စာသင်ခန်းထဲတွင်...

ဆရာမက သူ့အိတ်ထဲက

အရာတစ်ခုကို ကျောင်းသားတွေ မမြင်အောင်ထုတ်ရင်း မေးလိုက်တယ်

''အရောင်က အနက်ကွာ..စားလို့ရတယ်..

နေပူထဲထားရင် အရည်ပျော်သွားတက်တယ်..

အဲ့ဒါဘာလဲ''..


နောက်ဆုံးတန်းက မောင်ကျော်ကြီး ထဖြေတယ်

'' မုန့်ကုလားမပါ ဆရာမ''


''မဟုတ်ပါဖူးကွယ်...ချောကလက်ပါ...ဒါပေမဲ့ သားတွေးတဲ့ပုံလေးကို ဆရာမသဘောကျတယ်''


''နောက်တစ်ခုက အဝါရောင်... သူ့ကို ကိုက်စားလိုက်ရင် ကြွပ်ကြွပ်မည်တယ်...အဲ့ဒါဘာလဲ''


''စာကလေးခွေပါ ဆရာမ'' ဒီတစ်ခါလည်း

မောင်ကျော်ကြီးပဲ...


''မဟုတ်ပါဖူး... အာလူးကြော်ပါ...သားတွေးတဲ့ ပုံလေးကိုတော့ သဘောကျပါတယ်''...


''ဒီတစ်ခါ သားမေးမယ် ဆရာမ'' ကျော်ကြီးပဲ..


''မေးပါ'' ဆရာမက ခွင့်ပြုလိုက်တယ်....


' ကျနော့်ဘောင်းဘီထဲမှာ ရှိတာပါ...

သူက အညိုရောင်လေး...ကိုင်လိုက်ရင်

ပျော့ပျော့အိအိလေးနဲ့...ဘာလဲဆရာမ''


ဆရာမ စိတ်ဆိုးသွားတယ်... ''ကျော်ကြီး...

ခုငါနဲ့ ကျောင်းအုပ်ကြီးခန်း လိုက်ခဲ့စမ်း''


ကျော်ကြီးက ဘောင်းဘီအိတ်ထဲက အရာတစ်ခုကို

ထုတ်ပြီး ပြန်ပြောတယ်...


'' ဂျယ်လီပါ ဆရာမ..... ဒါပေမဲ့ ဆရာမ တွေးပုံလေးကို သဘောကျတယ်''

Crd


#Credit

Comments

Popular posts from this blog

ချောတယ်လို့