သိုင်းဆရာကြီး ဦးလွယ်လေး
***************************
မြန်မာ့ ဓါးသိုင်းမှာ အခြေခံဓါးရေး ( ၉ ) ချက်ရှိကြောင်း ဆရာကြီးက ရှင်းပြဖူးပါတယ် ။ အဲ့ဒါတွေကတော့
ဘောလ်ပင်နဲ့ရေးတယ်
ခဲတန်နဲ့ရေးတယ်
ဆော့ပင်နဲ့ရေးတယ်
သင်္ဘောဆေးနဲ့ရေးတယ်
ဆီဆေးနဲ့ရေးတယ်
ရေဆေးနဲ့ရေးတယ်
မြေဖြူနဲ့ရေးတယ်
မီးသွေးခဲနဲ့ရေးတယ်
သစ်ကိုင်းခြောက်နဲ့ရေးတယ်
( မှတ်သားစရာပါ )
ဆရာကြီးသည် မြန်မာ့ဓါးကို ငယ်စဥ်ကပင် တောင်ပြုံးပွဲရောက်ခိုက် သူ့အမေက ကျန်စစ်သားဦးထုပ်နှင့်တွဲကာ ဝယ်ပေးသည်ကစ၍ လေ့လာခဲ့သည်ဟု သိရပါတယ် ။
သူ့၏အဘေးမှာ မြင်းဖြူရှင်ကျော်စွာတပ်က တပ်မူးကြီး ဦးလွယ်ကြီးပဲ ဖြစ်ပါတယ်
သိုင်းဆရာကြီး ဦးလွယ်လေး၏ ဓါးစွမ်းရည်ကို ဆရာကတော် ဒေါ် ထိပ်တင်ကြီးမှ ပြောပြရာတွင်
" ကိုလွယ်လေးက ဓါးကိုင် ကျွမ်းကျင်တယ် ။ အိမ်ရှေ့က ထင်းပုံဟာ သူ့ဓါးအစွမ်းနဲ့ ခုတ်ထားတာလေ ။ ကြက်သွန်နီ တစ်လုံးကို ၂ ချက်ထဲနဲ့ လေးမွာ အစိပ်စိပ်ဖြစ်အောင် လှီးနိုင်သလို ။ ဗူးသီးအလုံးလိုက်ကိုလည်း တစ်ချက်ထဲနဲ့ ထက်ပိုင်း ပိုင်းအောင် ခုတ်နိုင်တယ် ။ အန်တီတို့ ချက်သမျှ ဟင်းတွေဆိုရင် သူ့ဓါးချက်နဲ့ ကင်းတာမရှိဘူး " ဆိုပြီး
အားတက်သရော ပြောပြပါတယ် ။ ဆက်ပြီး...
" ကိုလွယ်လေးက ရဲစွမ်းသတ္တိလည်း ကောင်းတယ် ။ သရဲ တစ္ဆေလည်း မကြောက်တတ်ဘူး ။ သူ့တစ်ကိုယ်လုံး အင်းတွေ စမ တွေ ပြည့်နေတာသာ ကြည့်တော့လေ ။ သူ အိမ်ပြန်နောက်ကျတဲ့အခါ သူ့တပည့် မဲကြီးက လိုက်ပို့လို့ရှိရင် သူ အိမ်ထဲမရောက်မချင်း သူ့ကို ကြည့်ပေးနေရတယ် ပြီးတော့ အိမ်ထဲကိုလည်း နောက်ပြန်ဝင်တယ် "
" အင်....မကြောက်တတ်ဘူးဆို "
" သူက ရန်သူလည်းများတော့ အလစ် ဝင်တွယ်မှာ စိုးလို့လေ "
" သြော်... ဟုတ်ပါပြီ....အခု ဆရာရော ဘယ်သွားလဲ "
" ဖျားနေလို့ အခန်းထဲမှာ လှဲနေတယ် "
" ဟောဗျာ ဘာဖြစ်လို့လဲ တုပ်ကွေးဖျား ဖျားတာလား "
" မဟုတ်ဘူး....တစ်နေ့က ဆန်အိုးအဖုံးဖွင့်လိုက်တာ အထဲက ကြွက်ပေါက်စလေး သူ့ ခါးပုံစကြားထဲ ခုန်ဝင်သွားပြီးကထည်းက လန့်ဖျား ဖျားသွားတာပဲ "
" ငင့်..... "
Crd
မှီငြမ်းကိုးကား
( သူရဲကောင်းများ၏ အထုပ္ပတ္တိ )
( လွယ်လေး )
Comments
Post a Comment