ဥက္ကဌ ရွေးပွဲ
~~~~~~~~~~~
တစ်ခါတည်း ရွာတစ်ရွာမှာ ဥက္ကဌရွေးပွဲပြုလုပ်ကြသတဲ့၊ထူးဆန်းတာက ရပ်ရွာအုပ်ချုပ်ရေးအတွက်မဟုတ်ကြဘူး၊အဲ့ရွာကယောက်ျားတွေဟာ သူတို့မိန်းမတွေကို အလွန်ကြောက်ကြသတဲ့လေ၊အဲ့လိုသူတစ်လူငါတစ်မင်းကြောက်နေကြတာ မဖြစ်သင့်တဲ့အကြောင်း၊မိန်းမမကြောက်ရရေးနည်းလမ်းတွေ ဗျူဟာတွေရှာကြံသင့်ကြောင်း လဘက်ရည်ဆိုင်မှာ စပ်မိစပ်ရာပြောဆိုကြသတဲ့၊အဲ့လိုနဲ့တစ်ဖြည်းဖြည်း ယောက်ျားဖြစ်သူတွေစုပြီးပြောဆိုကြလေတယ်၊အဲ့ဒီကတစ်ဆင့် အဖွဲ့စည်းတစ်ခုထူထောင်ကြဖို့သဘောတူညီမှုရကြလေတော့ အဖွဲ့ကိုဦးဆောင်နိုင်သူကိုခေါင်းဆောင်တင်ကြဖို့အထိဖြစ်လာကြသတဲ့၊ခေါင်းဆောင်လုပ်သူဟာ မိန်းမ မကြောက်ဖို့သာ လိုအပ်ပါသတဲ့၊ဘာကြောင့်လဲဆို နည်းလမ်းတွေဗျူဟာတွေက ဝိုင်းဝန်းအကြံပေးကြမှာလေ၊မိန်းမမကြောက်မှသာ ခေါင်းဆောင်ကအရှိန်ဝါရှိမယ်မဟုတ်လား၊😆
ဒီလိုနဲ့အိမ်ကမိန်းမတွေမသိအောင် လှို့ဝှက်အစည်းဝေးလုပ်ပြီး မိန်းမမကြောက်ရေးဥက္ကဌရွေးပွဲ လုပ်ကြသတဲ့😂😂၊ခက်တာက. ခေါင်းဆောင်လုပ်နိုင်တဲ့အရည်းချင်းရှိသူကို ရှာမရဖြစ်နေကြရတယ်၊အတော်ကြာတဲ့အထိ ခေါင်းဆောင်နေရာမရနိုင်ကြလေတော့ လူတစ်ယောက်ကအကြံရပြီး ရုတ်တရက် "ဟာ..မိန်းမတွေလိုက်လာပြီဟေ့"ဆိုပြီးအော်ပစ်လိုက်တာ၊ဘာပြောကောင်းမလဲဝရုန်းသုံးကာ ထွက်ပြေးလိုက်ကြတာ အလဲလဲ အကွဲကွဲပါပဲ🤣🤣ဒီလိုနဲ့ခပ်ဝေးဝေးလေရောက်မှ မိန်းမတွေလိုက်လာတာမဟုတ်မှန်းသိသတဲ့၊ပြန်လှည့်လာကြတော့ ခန်းမကြီးထဲမှာ လူတစ်ယောက် မိန့်မိန့်ကြီးထိုင်နေတာ တွေ့ရသတဲ့လေ၊မိန်းမမေကြာက်သူ ထွက်မပြေးသူကြီးပေါ့ဗျာ၊အဲ့ဒါနဲ့ အားလုံးက ဝမ်းသာအားရဖြစ်သွားကြပြီး ခေါင်းဆောင်တော့တွေ့ပြီဟေ့၊မိန်းမမကြောက်သူ ဥက္ကဌနေရာကို သူ့ကိုဝိုင်းတင်ကြသတဲ့၊ကဲ..ဆရာကြီး ဥက္ကဌနေရာကိုကြွပါခင်ဗျာ ဆိုပြီးတွန်းထိုးလွှတ်လိုက်ကြတော့မှာ အဲ့လူကြီးက ထိုင်ရက်ကြီးသေနေတာကိုတွေ့ရသတဲ့၊အကြောက်လွန်ပြီးအသက်ထွက်သွားတာကိုးဗျ။😁😆😅🤣😂
Crd
Comments
Post a Comment