တစ်ခါတုန်းက လူတစ်ယောက်ဟာ
အရက်အကောင်းစားတစ်လုံးကို
လက်မှာကိုင်ရင်း ကလပ်တစ်ခုက
ထွက်လာခဲ့တယ်။
သူ့ရဲ့ဘေးမှာလည်း ကောင်မလေး
ချောချောနှစ်ယောက်ပါ ကပ်ပါလာခဲ့တယ်။
ကလပ်အပြင်ကို ရောက်တော့
သူ့ဆီမှာ ပိုက်ဆံလိုက်တောင်းနေတဲ့
သူတောင်းစားတစ်ယောက်ကို တွေ့လိုက်ရတယ်။
သူဟာ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်ပေမယ့်
ပိုက်ဆံက တစ်ပြားတစ်ချပ်မှ မကျန်တော့ဘူး။
သူသုံးခဲ့တာ အကုန် ပြောင်ပြီလေ။
ဒါနဲ့ပဲ သူဟာ အဲဒီသူတောင်းစားကို
"အကို ကျွန်တော့်မှာလည်း ပိုက်ဆံ
ပါ မလာတော့ဘူးဗျာ။ဒါပေမယ့် ဒီအရက်ပုလင်း
ကို ယူသွားပါ။အကို အလုပ်နားတဲ့အခါသောက်
ပေါ့။ဒီအရက်ပုလင်းက သိန်းကျော်ပေးရတယ်ဗျ"
ဆိုပြီး အရက်ပုလင်းကို ထိုးပေးလိုက်သတဲ့။
ဒါပေမယ့် သူတောင်းစားက
"ကျွန်တော်အရက်လုံးဝ
မသောက်တတ်ပါဘူး သူဌေး"ဆိုပြီး
ငြင်းလေသတဲ့။
ဒီတော့ သူ့ဘေးမှာပါလာတဲ့ ကောင်မလေး ၂ ယောက်
ကို လက်ငြိုးထိုးပြီး "ဒီနှစ်ယောက်ကို ညကြေးအတွက်
ကျွန်တော် ပိုက်ဆံရှင်းပြီးသားအကို၊ဒီ ၂ ယောက်ထဲက
အကို ကြိုက်တဲ့တစ်ယောက်ကို ဒီညအတွက် ပျော်ပါးဖို့
ယူသွားပါ"ဆိုပြီး ပေးပြန်သတဲ့။
ဒီတစ်ခါလည်း သူတောင်းစားက
"ကျွန်တော့မှာ ဇနီး မယား ရှိပြီးသားမို့
ဇနီး မယားအပေါ် သစ္စာမဖောက်လိုပါဘူး
သူဌေး" ဆိုပြီး ငြင်းပြန်သတဲ့။
ဒါနဲ့ သူဌေးလို့အခေါ်ခံနေရသူလည်း
"ခင်များ ဆေးလိပ်ရော သောက်တတ်လား"
ဆိုပြီးထပ်မေးပြန်သတဲ့။
"ကျွန်တော် ဆေးလိပ်လည်းမသောက်၊
ကွမ်းလည်းမစားပါ"ဟု ထပ်ဖြေသတဲ့။
ဒီလိုနဲ့ သူဌေးလို့အခေါ်ခံနေရသူဟာ
သူ့အိတ်ကပ်ထဲက လိပ်စာကဒ်တစ်ခုကိုနှုတ်ယူပြီး
"ဒါက ကျွန်တော့်လိပ်စာကဒ်ပါ
ခင်များအားတဲ့တနေ့ ကျွန်တော့်အိမ်ကို
ထမင်းစားကြွခဲ့စမ်းပါဗျာ၊
အရက်မသောက်၊ဆေးလိပ်မသောက်
ကွမ်းလည်းမစား၊မိန်းမလည်းမပွေတဲ့သူတွေ
တနေ့ ဘာဖြစ်သွားတတ်လည်း ဆိုတာ
ကျွန်တော့် မိန်းမသိအောင် ပြောပြချင်လွန်းလို့ပါ"
ဟု ပြော လိုက်လေသတဲ့😜😜😜။
#ဟာသအမြင်ဖြင့်သာဖတ်ရှုပေးပါရန်☺
မူရင်းရေးသားသူအားခရက်ဒစ်ပေးပါတယ်
Comments
Post a Comment