ဖြတ်ရခက်တဲ့ကြိုး


                ဗျို့ကားဆရာကားအားသလား၊နံဘေးမှကားငှါးသောအသံကြောင့်ကားဆရာမှိန်းနေရာမှလန့်နိုးသွားသည်။အားရင်အင်းစိန်ကိုမြန်မြန်လေးမောင်းပေးပါဗျာ၊အဆင်ပြေအောင်ပေးပါ့မယ်၊လုပ်ဗျာမြန်မြန်လေး၊နောက်ကျနေလို့ဗျ။ဤသို့နှစ်ဦးနှစ်ဘက်အဆင်ပြေပြီးသကာလကားကလေးကရန်ကုန်-အင်းစိန်လမ်းမကြီးအတိုင်းတရိပ်ရိပ်ပြေးနေလေသတည်း။ထိုစဉ်ကားဆရာ၏လက်ကိုင်ဖုန်းသို့အိမ်မှမဟေသီလေဒီ၏ဖုန်းဝင်လာလေသတည်း။အင်းမိန်းမကလည်းဗျာကားဆွဲမကောင်းပါဘူးဆိုမှသူ့အမေကိုအဝေးပြေးကားဂိတ်လိုက်ပို့ခိုင်းနေတယ်ဗျာ၊ကလေးတွေလည်းညနေကျောင်းကြိုရအုံမယ်ဗျာ၊တယ်ခက်တာဘဲဗျာ။ကားဆရာကငြီးငြူသလိုနှင့်နံဘေးကခရီးသည်ကိုလှမ်းပြောလိုက်သည်။

အဲဒါသံယောဇဉ်ကြိုးတွေပေါ့ဗျ၊ခရီးသည်ကစကားစလေ၏။ကျုပ်ဆိုအသက်ခြောက်ဆယ်ပြည့်လုပေါ့၊ဒီကြိုးတွေကိုအတတ်နိုင်ဆုံးရအောင်ဖြတ်တယ်၊စဉ်းစားကြည့်လေဗျာ၊ဒါတွေကကိုယ့်ကိုရစ်ပတ်နေတာဗျ၊တလောကဆိုသမီးအကြီးမကဘာပြောတုန်းဆိုတော့၊အဖေရယ်တဲ့၊သမီးမအားတဲ့တရက်တလေအိမ်ကိုအဖေ့မြေးလေးတွေလာထားပါရစေတဲ့၊ကျုပ်ကဟေ့မလုပ်နဲ့လုပ်နဲ့၊ငါ့တို့အဖိုးကြီး၊အဘွားကြီးလင်မယားအေးအေးဆေးဆေးနေပါ့ရစေဆိုပြီးတောင်းပန်ထားရတယ်။ဒါတွေဟာသံယောဇဉ်ကြိုးတွေပေါ့ဗျ၊ကျုပ်တို့၊ခင်ဗျားတို့အသက်အရွယ်ရလာတာနဲ့အမျှဖြတ်နိုင်အောင်ကြိုးစားရမယ်လေဗျာ။လုပ်ဗျာသွက်သွက်ကလေးမောင်းပေးစမ်းပါ၊ကျုပ်နောက်ကျနေလို့ပါ၊ဟုတ်ကဲ့ဆရာ 

ဆရာနောက်ကျနေတဲ့ကိစ္စကအရေးကြီးလို့လားဗျ။

       

             ဟ၊အရေးကြီးတာပေါ့ဗျ၊မနက်ကအိမ်ကကြောင်မလေးနှစ်ကောင်အစာကျွေးဖို့မေ့ခဲ့လို့အလုပ်ကနေခင်ဗျားကားကိုဌားပြီးအစာပြန်ကျွေးတာဗျ။


   လုပ်ဗျာမြန်မြန်လေးမောင်း၊ကလေးတွေဆာရော့မယ်။…………………. 

Crd

   

                                                   ပြီး

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့