လူပျိုကြီးလုပ်ရတဲ့အကြောင်းရင်းက


လူပျိုကြီးဆိုတာ … 

သော့ခလောက်တိုင်းကို ဖွင့်ခွင့်ရှိတဲ့ …

မာစတာကီးဆိုတာ ဘယ်သူမှငြင်းလို့မရဘူး …


မှောက်ထားတဲ့ ဖဲချပ်လိုပဲ …

လူတိုင်းက စိတ်ဝင်စားနေကြတာ …


လူပျိုကြီးဆိုတာ …

အရာမယွင်းသေးတဲ့ ပတ္တမြားတလုံးပဲ …

ဒါကိုသိလို့ ကဖိုးနီ လူပျိုကြီးလုပ်ခဲ့တာဖြစ်တယ် …


မိန်းမယူတယ်ဆိုတာက …

ကြက်တူရွေးတစ်ကောင်မွေးလိုက်တာ …

မြွေပွေးကို ခါးပိုက်ပိုက်လိုက်တာ …

လွပ်လပ်ခွင့်ကို စစ်တပ်ကိုအပ်လိုက်တာ …

တကယ်တော့ အာဏာရှင်ကို  

အုပ်ချုပ်ခွင့်ပေးလိုက်တာနဲ့တူတူပဲ … 


လက်ထပ်စာချုပ်ဆိုတာကျတော့ …

လက်နက်ချကြောင်း သဘောတူညီမှုစာချုပ် 

ချုပ်လိုက်တာ …တနည်းအားဖြင့် …

ရန်သူကို သေနတ်နဲ့ချိန်ခွင့်ပေးလိုက်တာ … 


နောက်ပြီး လူပျိုကြီးဆိုတာ …

အိမ်ထောင်သည်တွေလို …

ကိုယ့်ပိုက်ဆံကိုယ် ခိုးသုံးစရာမလိုဘူး …

ကိုယ့်အလုပ်ချိန်ကိုယ် လိမ်ပြောစရာမလိုဘူး …


အိမ်ထောင်သည်ဆိုတာမျိုးက …

ချိန်ကိုက်ဗုံးတစ်လုံးကို ရင်ခွင်ပိုက်ထားရတဲ့သူနဲ့တူပြီး …

လူပျိုကြီးကျတော့ …

ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးနဲ့ တူတယ် … 


ဆေးပေးမီးယူတဲ့ …

ဆေးခတ် မီးရှို့သွားရင်ရော ??

မိန်းမတိုင်းမြတ်နေရင် …

စူဠသုဘဒ္ဒါဆိုတာ ရှိလာမှာမဟုတ်ဘူး …


ဒါကြောင့် လူပျိုကြီးဆိုတာ …

လွပ်လပ်ခြင်းကို ကန့်သတ်မခံရတဲ့သူ …

အိမ်ပြန်ချိန်တွေကို ပေတံမတားခံရတဲ့သူ …

လခကို စိတ်ကြိုက်သုံးစွဲခွင့်ရှိသူ …

အပျိုလေးတွေရဲ့ စိတ်ကူးပန်းချီ …

အပျိုကြီးတွေရဲ့ မျှော်လင့်ချက် …

လူပျိုလေးတွေရဲ့ အတုယူစရာ …

အိမ်ထောင်သည်တွေရဲ့ မနာလိုခံရသူ …


ပြောမယ့်သာပြောတာ …

လူမိုက်တွေများတဲ့ခေတ်မှာ လူလိမ္မာ(လူနည်းစု)တွေပဲ

အိမ်ထောင်မပြုသင့်မှန်း သိကြတာပါလေ …

...........crd

-ခွက်ဒစ်

လူပျိုကြီးတွေShakeလိုက်တော့ဟေ့....

Comments

  1. ရှိတ်လိုက်တော့ဟေ့ 😁

    ReplyDelete
  2. ရှိုတ်လိုက်ပါအုံး

    ReplyDelete

Post a Comment

Popular posts from this blog

ချောတယ်လို့