လျှာရှည်တဲ့ကောင်ခံ

😂😂😂😂😂😂😂


'' ဆရာ..ကားတစ်စီးပေါ်က မူးယစ်ဆေးဝါး တစ်ထုပ် ဖမ်းမိထားတယ် ဆရာ ''


'' အာ့ဆို..ကားမောင်းသမားကို ဖမ်းလေ။ ဒီကောင် တရားခံ နေမှာပေါ့ ''


'' ကားမောင်းသူက..ဆရာ့သားပါ ဆရာ..''


'' ဟေ...''


ဆရာ မျက်ဖြူ ဆိုက်ပြီလေ


''အဲ..ဟို..အာ့ဆိုလည်း..နောက်ကလိုက်တဲ့ ခရီးသည်ကို ဖမ်းကွာ ။ သူ သယ်လာတာ နေမှာ..''


'' ခရီးသည်က ဆရာ့အမျိုးသမီးပါ ဆရာ ''


'' ငင် ''


ဆရာ

ခေါင်းကုတ်လေပြီ..


'' အေးး..အာ့ဆိုလည်း..ကားကိုပဲ ဖမ်းလိုက်ကွာ..။ သူ့ပေါ်မှာ မိတာ မလား ''


'' ကားက ဌာနပိုင်ကားပါ ဆရာ''


'' ငိ ''


ခက်လေပြီ


'' အေးကွာ..အဲ့လို ဆိုတော့လည်း..ပိုင်ရှင်မဲ့ ပေါ့ကွာ..လမ်းပေါ်က ကောက်ရတယ်ပေါ့ ..ဟုတ်ပလား ''


'' မရဘူး ဆရာ..ဆရာ့သားက သူ့ဟာ တဲ့ ။ စျေးကြီးပေးပြီး ဝယ်လာရတာ တဲ့.. ''


'' စပ တဲ့မှ ကွာ..''


ဆရာဖြစ်သူ

စဉ်းစားရ ကျပ်လေပြီ

နောက်တော့..


'' အာ့ဆိုလည်း..မင်းပဲ နယ်ပြောင်းလိုက်တော့ကွာ..''


'' ဗျာ..''


😁😁😁😁😁


#CREDIT..


       #Kokolin

Comments

Popular posts from this blog

ချောတယ်လို့