ဒီစည်းကိုကျော်ရဲကျော်ကြည့်

...................................


တခါတုန်းက ရွာတစ်ရွာမှာ

အရူးတစ်ယောက်ရှိပါတယ်။

အဲဒီအရူးကတနေ့မှာတော့

သူ့အိမ်ကယူလာတဲ့ ငှက်ကြီးတောင်ဓားရှည်ကြီး

ထမ်းပြီးတော့ရွာလယ်ခေါင်မှာ 

စည်းတစ်ခုဆွဲကာ တားထားလိုက်ပါတယ်။


အဲဒီဆွဲထားတဲ့စည်းပေါ်ကနေပြီးတော့

ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့

ပါးစပ်ကလည်း ဒီစည်းကို ကျောရဲတဲ့ကောင်ကျော်

ကြည့်ကွ ဒီစည်းကိုကျော်ရဲတဲ့ကောင်ကျော်ကြည့်ကွ

ငါ့အကြောင်းကောင်းကောင်းသိမယ်ဆိုပြီး

အော်နေပါတယ်။


ရွာလယ်ကောင်မှာ ဟိုဘက်ဒီဘက်

ဖြတ်ဆွဲထားတာဆိုတော့ ဒီစည်းကိုကျော်နိုင်မှလည်း

ကိုယ်သွားလိုသည့်ဘက် ခရီးဆက်နိုင်မှာဖြစ်ပါတယ်။


သို့ပါသော်လည်း မည်သူကမှ ဒီစည်းကိုဖြတ်မကျော်ရဲ

ကြပါဘူး။ ပြောနေတဲ့သူက အရူးကဖြစ်ပြန်

လက်ထဲမှာကလည်း ဓားရှည်လက်နက်ကြီးနဲ့ဆိုတော့ တကယ်အခုတ်ခံရရင် မလွယ်ဘူးဆိုပြီး

မည်သူမှမဖြတ်ရဲပါဘူး။


အရူးကလည်း ပါးစပ်ကနေ ဒီစည်းကိုကျော်ရဲကျော်ကြည့်ကွဆိုပြီး လျှောက်မြဲလျှောက်နေလို့ တဖြည်းဖြည်း လူတွေများလာပါတယ်။


အဲဒီအချိန်မှာ ရွာထဲက တကယ်သတ္တိရှိတဲ့သူ

တစ်ယောက်ရောက်လာပါတယ်။ သူကလည်းသတ္တိ

ရှိသူဆိုပေမဲ့ အခုရင်ဆိုင်ရမှာ အရူးဆိုတော့

နည်းနည်းလန့်ပါတယ်။အရူးဆိုတာက

နင်လားငါလားဇွတ်ခုတ်နေရင် အခုတ်ခံရ

လည်းအခက်။သူ့ကိုလုပ်လိုက်ပြန်ရင်လည်း

အရူးကိုလုပ်ရကောင်းလားဆိုပြီး

အရူးဝန်းရံသူတွေအပြောခံရမှာလည်း

အခက် ဖြစ်နေပါတယ်။


ကဲနောက်ဆုံး ဒီစည်းကျော်ဖြတ်မှဖြစ်မယ်ဆိုတော့

အဲဒီလူက ကဲကျော်တယ်ကွာ ကျော်တော့ဘာဖြစ်သလဲဆိုပြီး စည်းကိုဖြတ်ကျော်လိုက်တော့..

ခုနကဓားကိုင်ထားတဲ့အရူးက


"ကျော်တော့ရောက်တာပေါ့ " တဲ့..


တကယ်က ဓားကိုင်ထားသူကအရူးပါ

စည်းကိုကျော်ဖြတ်ရဲရင် လိုရာခရီးကိုရောက်ပါတယ်။


ကျော်ရဲတဲ့သတ္တိရှိဖို့ပဲလိုပါတယ်..

အရူးဆွဲထားတဲ့စည်းကို

ကျော်နိုင်ကြပါစေ။ ။

Crd


မင်းသုည(ဗုဒ္ဓတက္ကသိုလ်)


Soe Lamin ..ဘူးသီးဟာသ.ဂရု.တနှစ်ပြည့်ပို့စ် 


ပြန်လည်မျှဝေ ပါသည်..Soelamin

Comments

Popular posts from this blog

ချောတယ်လို့