ဥပဒေကျောင်းသူတစ်ယောက် 

စာအကျက်လွန်ပြီး 

ဆေးခန်းရောက်သော..အခါ


ဆရာဝန် ။ ။ကြည့်ရတာအားမရဘူး.

                လူရုပ်တောင်ပျောက်နေပြီ


ဥ ။ ။ ကျမကို အသရေ ဖျက်နေတာလား..!


ဆရာဝန် ။ ။ မဟုတ်ပါဘူးဗျာ...

                     မယုံရင်ဆရာမ(နာ့စ်)ကိုမေးကြည့် .


ဥ။ ။ မမှန်သက်သေခံခိုင်းတော့မယ် ပေါ့လေ 


ဆရာဝန် ။ ။ဟာဗျာ..ကဲပါ .. ညည မအိပ်ဘူးဆို


ဥ။ ။ဒါ နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ကျမ

           ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ 


ဆရာဝန် ။ ။ဟုတ်ပါပြီဗျာ.. ဆေးတော့ထိုးရမယ်


ဥ။ ။နာကျင်စေမှုပြစ်ဒဏ်တွေ ဆရာသိလား . . 


ဆရာဝန် ။ ။ခင်ဗျားအတွက်ပြောနေတာဗျ


ဥ။ ။စတာပါ..ဆရာ..ကင်းလွတ်ခွင့်ထဲမှာ ပါ ပါတယ်


ဆရာဝန် .။ ။အင်းပါဗျာ.. ခင်ဗျားတစ်ရက် နှစ်ရက် နေရင် သက်သာသွားမှာပါ


ဥ။ ။ပြစ်မှုထဲမှာ လိမ်လည်မှုကို အမုန်းဆုံးပဲ


ဆရာဝန် ။ ။ ဆေးဖိုးလည်း မယူတော့ဘူးဗျာ..

                       ခင်ဗျားပြန်ပါတော့


ဥ။ ။ဝင်ငွေခွန် ရှောင်ချင်တာနဲ့ အဲ့လိုမလုပ်နဲ့ရှင်...


ဆရာဝန်


နောက်တစ်နေ့ တွေ့ရသော 

ဆိုင်းဘုတ်မှာ . .

.

.

.

..

.


``ရက်အကန့်အသတ်မရှိ ဆေးခန်းပိတ်သည်´´


Crd#

#တာဇဲ

😁😁


(တတ်ချက်တော့😁😁)

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့