ထုံးစံမပျက်ချင်သူ

===========

အရင်ရက်တွေကဆို သည်လမ်းက ယာဉ်သွား ယာဉ်လာ

များပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဖောက်ဖျက်ကြ

သော ယာဉ်အတော်များများကိုလည်း သူ အရေးယူခဲ့ဘူး

သည်။ ဒီနေ့ကျတော့ မိုးကလည်း နေကုန်ရွာနေပြီး ယာဉ်

အသွားအလာကလည်း အတော်ရှင်းသည်။ သွားလာကြ

သည့် ယာဉ်များကလည်း ဘယ်လိုမှ အရေးယူမရအောင်

စည်းကမ်းရှိနေကြသည်။ ထို့ကြောင့် သည်လမ်းပေါ်မှာ

တာဝန်ကျနေသော ယာဉ်ထိန်းရဲကြီးမှာ တာဝန်ချိန်ကုန်၍

အိမ်ပြန်ရသောအခါ လွန်စွာစိတ်တိုနေမိတော့သည်။

မျက်နှာသုန်သုန်မှုံမှုံနှင့် ပြန်လာသော ယောက်ျားဖြစ်သူကို

ကြည့်ပြီး အကင်းပါးသောမိန်းမက အပြုံးဖြင့်ဆီးကြို၍

ကိုယ်ပေါ်က ယူနီဖောင်းကို အလိုက်တသိ ကူ၍လဲလှယ်

ပေးခြင်း ၊ ထမင်းပွဲ ဟင်းပွဲများ အဆင်သင့် ပြင်ဆင်ထား

ပေးခြင်းတို့အပြင် ယောက်ျားအကြိုက် ဝီစကီလေးတစ်

ခွက်ပါ ချထားပေးလိုက်သေးသည်။

အစက..အလုပ်ထဲ အဆင်မပြေခဲ့သမျှ အိမ်က မိန်းမကို

အကြောင်းရှာရမ်းမည် စိတ်ကူးထားသော်လည်း မိန်းမ၏

အကင်းပါးမှုကြောင့် အပြစ်ရှာမရသောအခါ မျှားဦးကို

သားဖြစ်သူဖက် လှည့်ပြန်သည်။

" ဟေ့ကောင် ပုလုကွေး..ကျောင်းမှာဒီနေ့တွက်ခဲ့တဲ့သင်္ချာ

စာအုပ် ငါ့ကို ယူလာပြစမ်း ... "

သားဖြစ်သူပုလုကွေးမှာ တုန်တုန်ရီရီနှင့် အမေဖြစ်သူကို..

" သားကလည်း ဒီနေ့ကျကာမှ သင်္ချာ ၁၀ ပုဒ်တွက်တာ 

၇ ပုဒ်မှားလာတယ် .. အဲ့အမှား အဖေတွေ့ရင် သားတော့

မလွယ်ဘူးအမေ..ဒုက္ခတော့ရောက်ပြီ ... "

ထိုအခါ ဉာဏ်ကောင်းသောမိခင်က ...

" ရော့ ..ရော့..ဟောဒီ ၁၀၀၀ တန်တစ်ရွက်ကို သား သင်္ချာ

စာအုပ်ကြားမှာ ညှပ်ပြီး သားအဖေကို သွားပေးလိုက် "

သားဖြစ်သူက မိခင်မှာသည့်အတိုင်း လုပ်လိုက်သည်။

ထိုခါမှ ယာဉ်ထိန်းရဲကြီးက စာအုပ်ကြားမှ ထောင်တန်ကို

ဆွဲထုတ်ယူရင်း သက်ပြင်းချကာ ...

" တော်ပါသေးရဲ့..တစ်နေကုန်အချိုးကမပြေ ..ထုံးစံပျက် 

မလိုလိုတောင်ဖြစ်နေတာ.. အိမ်ရောက်မှဘဲ အဆင်ပြေ

ပေတော့တယ် "

source ; မောင်ကောင်းထိုက် ( နှီးပဒေါ )

°°°°••••°°°°••••°°°°••••°°°°

သောက်မြင်ကပ်လို့မဝယ်တာ

~~~~~~~~~~~~~~~~

မိန်းမတစ်ယောက် စျေးကပြန်လာစဉ် သူမ၏အိမ်နီးချင်း

မိန်းမတစ်ယောက်နှင့်တွေ့သည်။ ထိုမိန်းမက...

" ဟဲ့ မယ်ထုံ စျေးကပြန်လာပြီလား..ဘာတွေဝယ်လာ

သတုန်း " 

" အသီးအရွက်တွေနဲ့ သားငါးလေး နည်းနည်းပါးပါးပါ

အစ်မရယ် " 

" ခရမ်းသီးတွေ ပေါက ပေါသနဲ့..ဝယ်မလာဘူးလားဟဲ့ " 

" ပေါမှန်းတွေ့ခဲ့ပါရဲ့အစ်မရယ်..ဒါပေမယ့် အဲဒီစျေးသည်

ကိုသောက်မြင်ကပ်တာနဲ့ ဝယ်မလာတော့ဘူး " 

" ဟဲ့ ဘယ်လိုဖြစ်လို့တုန်း ... "

" ဘာဖြစ်ရမလဲ အစ်မရယ်.. ကျွန်မက ခရမ်းသီးတစ်လံုံး

ဘယ်လောက်လဲ မေးတာကို သူက ခရမ်းသီးက အချိန်နဲ့

ရောင်းတာတဲ့လေ..ကိုယ်က မနက်ပိုင်း ဒီအချိန်လေးဘဲ 

စျေးထွက်အားတာကို သူက ဘယ်အချိန်တွေ ကန့်သတ် နေအုံးမလဲ မသိတာနဲ့ သောက်မြင်ကပ်ပြီး မဝယ်ခဲ့တော့

ဘူးအစ်မရေ ... "

" Oိာန် "

ဖိုးစိန်လေး

°°°°••••°°°°••••°°°°••••°°°°

ကျေးဇူးကြီးပါ့ မေမေ

°°°°°°°°°°°°°°°°°°°°

တစ်ခါတုန်းက ကုန်တိုက်ကြီးတစ်ခုအပေါ်မှာ ရုပ်ရည်

သားသားနားနား ရှိုးကောင်းကောင်းနဲ့ လူငယ်တစ်ဦး 

စျေးဝယ်နေတုန်းအခိုက် အသက်၅၀ ကျော်ခန့် ဟိတ်ဟန်

ကောင်းကောင်း မိန်းမကြီးတစ်ယောက်က ထိုလူငယ်ကို

တစ်ချိန်လံုံး လိုက်ကြည့်နေပါသည်။

ကောင်တာတစ်ခုရောက်တော့ သူတို့နှစ်ယောက်ဆုံမိကြ

တဲ့အခါ မိန်းမကြီးကစပြီး...

" အို လူကလေးရယ် မင်းဟာငါ့သားလေးနဲ့ ခွဲမရအောင်

တူလွန်းပါလားကွယ် "

" ဗျာ "

" ဟုတ်တယ်ကွဲ့ သားလေးဆုံးသွားတာ တစ်လလောက်ပဲ

ရှိသေးတယ်..ငါ့လက်ပေါ်တင် ဆုံးသွားလို့သာဘဲ..မဟုတ်

ရင် ငါ့သားလေးလို့ကို ထင်မိမှာ အသေချာဘဲ... "

" အော်..ဟုတ်ကဲ့ပါ ခင်ဗျာ..လူတူမရှား နာမည်တူမရှား

ဆိုတဲ့ စကားလိုပေါ့ အန်တီ..ဖြစ်တတ်ပါတယ်လေ ... "

" အမ်မလေး..အဲ့လိုပြောလိုက်ခါမှ သားလေးကို ပိုတောင်

သတိရမိပြန်ပြီကွယ်.. ဒါကြောင့်မို့ ငါ့တူရယ်..တကယ်လို့

အပမ်းမကြီးရင် အန်တီစျေးဝယ်ပြီးလို့ ပြန်ထွက်ကာနီး 

မင်းကို နှုတ်ဆက်ခဲ့ရင် "ဂွဒ်ဘိုင်မေမေ" လို့ ပြန်နှုတ်ဆက် 

ပေးပါလားကွယ်..အန်တီ့သားလေး အလွမ်းပြေပေါ့ "

" ရပါတယ် အန်တီ ..ဒီကိစ္စ အပမ်းမကြီးပါဘူး ... "

ထို့နောက် နှစ်ယောက်စလုံး ကောင်တာ အသီးသီးတွင် 

လိုအပ်တာများ ဆက်လက် ဝယ်ခဲ့ကြပါသည် ။ မိန်းမကြီး

က စျေးဝယ်ကောင်တာတိုင်းတွင် တစုံတရာကို ကွိစိ ကွစိ နှင့် မှာကြားနေလေသည် ။ မိန်းမကြီးက အရင်စျေးဝယ်

ပြီးသွား၍ ပြန်ရန်ပြင်လိုက်ပါသည် ။ မိန်းမကြီးကုန်တိုက်

အပေါက်ဝမှ ထွက်ခါနီးတွင် ...

" သားရေ မေမေပြန်တော့မယ်ဟေ့ "

" ဟုတ်ကဲ့ ... ဂွဒ်ဘိုင် မေမေ "

" OK .. ငါ့သားလေး စိတ်ချမ်းသာသလိုသာ ဝယ်နေရစ်ခဲ့

တော့..အမေတော့ပြန်ပြီ ... "

လူငယ်ကလိုအပ်တာဆက်ဝယ်နေပြီး အားလုံးပြည့်စုံသွား

သည့်အတွက် ငွေရှင်းရန် ငွေရှင်းကောင်တာသို့ ရောက်

သော် အရောင်းစာရေးက ကျသင့်ငွေများတွက်ချက်ပေး

ပါတော့သည် ။ စာရေးတွက်ပေးသော ဘီလ် ကိုတွေ့သော

အခါ လူငယ်မျက်လုံးပြူးသွားပြီး... 

" ဟာ များလှချည့်လားဗျ..ကျနော် အဲဒီလောက် မဝယ်ခဲ့

ဘူးလေဗျာ "

" ဟုတ်ပါတယ်..ဒါပေမယ့် စောစောကပြန်သွားတဲ့ခင်ဗျား

အမေ ဝယ်ထားတဲ့ ဘီလ် ကိုပါ ခင်ဗျား ရှင်းတော့မှ ပေါင်း

ပြီး ရှင်းလိမ့်မယ်လို့ သူက မှာထားခဲ့လို့ပါ ခင်ဗျာ "

" Oိာန် ... "

( အဟောင်းတွေ ပြန်စုတင်လိုက်တာပါ )

.ထုံးစံမပျက်ချင်သူ

.

မူရင်းရေးသားသူ. ဆရာဖိုးစိန်လေးအား

ေလးစားစွာခရက်ဒစ်ပေးပါတယ်🙏🙏🙏

Soelamin. မှ.ပြန်လည်မျှဝေ ပါသည်

မူရင်းရေးသားသူ. ဆရာဖိုးစိန်လေးအား

ေလးစားစွာခရက်ဒစ်ပေးပါတယ်🙏🙏🙏

Soelamin. မှ.ပြန်လည်မျှဝေ ပါသည်

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့