ကျနော်က နယ်မြို့လေးတစ်မြို့ကပါ....
မြို့က ခပ်ကျဉ်းကျဉ်းလေး..
မြို့လေးထဲက လူပျိုလူလွတ်တွေထဲ
ကျနော် ရုပ်အဖြောင့်ဆုံးလို့...
အားလုံးက ပြောကြတာပါပဲ...
အရပ်ကလည်း အရမ်းမမြင့်တောင်
ခပ်ပုပုထဲတော့ မပါဖူး....
ကျနော်ပြောချင်တာက...
ကျနော် လူပျိုဖြစ်ပြီး အသက် ၁၉ နှစ်လောက်ထဲက
အိမ်ကို လာတောင်းတဲ့သူတွေ ရှိလာတာပဲ..
ကျနော့ကို လာတောင်းတာပေါ့ဗျာ....
by name တပ်ပြောရရင်..
မူယာတို့အိမ်ပါတယ်...ဖြူဖြူတို့အိမ်ကောပဲ..
မြို့စွန်က မအေးမြင့်လည်းပါတယ်...
နောက် ရှိပါသေးတယ်... ဒါပေမဲ့
ဘယ်သူမှ အဆင်ပြေ မသွားကြပါဖူး..
နောက်ဆုံးကျ အဖေက ကျနော့ကို
ပွင့်ပွင့်လင်းလင်း ခေါ်ပြောတယ်
''မင်း တစ်ခုခုတော့ ဆုံးဖြတ်ကွာ..
.
.
.
.
.
.
.
.
အိမ်ပေါ်က ဆင်းမလား...
သူတို့အကြွေးတွေ ပြန်ဆပ်မလား''
(p.s. တော်တော်ရှုပ်တဲ့ မြန်မာစကား
CRD
Comments
Post a Comment