"မမှန်လို့လား"
😎ဇီဝဗေဒဘာသာအဆင့်မြင့်တန်းမှာ
တက်နေကြတဲ့ ကျောင်းသားတွေဟာ
နောက်ဆုံးစာမေးပွဲကြီးကိုဖြေနေကြပါတယ်
အဲ့သည်မှာ နောက်ဆုံးမေးခွန်းက
" မိခင်နို့၏အားသာချက် ၇ချက်ကို ရေးသားဖြေဆိုပါ"
လို့မေးထားပါတယ်
😎အဲ့သည်မေးခွန်းက အမှတ်၇၀ ဖိုးဖြစ်ပြီး
အကုန်လုံးဖြေနိုင်မှ အမှတ်ပြည့်ရမယ်
အကုန်လုံးမဖြေနိုင်ရင် သုညပဲရမှာဖြစ်ပါတယ်
😎ကျောင်းသားတစ်ယောက်ဟာ ၇ ချက်လုံး ဖြေနိုင်ဖို့အရေး
အတော်ကြီးကို ကြိုးစားပြီး ခြစ်ကုတ်ရေးနေရပါတယ်
သူဘာတွေရေးသလဲ ဆိုတော့
၁- မိခင်နို့သည် ကလေးအတွက်ပြီးပြည့်စုံသောဖော်မြူလာနှင့်ဖော်စပ်ထားပါသည်
၂ -မိခင်နို့သည် ရောဂါအတော်များများအတွက်ခုခံနိုင်သည့် ကိုယ်ခံအားကိုထုတ်ပေးသည်
၃- မိခင်နို့သည်မပူလွန်းမအေးလွန်းပဲအနေတော်ဖြစ်သည်
၄- မိခင်နို့သည်ဈေးမကြီးပါအလကားရပါသည်
၅- မိခင်နို့သည်မိခင်နှင့်သားငယ်ကိုပေါင်းစည်းပေးသောအရာဖြစ်သည်
၆- မိခင်နို့သည်လိုသောအချိန်တွင်ရပါသည်
အဲ့သည်လိုရေးလာရာကနေ နောက်ဆုံးတစ်ချက်ကိုရှာကြံရေးဖို့ရာ
အကြံကုန်လုနီးပါးဖြစ်လာပါတယ်
အချိန်ကလည်း စေ့ကာနီးခေါင်းလောင်းထိုးကာနီးဖြစ်နေပါပြီ
xxxxxxxxxxx
နောက်ဆုံးမှာ သူကြံရာမရဖြစ်ပြီး
အခုလိုပဲ ရေးချလိုက်ပါတော့တယ်
၇- မိခင်နို့သည်
အလွန်လှပစွဲမက်စရာကောင်းသော
ထည့်စရာနှစ်လုံးထဲတွင်ထည့်ထားခြင်းဖြစ်ပြီး
ခိုးစားတတ်သည့်
ကြောင်များမမှီသော
အမြင့်တွင်တည်ရှိကာ
မှောက်၍လည်းမကျနိုင်ပါ 😲
xxxxxxxxx
အဲ့ဒိငတိ ဂုဏ်ထူးထွက်သွားပါသည်
😁😁😁😁😁😁😁
Crd
Comments
Post a Comment