲ

ကုန်တော့မှာ.....


!! အင့် ! ရောက်ပြီ...။


ဟင်.....

ကျနော့စားပွဲနားရောက်တော့

နွားနို့က တစ်ဝက်ပဲ ကျန်တော့တယ်ဗျ

နာဂိုကမှ နွားနို့ခွက်က ၂လက်မလောက်ပဲရှိတာ သူလုပ်တာနဲ့ကုန်ပြီ

ကောင်လေးက အရမ်းငယ်တော့

မပြောရက်လို့ မပြောတော့ဘူး

ဒါပေမဲ့ ကျနော် စထိုင်ကတည်းက

ရေနွေးအိုးနဲ့ ရေနွေးခွက်ကို

ချမပေးသေးတော့......


ညီလေး...ရေနွေးခွက်နဲ့

ရေနွေးဓာတ်ဘူးလေးချပေးအုံး.....


ဟေ့...ဒီက အစ်ကိုဝိုင်းကို ဘာလို့ အလာကားရည် ချမပေးတာလဲ

အလာကားလူများမှတ်နေတာလား....!!!


ဟိုက်စကိုက်

ဒီတိုင်းဆို ဆက်ထိုင်ဖို့ မဖြစ်တော့တာမှန်းသိတာနဲ့


ညီလေး...ရှင်းမယ်ကွာ....ဘယ်လောက်ကျလဲ


အဲ့ကလေးပြောလိုက်မှ

ကျနော် ငိုရမလိုရယ်ရမလို

ဖြစ်သွားတယ်ဗျ......

.

.

.

ဘာတဲ့.....


ဒီဝိုင်းကို အလကားရည် မချတော့နဲ့!!! အလကားလူမဟုတ်ဘူး

ပိုက်ဆံရှင်းပြီ....တဲ့ဗျာ...crd


       😂😂😂😂😂😂

Comments

Popular posts from this blog

ချောတယ်လို့