သူ့နာမည် ခင်မောင်သန်း

လက်ထဲမှာတပြားမှရင်းနှီးမြုပ်နှံဖို့

ငွေမရှိခဲ့ပေမယ့်..............


ဓါတ်ဆီ တစ်ဂါလံကို အကြွေးနဲ့၀ယ်ပြီး

နေချင်းညချင်း တိုက်ခန်းနဲ့နေနိုင်သူတဦး


မိဘတွေက အချမ်းသာကြီးမဟုတ်ပေမယ့်

မွေးထားတဲ့သားချင်း၅ယောက်ထဲမှာ

ခင်မောင်သန်း က အငယ်ဆုံး..


ငယ်စဉ်က အလိုလိုက်ခံရလို့

ဆိုးသွမ်းခဲ့သော်လည်း 

အချိန်တန် အရွယ်ရောက်တော့

ငွေရှာရမယ်ဆိုတဲ့

အသိက ဝင်လာပြီ။


စိတ်ထဲမှာ ပေါ်လာတဲ့အရာကို

ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်တတ်တဲ့

သူ့ဉာဥ်အတိုင်း

သူငယ်ချင်းတစ်ယောက်ဆီက

ငွေတစ်သောင်းခွဲကို တပတ်အတွင်း

ပြန်ဆပ်မယ်လို့ကတိပေးချေးငှါးခဲ့တယ်။


ငွေတစ်သောင်းခွဲကို ကျစ်ကျစ်ပါအောင်

ဆုပ်ကိုင်ပြီး Denkoဓါတ်ဆီဆိုင်မှာ

ဓါတ်ဆီတစ်ဂါလံ၀ယ်ခဲ့တယ်။


ကျန်တဲ့လက်ကျန်ငွေနဲ့ Taxiငှါးပြီး

ဘ၀အတွက်ပထမဆုံးငွေရှာဖို့

မိဘအိမ်ပြန်လာခဲ့တယ်။


ခရီးရောက်မဆိုက် ဆိုသလိုပါပဲ

လက်ထဲမှာ ကိုင်ထားတဲ့ဓါတ်ဆီပုံးကို

ကိုင်မြှောက်ပြီး..........

အမွေပေးရင်ပေး......

အမွေမပေးရင် အိမ်ကိုမီးရှို့မယ်လို့

ဟစ်ကြွေးလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ တရပ်ကွက်လုံးက

ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရာက

အင်းစိန်ထောင် အဆောင်၆

အခန်း၅က တိုက်ခန်းမှာ

စရိတ်ငြိမ်း ထောင်၃နှစ်ကျသွားသူ

ခင်မောင်သန်းပါ။

..

..

crd

Comments

Popular posts from this blog

ချောတယ်လို့