အိုက်လို့ပါကွာ
==========
"ဟေ့ကောင် မင်းမိန်းမက မင်းကို အိမ်ပေါ်က နှင်ချလိုက်တယ်ဆို..
ကွာရှင်းခွင့်လည်း တောင်းတယ်ဆို၊ ဘယ်လို ဖြစ်တာတုန်းဟ.."
"ပြောရမယ်ဆိုရင် ဇာတ်လမ်းက ရှည်ပါတယ်ကွာ..
ငါ့မွေးနေ့တုန်းကပေါ့၊ ငါ့မွေးနေ့ရောက်နေမှန်း ငါ့မိန်းမက သတိမရဘူး။ ငါ့သားသမီးတွေကလည်း မေ့နေကြတယ်၊ ယောက္ခမဆိုဝေလာဝေး။
ဘော်ဒါ အပေါင်းအသင်းတွေကလည်း တစ်ယောက်မှ Birthday wish လေး ဘာလေး လုပ်မယ့်လူ မရှိဘူး၊
ငါလည်း စိတ်ပျက်လက်ပျက်နဲ့ ရုံးကိုသွားတော့
ငါ့အတွင်းရေးမှူးမလေးက "ဟက်ပီးဘတ်ဒေးပါ ဘော့စ်"တဲ့ အပြုံးလေးနဲ့ ဆီးပြောတယ်။
ငါလည်း အရမ်းပျော်သွားတာပေါ့ကွာ၊ အဲဒါနဲ့ ငါသူ့ကို ညနေစာလိုက်ကျွေးလိုက်တယ်။
ပြီးတော့ သူက ငါ့ကို အခန်းတစ်ခုထဲ ခေါ်သွားတယ်ကွာ။
ငါလည်း အခွင့်အရေးကောင်းပဲ ဆိုပြီး လိုက်သွားတာပေါ့..
အခန်းထဲ ရောက်ရောက်ချင်း သူက မီးတွေအကုန်လုံး ပိတ်လိုက်တယ်..
ပြီးတော့ ပြုံးစိစိအမူအရာနဲ့ "အိမ်သာထဲ ခဏ သွားလိုက်ဦးမယ်နော်"လို့ပြောတယ်။
အဲဒီလိုနဲ့ ငါးမိနစ်လောက်ကြာတော့ ငါ့မိန်းမရယ်၊ ငါ့သမီးနှစ်ယောက်ရယ်၊
ယောက္ခမကြီးရယ်၊ ငါ့တစ်ရုံးလုံးက ဘော်ဒါတွေအားလုံး ထွက်လာကြတယ်။
အခန်းမီးတွေ အကုန်ဖွင့်လိုက်ပြီး "ဟက်ပီးဘတ်ဒေး" လို့အော်ကြတယ်။ အတွင်းရေးမှူးမလေးက ဘတ်ဒေးကိတ်ကြီးကို ကိုင်လို့ပေါ့ကွာ"
"အေးလေ အဲဒါနဲ့ မင်းမိန်းမက ဘာလို့မင်းကိုနှင်ချရတာလဲ"
"အတွင်းရေးမှူးမလေး အိမ်သာသွားတုန်း ငါက အ၀တ်အစားတွေအားလုံး အဆင်သင့် ချွတ်ထားမိတယ်..နွေရာသီဆိုတော့ တော်တော် အိုက်တာကိုးကွ"
အိုက်လို့ချွတ်လိုက်တာပါကွာ..
.
.😜
crd..
ချစ်ခြင်အားဖြင့် Yin Tun Royal
Comments
Post a Comment