လင်မယားစုံတွဲတစ်တွဲ တရားသွားနာကြတယ်။ 


ယောက်ျားဖြစ်သူက ဖုန်းကိုပိတ်ထားဖို့မေ့သွားတယ်။


ဘုန်းကြီးက တရားချနေတုန်း ဖုန်းကဝင်လာရော


ဖြစ်ချင်တော့ ဖုန်းသံက အကျယ်ကြီးမြည်နေတယ်။


ဒါနဲ့ဘုန်းကြီးရဲ့ အပြစ်ပြောတာ ခံလိုက်ရတယ်။


တရားနာနေတဲ့သူတွေကလည်း 

အကုန်လုံးဝိုင်းကြည့်ကြပါလေရော။


တရားနာလည်းပြီးရော တစ်ချို့က သူ့ဆီလာပြီး

အပြစ်တင်ကြပြောကြတယ်။


ယဉ်ကျေးမှုမရှိဘူး.. 

ကာလံဒေသံကိုနားမလည်ဘူး ..

အသိတရားနည်းပါးလိုက်တာ.. 


တရားလာနာတာ ဖုန်းသံမပိတ်ဘဲ သူများကို အနှောက်အယှက်ဖြစ်အောင်လုပ်တယ်.. 

သမာဓိ ပျက်တယ်.. စသဖြင့်ပေါ့။


အိမ်အပြန်ကားပေါ်ရောက်တော့

မယားဖြစ်သူကလည်း ဆူပူပါလေရော


သူလည်း စိတ်ညစ်စိတ်ရှုပ်တာနဲ့ 

ဘားထဲကို သွားပစ်လိုက်တယ်။


ဘားထဲရောက်တော့လည်း 

မနက်က သူ့အပြစ်ကြောင့် လူတကာဝိုင်းပြောတာ 

အပြစ်တင်တာခံရတာကို တွေးနေမိပြီး သတိလက်လွတ်နဲ့ ဘီယာပုလင်း ပြန်ချတော့

စားပွဲခုံကနေလွတ်ပြီး အောက်ပြုတ်ကျပါလေရော။ 


ဘီယာ ပုလင်းကွဲပြီး ပုလင်းကွဲစတွေပြန့်ကျဲကုန်တယ်။

ဘီယာတွေလဲ အင်္ကျီအဝတ်အစားတွေ ကိုလာစင်ကုန်တယ်။


ချက်ချင်းပဲလူ ၂ ယောက် ၃ ယောက်လောက်သူဆီ 

လှမ်းလာ ကြတယ်။


သူ့စိတ်ထဲ ဒီနေ့တော့ တော်တော်ကို ကံဆိုးတဲ့နေ့ပဲ။ 

ထပ်ပြီး အပြစ်တင်ခံရတော့မှာပဲလို့တွေးနေမိတယ်။


ဒါပေမယ့်.. 


သူထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်လာတယ်။ 


ပြေးလာကြတဲ့ စားပွဲထိုး ၂ ယောက် ၃ ယောက် က 

သူ့ကိုစိုးရိမ်တကြီးနဲ့ အကိုဘာဖြစ်သွားသေးလဲ။


ပုလင်းကွဲတွေဘာတွေ ရှသွားသေးလား.. လို့ ဝိုင်းမေးကြတယ်။


ချက်ချင်းပဲသူ့ကိုယ်ပေါ်က ပေနေတဲ့ဘီယာမြုတ်တွေဝိုင်းသုတ်ပေးကြတယ်။


အမှိုက်ဂေါ် ယူလာတဲ့သူနဲ့ တံမြက်စီးယူလာတဲ့သူနဲ့ 

ချက်ချင်းသန့်ရှင်းရေး ဝိုင်းလုပ်ပေးကြတယ်။ 


ဆိုင်မန်နေဂျာက 

ဘီယာနောက်တစ်ပုလင်းလာချပေးရင်း ..


အပြုံးချိုချိုနဲ့ သူ့ကိုပြောတာက


"အမှားအယွင်းမတော်တဆဆိုတာ အချိန်မရွေးဖြစ်တတ်ပါတယ်..

သတိထား တတ်ဖို့ပဲလိုတာပါဗျာ" တဲ့။


အဲ့နောက်ပိုင်း သူဟာ 

ဘီယာ ဘားကိုပဲ မကြာခဏရောက်ဖြစ်ပြီး 

တရားနာတာကို မသွားဖြစ်တော့ဘူး။ 


ဘာကြောင့်လဲဆိုတော့ ..


ဘုန်းကြီးကျောင်းက လူတွေထက် 

ဘီယာဘားက လူတွေက သာနွေးနွေးထွေးထွေး 

အသိအမှတ်ပြုဆက်ဆံကြလို့ပါ။


အမှန်ဆို ဘုန်းကြီးကျောင်းက လူတွေက ပိုပြီးမေတ္တာထားသဘောထားကြီး ဖေးမကြရမဲ့အစား 

ဘားထဲကလူတွေနဲ့ ဆန့်ကျင့်ဖက် ဖြစ်နေကြလို့ပါ။


ဒါကြောင့် ဘုန်းကြီးကျောင်းတက်တဲ့သူတွေကလည်းသတိထားဆင်ခြင်ရမှာက စည်းကမ်းတွေ၊ 

ဘောင်တွေ၊ ကန့်သတ်ချက်တွေနဲ့ အရမ်းတင်းကြပ်ပြီး စိတ်ရင်း စေတနာ ခမ်းခြောက်လွန်းသူတွေမဖြစ်ကြပါစေနဲ့။


လူသားတွေဆိုတာ ဘယ်သူမဆို အမှားမကင်းနိုင်ကြဘူးဆိုတာကိုမမေ့ပါနဲ့။ 

အမှားသေးသေးမွှားမွှားတွေကို တစ်ယောက်နဲ့တစ်ယောက် ပြောစရာတွေဖြစ်ပြီး ကိစ္စကြီးအပြစ်ကြီးဖြစ်အောင်မချဲ့ပါနဲ့။

 

ကျောင်းကိုလာတဲ့သူကို တရားတွေနာပြီး စိတ်ဓာတ်တွေကြည်လင်လာ စေမဲ့အစား၊ ကျောင်းနဲ့ပိုဝေးအောင် မလာချင်အောင်တွန်းထုတ်ပစ်တာမျိုး မလုပ်လိုက်မိပါစေနဲ့ ။


အမှန်တရားဆိုတာ စည်းကမ်းတွေ၊ ဘောင်တွေ၊

သတ်မှတ်ချက်တွေကို တသွေမတိမ်း တင်းတင်းကြပ်ကြပ်လိုက်နာတဲ့အပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။


တခါတစ်လေလည်း သူတစ်ပါးအပေါ် လိုက်လျောညီထွေမှုနဲ့ စာနာနားလည်တတ်မှုလည်း 

ရှိတတ်ရပါမယ်။


ဒါမှသာ နေထိုင်ချင်စရာကောင်းတဲ့ လူမှုပတ်ဝန်းကျင်ကောင်းတစ်ရပ်ဖြစ်လာမှာပါ

Crd


#credit

Comments

Popular posts from this blog

ချောတယ်လို့