မိသားစုပိုင် ယာမြေတစ်ခုကို
ညီအစ်ကို နှစ်ယောက်
အတူတကွ လုပ်ကိုင်ကြတယ်။
တစ်ယောက်က အိမ်ထောင်သည်။
သူ့မိသားစုကကြီးသည်။
နောက်တစ်ယောက်က လူပျိုလူလွတ်။
တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက် သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်း
များကို ညီအစ်ကိုနှစ်ယောက် ညီတူညီမျှ
ခွဲဝေယူကြသည်။
တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမားက
စဉ်းစားတယ်။
" လယ်ယာထွက် သီးနှံတွေအကျိုး အမြတ်
တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင့် တော်ဘူး။
ငါကတစ်ယောက်တည်း သမား။
ငါ့လို အပ်ချက်က နည်းနည်းလေး "
သည်လိုတွေးကာ ညတိုင်း သူ့စပါးကျီမှ
စပါးတစ်အိတ်ထမ်းကာ လယ်ကွင်းပြင်ကို
တိတ်တစ်ဆိတ်ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က စပါးကျီထဲ သွားထည့်လိုက်တယ်။
သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားတယ်။
"သီးနှံတွေ ဝင်ငွေတွေကို ညီတူညီမျှ ခွဲဝေယူနေ
ရတာ မမှန်ဘူး။ ငါကအိမ်ထောင်သည်။
ငါ့မှာအသက်ကြီးတဲ့အချိန် ပြု စုစောင့်ရှောက်ဖို့ မိန်းမရှိတယ်။ သားထောက် သမီးခံရှိတယ်။
ငါ့ညီမှာ တစ်ယောက်တည်း။ မမာရေး မကျန်းရေးဆိုရင် စောင့်ရှောက်ကြည့်မဲ့သူ မရှိဘူး"
တွေးကာ ညတိုင်းစပါးတစ်အိတ်စီ ထမ်းပြီး
သူ့ညီ စပါးကျီထဲ သွားထည့်တယ်။
သည်လိုနှင့် နှစ်ချီ၍ကြာလာတယ်။
ကိုယ့်စပါးကျီထဲကစပါးတွေ ညစဉ်ထုတ်ယူ
နေပါလျှက် လျော့ နည်းသွားခြင်းမရှိသည်ကို
နှစ်ယောက်လုံးပင် စဉ်းစားမရ ဖြစ်နေကြတယ်။
သို့သော် မှောင်နှင့်မည်းမည်းညတစ်ည၌
ညီအစ်ကို နှစ်ယောက် ဝင်တိုက်မိကြတယ်။
သည်တော့မှပင် တစ်ယောက်ကို တစ်ယောက်
ကြည့်ကာ ဖြစ်ပျက်နေပုံ အလုံးစုံကို နှစ်ဦးသား
တွေ့မြင်သဘောပေါက်သွားကြတယ်။
စပါးအိတ်တွေပစ်ချကာ ညီအစ်ကိုနှစ်ယောက်
တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ထားမိကြ
လေသည်။
ဒီနေရာမှာ တစ်ခုလောက်ပြောချင်တာက
တချို့ တချို့သော မိသားစုတွေမှာ
ညီအကို မောင်နှမတွေ သိပ်ချစ်ကျ သိပ်သိတက်
ကျတာတွေ တွေ့ဖူးပါတယ်။
သို့သော်
အိမ်ထောက်ရက်သားတွေ ကျသွားတဲ့အခါမတော့
တစိမ်းဖက်လာကျတဲ့အခါ အချင်းချင်း
ချစ်တာတွေ သိတက်တာတွေ လျှော့နည်း
မတည့်ကျ ၊ တခါတလေ စကားတောင်
မခေါ်မပြောနိုင်တာတွေ ရှိလာကျတယ်။
ဒါတွေဟာ မဖြစ်သင့်တဲ့အရာတွေပါ။
တချို့ တချို့ သောသူတွေပြောတာပါ။
မိသားစုအားလုံးမဟုတ်ပါဘူး။
မြန်မာစကားပုံတစ်ခုရှိပါတယ်။
" နွားကွဲရင် ကျားဆွဲမယ် " တဲ့။
ငယ်စဥ် အရမ်းချစ် အရမ်းသိတက်တဲ့
မိသားစုတွေ ၊ ညီအကို မောင်နှမတွေဟာ
အိမ်ထောင်တွေရှိလာရင် မိသားစုဝင်တွေ
တိုးလာတာပါဘဲ။ လူတွေတိုးလာတော့
ချစ်တာတွေ ၊ သိတက်တာတွေ ၊ အချင်းချင်း
တိုင်ပင်တာတွေ ၊ စည်းလုံးတာတွေ ပိုပြီး
တိုးလာရမဲ့အစား ၊ အချင်းချင်း မညီမျှမူ့တွေ
စိတ်ဝမ်းကွဲတာတွေ ၊ မခေါ်မပြောနိုင်တာတွေကို
စိတ်မကောင်းစွာ တွေ့လာရတယ်။
တကယ်ဆိုရင်
အထက်က ညီအကိုနှစ်ယောက်လို
တွေးခေါ်စဥ်းစားတက်ရင် မိသားစုတွေဟာ
တယောက်နဲ့တယောက် ဘဝကိုပျော်ရွှင်
အဆင်ပြေစွာ ဖြတ်သန်းနိုင်ကျမှာပါ။
ကိုယ့်ရှေ့ကလူ ရဲ့ တန်ဖိုးကိုသိမှ ကိုယ်တန်ဖိုး
ကိုသိမှာဖြစ်ပါတယ်။
ဖေမြင့်
Credit: Photo
မူရင်းစာရေးသူအား ချစ်ခင်လေးစားလျှက်။
ပြန်လည်မျှဝေပါသည်
Comments
Post a Comment