မင်းမဲ့ စရိုက်တွေဆန်ကုန်ကြပြီလားဗျာ😢
မနက်က ဖြတ်သားလေးတစ်လုံးပါလို့
ကျောက်ဝိုင်းမီအောင် မြို့ထဲကို စောစောသွားခဲ့တယ်။
ကျောက်ဝိုင်းရောက်တော့ ကျောက်ဝိုင်းမှာ
လူ မစည်သေးဘူး။
ဒါနဲ့ Wifi တစ်နာရီလောက် သုံးအုံးမယ်ဆိုပြီး
Wifi ရတဲ့ဆိုင်ကို သွားလိုက်တယ်။
ကော်ဖီတစ်ခွက်ရယ်၊ပဲ ပလတာရယ် မှာပြီး
ဝယ်ဖိုင် တစ်နာရီပါသုံးမယ်ဆိုပြီး
ဖုန်းကို ဆိုင်ကကောင်မလေးဆီ ထိုးပေးလိုက်တာ
ဘာမပြော ညာမပြော၊ ကျွန်တော့်ကိုရိုက်ပါလေးရော။
အဲဒီကောင်မလေး စရိုက်တာမြင်တော့
တခြားကောင်မလေးတွေ ဝင်ပြီး
ရိုက်လိုက်ကြတာဗျာ😢
ရိုက်နေတဲ့ ကောင်မလေးတွေ ကြည့်မိလိုက်လည်း
ဆိုင်ကောင်း၊ဆိုင်သန့်ဆိုတော့
ကိုးရီးယားမလေးတွေလို ချောချောလေးတွေချည်းပါပဲ။
ဆက်ပြီးပဲ ရိုက်နေကြတော့
ကျွန်တော်လည်း သည်းမခံနိုင်တော့တာနဲ့
"ခင်များတို့ ဘာလို့ ကျွန်တော့်ကို ရိုက်နေကြတာ
လဲဗျာ"မေးမိတော့
စရိုက်တဲ့ ကောင်မလေးကဖြေတယ်။
"ဆိုင်ကို wifi လာသုံးကြသမျှထဲမှာ
ဒီက ကော်ရီးက အချောဆုံးဖြစ်နေလို့
ညီမလေးသူငယ်ချင်းတွေ ငါ့ရဲ့ကော်ရီး ဆိုပြီး
ကြွားချင်လို့ ရိုက်လိုက်ပါတဲ့"😝
အဟိ😜
အဲတော့လည်း စိတ်ဆိုးရခက်
ငြိမ်ခံရခက်နဲ့
ရှေ့မျက်နှာ ရှေ့မှာပဲထားပြီး
(နောက်ဘက်ရောက်အောင် ထားလို့မှမရတာ😂)
ဓာတ်ပုံတော်တော်လေး ရိုက်ခံခဲ့ရသေးတယ်ဗျာ😁😁😁
Crd Idea
ဆန်းသူရိန်(ခရမ်းကျွန်း)
Comments
Post a Comment