အချောင်သမား
အချောင်သမား
**************
"ငါ့မှာ မိသားစုနဲ့မို့"တဲ့
အေးပေါ့ သူတို့က သစ်ခေါင်းကထွက်လာတဲ့ တစ်ကောင်ကြွက်တွေလေ။
"တကယ်ဖြစ်လာကြည့် ငါကမနေဘူး"ဆိုတဲ့
သူငယ်ချင်းက
"အိမ်မှာတော့ ညအိပ်လက်ခံလို့မရဘူးဟ
အမေလည်း သိပ်နေမကောင်းလို့"တဲ့🙄
အမြဲ ဆိုင်ထိုင်ရအောင်ချိန်းနေကြလူတွေကလည်း
"ငါတို့ဘက် သိပ်မလာနဲ့ လမ်းထဲက လူတွေ
စပ်စုတတ်တယ်"တဲ့
ဘယ်မှာလဲ ဘာဖြစ်တာလဲ
လာလာမေးတဲ့ အသိတစ်ယောက်ဆီ
အကူအညီသွားတောင်းတော့
စာတောင်ဝင်မဖတ်တော့ဘူး🙄
ဖေ့စ်ဘုတ်မှာ အာဘောင်အာရင်းသန်သန်နဲ့
အပြောကောင်းတဲ့ အကိုတစ်ယောက်
ဘယ်ရောက်နေလဲ လှမ်းမေးတော့ အိုဗာစီးမှာ တဲ့
မှတ်မိကြမလားမသိဘူး
စတီးဒိုင်းကာကြီး အပေါင်ခံမလား မေးတဲ့ကလေး
အနီရောင်အိုင်ထဲ ကွေးကွေးလေးလဲနေတယ်
ဝိုင်းအုံနေတဲ့ လူအုပ်ကြီးကြားက တိုးအထွက်
ရေလေးတိုက်ပါဆိုတဲ့ အသံယဲ့ယဲ့လေး ကပ်ပါလာတယ်😭
အဲ့ဒီအချိန် ကျနော် ရှက်နေခဲ့သလား
ဘာရှက်စရာရှိလဲ
တို့တွေ ဘယ်တုန်းကမှ မပတ်သက်ခဲ့ကြဘူးမဟုတ်လား။
ဘယ်တုန်းကမှ မသိခဲ့ကြသူတွေလေ။
အာရ်အိုင်ပီပါဆိုတဲ့ စာတွေ ရှေ့ဆင့်နောက်ဆင့်တက်မှ
ငါ့ထက် အရှက်မဲ့တဲ့လူတွေရှိပါလားဆိုပြီး
တဟားဟားအော်ရယ်မိတော့တယ်
"မောင်လေးရေ ဒီနိုင်ငံမှာ လူလာမဖြစ်ပါနဲ့တော့ကွယ်" တဲ့။
ဟား ဟား ဟား ဟား ။
crd to owner
Comments
Post a Comment