အရောင်ထွက်နေ လျှင်သတိထား

--------------------------------------------------

တစ်ခါက ကုန်သည်တစ်စု 

သဲကန္တာရကို ဖြတ်သန်း 

သွားကြတယ်။ 

နေ့ခင်းမှာ ပူလွန်းလို့ ရွက်ဖျင်တဲ

 တွေနဲ့ နားနေကြပြီး ညမှသာ

 ခရီးဆက်ကြတယ် ။


ဒီလိုနဲ့ တစ်နေ့ နေဝင်လထွက်

 ညဘက်ရောက်လို့ ခရီးဆက်ကြဖို့

 လူစုကြတာပေါ့။


နောက်ဆုံးမှရောက်လာတဲ့သူက. . .

" အဆွေတို့. .ကျုပ် ဟောဟိုနားမှာ 

တွင်းကြီးတစ်တွင်းတွေ့ခဲ့တယ် . . 

အထဲမှာလည်း အရောင်တွေ 

တဖိတ်ဖိတ်တောက်နေတာပဲ့မဟုတ်မှလွဲရော ခိုးသားတွေဝှက်ထားတဲ့ ရတနာတွေလား . .

သဘာဝ စိန်တွင်းကြီးလား 

မသိဘူ့းကျုပ်တို့တော့ထောပြီ ဟေ့ . . " 

လို့ဝမ်းသာအားရ ပြောပါသတဲ့ ။


ဒါနဲ့အားလုံးသွားကြည့်ကြတာပေါ့ ။ 

ဟုတ်ပဗျာ . . အရောင်တွေ 

လက်လက်ထနေလိုက်တာများ ။ 

သူတို့တွေ 

ဝမ်းသာသွားကြတယ် ။ 

ကြိုးခွေတွေချပြီး တစ်ယောက်ကို

ဆင်းကြည့်ခိုင်းတယ် ။


ခဏကြာတော့ ဆင်းသွားတဲ့သူက 

့" ဟေ့ကောင်တွေ မဆင်းခဲ့နဲ

 စိန်တွေမဟုတ်ဘူး မြွေတွေ ဟ . . " 

လို့အောင်ပြီးအသံပျောက်သွားတယ်။


အပေါ်ကလူတွေက တွေးတယ် 

"ဒီကောင် စိန်တွေ မောင်ပိုင်စီးချင်လို့ ညာတာနေမှာ" ဆိုပြီး နောက်တစ်ယောက်ကို ဆင်းခိုင်းတယ် ။ 

ဒုတိယလူကလည်း

 အရင်လူအော်သလိုပဲ မြွေတွေ

 မဆင်းခဲ့နဲ့ လိုအော်ပြန်ပါတယ်။


ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက်

ဆင်းသွားလိုက်တာ နောက်ဆုံးလူ

အလှည့် ရောက်လာပါတယ်။ 

သူကလည်း အားလုံးစိန်တွေရကြပြီး

 ငါတစ်ယောက်တည်းမရလို့တော့မဖြစ်ဘူး ဆိုပြီးဆင်းသွားလိုက်တာ 

အကုန်လုံးမြွေကြီးတွေရဲ့

 အစာဖြစ်ကုန်ပါသတဲ့။


တကယ်တော့ 

ဒီတွင်းကြီးဟာဧရာမမြွေကြီးတွေရဲ့

တွင်းပါ။ 

ညအချိန်မှာ လရောင်ကြောင့်

 မြွေမျက်လုံးတွေက အရောင်တွေလင်းလက်နေတာ။


ဒီလိုပါပဲ လောကမှာ အိမ်ထောင်သည်တွေက လူငယ်တွေကို 

"မင်းတို့တွေ အိမ်ထောင်မပြုကြနဲ့ ။ 

ငါတို့လို ဒုက္ခရောက်မယ် " လို့ 

အစဉ်အဆက် သတိပေးခဲ့ကြတာပါပဲ။


လူငယ်တွေကလည်း 

" ဟွန်း. . သူတို့ကြ ယူပြီး တို့ကျ 

လာတားနေတယ် " လို့တွေးကာ 

အစဉ်အဆက် မြွေတွင်းထဲ 

ခုန်ချနေကြတယ်တဲ့။


အင်း. . အရောင်တွေကလည်း 

တဖိတ်ဖိတ်တောက်သကိုးကွ နော့ . .။

ဒီတော့ လန်ထွက်နေတဲ့ ကောင်မလေးတွေ တွေ့ရင် သရဲမရဲ 

မငမ်းခင် စိန်ရောင်တွေလား

 မြွေမျက်လုံးတွေလား စဉ်းစားပေါ့။


ပိုအရောင်ထွက်လေ

 မြွေပိုကြီးလေပေါ့ကွာ ။ 

အေး သယ်ရင်း . . .

ငါကမြွေတွင်းထဲမဆင်းပါဘူး

 မြွေအလိမ္ပာယ်ပြရုံလေးပါ မလုပ်နဲ့ ။ 

မြွေအလိမ္ပာယ်ဆရာတွေက

 မြွေမျိုးစုံ အကိုက်ခံရတယ် . . ။ 

ဒါပဲ . . သတိသာထားနေ . .ဟေ. . ဟေး ။


(ဆရာနန္ဒာသိန်းဇံ ရဲ့ နောင်တကင်းရာသို့ ထဲက ပုံပြင်လေးကို 

တစ်ဆင့်ပြန်ပြောတာပါ )


#CREDIT___

Comments

Popular posts from this blog

ချောတယ်လို့