( အဖေ )
မိန်းမရေ ဧည့်ခန်းထဲက တိုင်မှာ ချိတ်ထားတဲ့ နာရီ
မရှိတော့ပါလား
ရှင့်သား ဖြုတ်ယူသွားတယ်လေ
သူ့အိမ်မှာ နာရီမရှိလို့တဲ့
မိန်းမရေ ကြောင်အိမ်ထဲက
ဓါတ်ဗူး အသစ်တစ်လုံး မတွေ့ပြန်ဘူး
မင်း ဘယ်သူ့ ပေးလိုက်သေးလဲ
ရှင့်သား လာယူသွားတာပဲလေ
သူ့အိမ်မှာ ဓါတ်ဗူးလိုနေလို့တဲ့
တောက် ဒီကောင် တို့ကို ဒုက္ခ ပေးပေါင်းများလှပြီ
ဘွဲ့ရ ပညာတက်ဖြစ်အောင် ငွေကုန်ခံ ဒုက္ခတွေခံပြီး
သင်ပေးခဲ့ပြီးပြီ
ခု အိမ်ထောင်ကျပြီးတော့လည်း အိမ်ကပစ္စည်းတွေ တခုပြီး တခု လာယူနေတယ်
ကျောင်းဆရာလုပ်နေပြီး မိဘ အပေါ် ဘာမှမသိတက်တဲ့ကောင်
သိအောင်တော့ သွားပြောဦးမှပဲ
ကိုတင်မောင်တယောက် တိုက်ပုံ အကျီ်ကောက်စွတ်ပြီး ရပ်ကွက်ရုံးကို သွားမလို့ လုပ်တုန်း
ဒေါသ ဖြစ်ပြီး သူ့သား အိမ်ဘတ် ထွက်လာခဲ့တယ်
သားအိမ်ရှေ့ ရောက်တယ် ဆိုရင်ပဲ
သားလုပ်သူက အိကျီ်အဖြူလည်ကတုံးဝတ်ပြီး
အိမ်ပေါ်က ဆင်းလာတာ တွေ့ရတယ့်
ဟေ့ကောင် မင်းကို ပြောစရာရှိလို့ လာခဲ့တာကွ
ခု မင်းက ဘယ်သွားဦးမလို့လဲ
ရပ်ကွက်ဓမ္မာရုံမှာ ဟောပြောပွဲ ရှိလို့ အဖေ
ပြောစရာရှိရင် နောက်မှ ပြောပါလား
အရေးကြီးနေလို့ပါ
သားဖြစ်သူရဲ့ စကားအဆုံး ကိုတင်မောင် သူ့သားကို သေသေချာချာ ကြည့်လိုက်တဲ့အခါ
ဪ ဒီကောင့်မှာ တိုက်ပုံ အိကျီ်မှမရှိပဲကိုးဟု
ရေရွတ်ပြီး
ဟေ့ကောင် ဟောပြောပွဲ သွားမှာဆိုရင် တိုက်ပုံပါမှ
ကောင်းတာကွ
ရော့
ငါ့တိုက်ပုံအိကျီ်ယူဝတ်သွား
ကျောင်းဆရာဆိုတာ တိုက်ပုံ အိကျီ်နဲ့မှကြည့်ကောင်းတာကွ ဟု ဆိုကာ သူ့ အိကျီ် ချွတ်ပေးလိုက်ပါသည်
ကိုတင်မောင် ရှင်သွားတုန်းက တိုက်ပုံအိကျီ်နဲ့ပါ
ခုပြန်လာတော့ တိုက်ပုံလဲ မတွေ့တော့ပါလား
ဘယ်မှာများ မေ့ကျန်ရစ်ခဲ့ပါလိမ့်
မင်းသားကွာ ဓမ္မာရုံမှာ ဟောပြောပွဲရှိတယ်ဆိုလို့
အလိုတော် ရှင့်သားက ခန္ဓာကိုယ်ပေါ်ကအိကျီ်ပါ
ချွတ်ယူလိုက်တာလား
ဒင်းဆီရောက်သွားရင် ပြန်မရတော့ဘူးဆိုတာ
ရှင်လဲ သိသိကြီးနဲ့
မင်းပြောလဲ ခံရမှာပဲ မိန်းမရယ်
ဒါပေမယ့်
ခုဟာက သားက ချွတ်ယူတာမဟုက်ပါဘူး
ငါ ကိုယ်တိုင်က
ကျေကျေ နပ်နပ် နဲ့
ချွတ်ပေးခဲ့တာပါ
Crd#
#တာဇဲ
😁😁
မျှဝေသည်။
First.
ReplyDeletesrr tl " 🤣🤣
ReplyDelete😍😍😍
ReplyDelete