တန်းစီကြသူများ
=============
ထူးဆန်းတဲ့အသုဘချလာတာကို
လူတစ်ယောက်မြင်နေရတယ်..
ရှေ့ဆုံးက အခေါင်းတစ်ခုကိုလူ
တစ်စုထမ်းသယ်လာတယ်..
အဲ့ဒီနောက်ကပ်လျက်မှာပဲ နောက်
ထပ်အခေါင်းတစ်ခုကိုနောက်တစ်ဖွဲ့
ကသယ်လာပြန်တယ်..
အဲ့ဒီ အခေါင်း(၂)ခုနဲ့အသုဘချလာ
တဲ့နောက်မှာ အသုဘနဲ့ပတ်သက်
ဟန်ရှိတဲ့..အမျိုးသားတစ်ဦးရယ်|
ပြီးတော့သူပိုင်ဆိုင်ဟန်ရှိတဲ့ခွေးနက်
ကြီးတစ်ကောင်ရယ်..လမ်းလျှောက်
ရင်းပါလာတယ်..
အဲ့ဒီနောက်မှာတော့အသုဘလိုက်ပို့
ကြဟန်ရှိတဲ့လူ(၁၀၀)လောက်ပါလာ
တယ်..ထူးတာကအဲ့ဒီလူတွေဟာ
တစ်ယောက်ချင်းရှေ့နောက်တန်းစီ
ရင်းလိုက်,လျှောက်လာတဲ့ဒီဇိုင်း..
ဒါကိုမြင်ရတဲ့လူစိမ်းက ဘယ်လိုမှ
တွေးမရတာနဲ့ ကာယကံရှင်ဖြစ်
ဟန်ရှိတဲ့..ခွေးနဲ့ပါလာတဲ့လူကို
အနားကပ်ရင်းတီးတိုးမေးကြည့်
လိုက်တယ်..
"ရိုင်းတယ်လို့တော့မထင်ပါနဲ့ဗျာ..
အခုနောင်ကြီးတို့ချလာတဲ့အသုဘ
က ထူးဆန်းနေလို့..အဲ့ဒါ..တဆိတ်
ရှင်းပြပါလား.."
ခွေးနဲ့လူက သက်ပြင်းချရင်းတီးတိုး
ပြန်ဖြေတယ်..
"ရှေ့ဆုံးက အခေါင်းက ကျွန်တော့်
မိန်းမပါ.."
"ဘယ်လိုဆုံးတာလဲ..?"
"မွေးထားတဲ့ခွေး..ဟောဒီကောင်
က တိုက်ခိုက်ပြီးကိုက်သတ်လိုက်
တာဗျ.."
"ဟောဗျာ..ဒုတိယအခေါင်းကရော
ဘယ်သူလဲ?ဘာဖြစ်တာလဲ..?
ဟိုလူက အဝေးကိုကငေးကြည့်ရင်း
ပြန်ဖြေတယ်..
"အဲ့ဒါကကကျွန်တော့်ရဲ့ယောက္ခမ
ကြီးပါပဲ..သူ့သမီးကိုခွေးကိုက်တော့
သူကဝင်ဆွဲတာ..အဲ့ဒီမှာသူ့ကိုလည်း
ခွေးကကိုက်သတ်လိုက်ခဲ့တာပါ.."
စပ်စုတဲ့လူလည်းတော်တော်
အံ့အားသင့်သွားရင်းအကြာကြီး
စဉ်းစားနေလိုက်တယ်..ပြီးတော့
စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ်..
"အဲ..ဟိုဒင်း..ဘယ်လိုပြောရမှာလဲ
ဆိုတော့..ဒီခွေးကို ကျွန်တော့်ကို
ခဏ မငှားနိုင်ဘူးလားဗျာ..ခင်များ
တောင်းသလောက်ကျွန်တော်
ပေးပါမယ်.."
သူ့စကားကြားတော့ခွေးနဲ့လူက
ပါလာတဲ့လူအုပ်နောက်ကိုလက်ညှိုး
ထိုးပြရင်းပြန်ပြောလိုက်တယ်..
"ဒါဆိုရင် ..နောက်မှာဝင်တန်းစီ
လိုက်ဗျာ..စီနီယာတွေတော်တော်
များနေပြီ..ကြားဖေါက်လို့တော့
ဘယ်ကောင်းမှာလဲ.."
Crf
***(နိုင်ငံခြားဟာသတစ်ပုဒ်ကို
အခြေခံပါတယ်..)
Comments
Post a Comment