" လူရိုးကြီး ကိုချစ်ပို "
သူ့မိန်းမအမြင်မှာ ကိုချစ်ပို
တစ်ယောက်ဟာ အေးလွန်းတယ်
မနက်ရုံးသွား ရုံးဆင်း
ကြက်တောင်ကလပ်မှာ ကြက်တောင်
ဝင်ရိုက် အိမ်ပြန် ထမင်းစား အိပ်
မနက်ရုံးသွား ဒါနဲ့ပဲ သံသရာလည်နေတယ်
ကိုချစ်ပို ရှင့်မလဲ အေးလိုက်တာ
ယောက်ျားပီပီသသ ဘီယာလေး
ဘာလေး တစ်ခါတစ်လေသောက်
စင်တင်လေး ဘာလေးသွား
ကောင်မလေး သီချင်းဆိုတာတွေ
သွားကြည့်ပါလား ဆိုတော့ ....
ကိုချစ်ပိုက .. အိုကွာ မင်းသိသားနဲ့
ဒါတွေက ငါနဲ့ လားလားမှ မအပ်စပ်
ပြဒါးတစ်လမ်း သံ တစ်လမ်း
ငါ့ဟာ ငါ အေးဆေးနေပါရစေ
မိန်းမလဲ မဖြစ်ချေဘူး ဒင်းကို
ငါကိုင်တိုင် ပို့ပေးမှဆိုပြီး
တစ်ညနေ ကိုချစ်ပို ကြက်တောင်
ရိုက်အပြီး စောင့်ကြည့်ကာ
ကြက်တောင် ကလပ်ဘေး
ကပ်လျှက်က စင်တင် ဘီယာဆိုင်ကို
ခေါ်သွားတယ်
ထိုင်ရုံရှိသေး ဘာမှမမှာရသေးဘူး ဝိတ်တာတစ်ယောက်က
မြန်မာဘီယာတစ်လုံး တန်းလာချသွားတော့ ကိုချစ်ပိုက သူ့မိန်းမကိုပြောတယ်
ငါတို့ကြက်တောင် ကလပ်က တစ်ခြားလူတွေ ဒီဆိုင်လာရင် မြန်မာဘီယာတစ်မျိုးပဲ သောက်ကြတယ်
ပြောသံကြားဘူးတယ်ကွ
ငါ့လဲ ဒီကြက်တောင် ကလပ်ထဲကဆိုပြီး မြန်မာ ဘီယာကို မမေးပဲ တန်းချသွားတာဖြစ်မယ်တဲ့
မကြာပါဘူး
ကန်ဇွန်းရွက် ပလိန်းတစ်ပွဲ
တန်းလာချသွားပြန်ရော ..
ကိုချစ်ပိုက ပြောပြန်ရော
မြန်မာဘီယာက ဒီဆိုင်မှာ
promotion လုပ်နေတယ်ပြောတယ်
မြန်မာဘီယာသောက်သူတိုင်းကို
ကန်ဇွန်းပလိန်းတစ်ပွဲ free ပေးတယ်လို့ပြောတယ်
လက်စသပ်တော့ ကလပ်ကကောင်တွေ ဒီဆိုင်ပဲလာနေကြတာ ဒါ့ကြောင့်ကိုး
ဟားး .. ဟားး .. ဟားး ..
သူ့မိန်းမကတော့ သိပ်မသင်္ကာတော့ဘူး
ခဏနေတော့ စင်တင်စတိတ်ရှိူးက
သီချင်းဆိုတဲ့ ကောင်မလေးတစ်ယောက်
ဝိုင်းနားရောက်လာတယ် ..
ထိုင်နေတဲ့ ကိုချစ်ပိုကို ခုံနောက်ကနေ သိုင်းဖက်ပြီး
ကိုချစ်ပိုကြီး သမီးကို ပန်းကုံးမချတာ ၃ ရက်ရှိပြီနော်
ဒီနေ့တော့ သမီးကို ပန်းကုံး များများ ချရမယ်နော်
ဧည့်သည်လဲ ပါးလို့ပါ ...
ခုဘယ်ဆိုင်က စော် ကြီး ခေါ်လာတာတုန်း ဆိုပြီး
ကိုချစ်ပို ပါးကို လိမ်ဆွဲပြီး ထွက်သွားကရော
မိန်းမလဲ ပေါက်ကွဲပြီး လာစမ်း သေနာ ပြဒါးတစ်လမ်း သံတစ်လမ်းကြီး
အိမ်ကျမှ ကောင်းကောင်းသိမယ်ဆိုပြီး ကိုချစ်ပို ကို နားရွက်ကဆွဲ ဆိုင်ရှေ့မှာတွေ့တဲ့ taxi ကားပေါ်တတ်ပြီး တစ်လမ်းလုံး ဆဲဆိုလာတာကို
ကြားတော့ taxi ဒရိုင်ဘာက နောက်လှည့်ပြောတယ်
ကိုချစ်ပိုကြီး ဘယ်လိုဖြစ်တာလဲ
အရင်စော်တွေလိုမဟုတ်ဘူး
ခင်ဗျား ဒီနေ့ `မ´ လာတဲ့
" စော်ကြီးက ကြမ်း လိုက် တာ တဲ့ " 😂
#တေပီလေ🥴
Crd
#Credit: #Photo_credit
Comments
Post a Comment