လူတစ်ယောက်
သူ့မိန်းမမွေးထားသော ကြောင်ကို အလွန်မုန်းသဖြင့် တစ်နေ့တွင် ၂၀ ဘလောက် လောက် ကားမောင်းပြီး ပစ်ထားခဲ့သည်။
အိမ်ပြန်ရောက်တော့ ကြောင်က ကားဂိုဒေါင်နားမှာ
အိပ်နေသည်။
နောက်ရက်ကျတော့ ဘလောက် ၄၀ မောင်းပြီး
ပစ်ထားခဲ့သည်။
အိမ်ပြန်ရောက်တော့ ကြောင်က
မိန်းမပေါင်ပေါ် အခန့်သား။...
နောက်နေ့တွေမှာ ဝေးသည်ထက်ဝေးအောင် ပစ်ထားခဲ့သော်လည်း ကြောင်က သူ့ထက်အရင် အိမ်ပြန်ရောက်နေမြဲ။
မရတော့သည့်အဆုံး ကြောင်ကို မရောက်ဖူးသေးသော နေရာကိုခေါ်သွားသည်။ တံတားကို ဖြတ်သွားသည်။
ဘယ်ကွေ့၊ ညာကွေ့၊ ဂငယ်ကွေ့ ကွေ့လို့ရသမျှ အကုန်လျှောက်ကွေ့သည်။
ကြောင် မမှတ်မိလောက်တော့ဟု စိတ်ချသောအခါ ပစ်ထားခဲ့လိုက်သည်။
နာရီအနည်းငယ်ကြာသောအခါ မိန်းမဖြစ်သူထံဖုန်းလာသည်။
"ဂျင်နီရေ အိမ်မှာ ကြောင်ပြန်ရောက်နေပလား။"
"ရောက်နေပြီ ယောက်ျား။ ဘာလုပ်မလို့လဲ။"
"အေး၊ ဒင်းကို ဖုန်းပေးလိုက်စမ်း။
ငါဒီမှာ အိမ်မပြန်တတ်တော့လို့။" 😒
Credit to original uploader
Htike (Solo)
Comments
Post a Comment