( သွားမယ်ဆိုတာချည်းပဲ )
လယ်သမားတယောက်မှာ
ဝက်မ ၅-ကောင်ရှိတယ်။
စီးပွားရေးကြပ်လာတော့
ပြပွဲယူသွားပြီး ရောင်းဖို့ဆုံးဖြတ်လိုက်တယ်။
ပြပွဲမှာ ဝက်ထီး ၅-ကောင်ပိုင်တဲ့
လယ်သမားတဦးနဲ့တွေ့လို့
စကားပြောကြည့်ရင်း
ဝက်တွေကိုမရောင်းဘဲ သားစပ်ပြီး တယောက်တဝက်ခွဲယူကြဖို့
ဆုံးဖြတ်လိုက်ကြတယ်။
သူတို့နှစ်ယောက်နေတဲ့နေရာချင်းက မိုင် ၆၀-ဝေးတော့
မိုင် ၃၀-စီကားမောင်းလာပြီး
အလယ်နေရာမှာ သားစပ်ကြမယ်လို့ သဘောတူလိုက်ကြတယ်။
ပထမဆုံးနေ့မှာ လယ်သမားဟာ မနက် ၅-နာရီအိပ်ရာထ ဝက်မတွေကားပေါ်တင်ပြီး မိုင် ၃၀-ခရီးကိုကားမောင်းလာခဲ့တယ်။
ကွင်းပြင်မှာ ဝက်တွေကိုမိတ်လိုက်ခိုင်းထားရင်း ဝက်ထီးပိုင်ရှင်ကို မေးလိုက်တယ်။
"သူတို့ ဇီးတင်မတင် ဘယ်လိုသိနိုင်မလဲဗျ"
"လွယ်ပါတယ်။မနက်ဖြန် သူတို့မြက်ခင်းပေါ်လှဲနေပြီဆို အဲ့ဒါဇီးရှိလို့ပဲ၊ ရွှံလူးနေရင်တော့ ဇီးမကပ်သေးလို့ပေါ့"
နောက်နေ့မနက်ကြည့်လိုက်တော့ ရွှံ့ထဲလူးလှိမ့်နေကြတာနဲ့၊ ရေပိုက်နဲ့ထိုး သန့်ရှင်းရေးလုပ် ကားပေါ်မောင်းတင်ပြီး နောက်တကြိမ်မျိုးစပ်ဖို့ ထွက်လာရပြန်တယ်။
မနက်တိုင်း အဲ့ဒီပုံစံနဲ့တပတ်ကျော်လာတယ်။
လယ်သမားနှစ်ယောက်လုံးလည်း
ခြေကုန်လက်ပမ်းကျလာကြတယ်။
တရက် လယ်သမားခမျာ
အိပ်ရာကတောင်မထနိုင်လို့
မိန်းမကိုလှမ်းခေါ်ပြီး
"မိန်းမရေ ဝက်မတွေ မြက်ခင်းပေါ်မှာလား ရွှံ့ထဲမှာလား ကြည့်ပေးစမ်းပါကွာ"
လို့ အကူအညီတောင်းရတယ်။
မိန်းမကသွားကြည့်ပြီး အပြင်ကနေလှမ်းအော်တယ်။
"မြက်ခင်းပေါ်ရော ရွှံ့ထဲရောမဟုတ်ဘူးတော်ရေ့
ဒင်းတို့က ကားပေါ်ရောက်နေကြပြီ တကောင်ကဆို
ဟွန်းတောင်တီးနေလေရဲ့"
6န6နာ်
#nnjoke
Crd
Ko Ko Lin
Thanks
ReplyDelete😂😂😂
ReplyDelete🤣🤣🤣
ReplyDelete😂😂😂
ReplyDelete