လေယာဉ်က ကောင်းကင်ယံကနေ
ပျက်ကျနေပြီ....
လေယာဥ်ပေါ်ပါလာတာ
လူက ၅ ယောက်...ဒါပေမဲ့
လေထီးက ၄ ခုတည်း...
လူတစ်ယောက်က ထပြောတယ်...
''ကျနော်က လက်ရွေးစင်ဘောလုံးသမားပါ..
ကျနော့် ပရိတ်သတ်တွေအတွက်..
ကျနော် မရှိလို့ မဖြစ်ဖူး.....တောင်းပန်ပါတယ်..''
စကားဆုံးတာနဲ့ လေထီးတစ်ခုကို ယူပြီး
လေယာဉ်ပေါ်က ခုန်ချသွားတယ်...
အမျိုးသမီးတစ်ယောက်ကလည်း
ထလာတယ်...''ကျမက sexy model ပါ...ကျမကိုအားပေးနေတဲ့ အမျိုးသားထုကြီးက ကျမ မရှိရင်
ကြေကွဲကျလိမ့်မယ်...ခွင့်လွှတ်ပေးပါ''
သူမလည်း လေထီးတစ်ခုယူပြီး
လေယာဉ်ပေါ်က ခုန်ချသွားတယ်...
''ကျနော်က ဗိုလ်ချုပ်တစ်ယောက်ပါ...
တိုင်းပြည်အစိတ်စိတ်အမွှာမွှာ ဖြစ်တော့မှာမို့..
ကျနော်ကယ်တင်ရတော့မယ်...စိတ်မကောင်းပါဖူးဗျာ'' အဲ့လူလည်း စကားဆုံးတာနဲ့
လေထီးတစ်ခုကောက်ယူပြီး
ခုန်ချသွားတယ်....
လေယာဉ်ပေါ်ကျန်တာက
အသက် ၆၀ လူကြီးရယ်..၁၀နှစ်အရွယ်ကလေးငယ်ရယ်....
လူကြီးက ပြောတယ်
''ငါ ဘဝမှာ ဒီလောက်ထိလည်း နေပြီးသွားပြီ
သားကတော့ အချိန်တွေအများကြီးကျန်သေးတယ်... ကျန်တဲ့ လေထီးကို သားပဲယူလိုက်ပါ...
ဘဘတော့ အသေခံလိုက်တော့မယ်...''
လူကြီးစကားဆုံးတာနဲ့ကောင်လေးက
ပြန်ပြောတယ်...
''ဘယ်သူမှ အသေခံစရာ မလိုပါဖူး ဘဘ...
လေထီးက ၂ ခု ကျန်နေသေးတယ်...
.
.
.
.
ခုနက တိုင်းပြည်ကို ကာကွယ်မယ်ဆိုတဲ့
လူကြီးက.....သားကျောပိုးအိတ်ကို
ယူဆင်းသွားတာ......
☺😁😁
(Ref: နိုင်ငံခြားဟာသတစ်ခု)မှဆီလျှော်အောင်ပြန်ဆိုပါသည်..
မူရင်းပြန်ဆိုသူ.ခရက်ဒစ် ပါ
Via.Soelamin
Comments
Post a Comment