" အိမ်ထောင်သက်တမ်းကြာလာတဲ့ အခါ "

•••••••••••••••••••••••••••••••••••••••


သူ့ဘဝ က .. ကျပန်း ပန်းရံအလုပ် သမား 

ဘဝကနေစပြီး တဖြည်းဖြည်းနဲ့

သံလျှက်ကိုင် 

ပန်းရံဆရာတစ်ယောက်ဖြစ်လာခဲ့တယ် 


အဲ့ကနေ တစ်ဆင့်ပြီး တစ်ဆင့် 

ကန်ထရိုက်လုပ်ငန်းရှင်ဖြစ်လာရာက 

တစ်ဖြည်းဖြည်း နဲ့ .. 

အိမ်ခြံမြေ ကုမ္မဏီမှာရှယ်ရာတွေ ဝင်ရာက ..


ခုဆို အိမ်ခြံမြေ နဲ့ဆောက်လုပ်ရေးကုမ္မဏီ 

ပိုင်ရှင်ဖြစ်လာခဲ့ တယ် 

.......


သူ့ ကုမ္မဏီ ဟာ

နာမည်တော်တော်လေးရနေ ပြီး 

အဲ့ဒီအရာဟာ 

သူ့စိတ်တွေကိုပြောင်းလဲ လာစေခဲ့တော့တယ် 

.......

သူ့ရဲ့ ပန်းရံ အလုပ်သမားဘဝကတည်း 

က .. နှစ်ပေါင်းများစွာ အတူတူပေါင်းသင်း

စောင့်ရှောက် လာခဲ့ပေးတဲ့ သူ့မယား ဟာ

ညိုညို ညှက်ညှက် ပိန်ပိန် ပါးပါး

ညိုချော လေးကနေ ခုဆို ဝဝတုတ်တုတ် 

မဲမဲ တူးတူး ကြီး ဖြစ်လာတယ် 


အသားအရေ တွေကလည်းနုနယ်ပြေပြစ်

ရာကနေတဖြေးဖြေးကြမ်းတမ်းခက်ထော် 

ယုံမက တနေ့တခြား တွန့်လိမ်

အရေးအကြောင်းထင်လာခဲ့တယ် 

......

သူများမယားချောချောလှလှ တွေနဲ့ 

ယှဉ်ရင် ပုံဆိုးပန်းဆိုးဖြစ်နေ တဲ့

သူ့မယားကို တစ်ဖြည်းဖြည်း

စ်ိတ်ကုန်လာ ညီးငွေ့ လာခဲ့တော့ တယ် 

....

ဒါပေမဲ့ သူ့မယားအကြောင်းတွေးမိတိုင်း 

အတိတ်တုန်းက အတူတူ 

ပင်ပန်းဆင်းရဲ ခဲ့တာတွေ ကိုလဲမေ့မရခဲ့ဘူး 

....

ဒါပေမဲ့သူ့အနေနဲ့

သူမယားရဲ့ ရုပ်ရည်နဲ့ခန္ဓာကိုယ် ကို 

သီးမခံနိုင်တဲ့အဆုံး စုံတွဲ ဘဝကို

တော်လောက်ပြီလို့ စဉ်းစားတယ် 

အမှန်တော့ သူနဲ့ပရောပရီ ဖြစ်ပြီး 

အပေးအယူ မျှနေတဲ့ သူ့ရဲ့ကုမ္မဏီ က

အတွင်းရေးမှူးမလေး ကို 

သူသဘောကျ နေခဲ့တာပါ 

.......

ဒါနဲ့ 

သူ့မိန်းမ နာမည်နဲ့ ဘဏ် စာအုပ်လုပ်ပြီး 

သိန်း ၁၀၀၀ ထည့်ထားပေးတယ် 

ပြီးတော့ 

အိမ်တစ်လုံး လည်းဝယ်ထားပေး ပြီး 

သူ့မိန်းမ ကို လုံလောက်ပြည့်စုံအောင်

ထောက်ပံ့ပေးထားခဲ့တယ် 

........

သူ့အနေနဲ့ 

တာဝန်မဲ့တဲ့သူမဖြစ်ချင်တဲ့အတွက် 

မယားဖြစ်သူရဲ့ အနာဂါတ်အတွက် 

ကိုကြိုတင်ပြင်ဆင် ပေးထားခဲ့တယ် ...


သူ့မယားကို အခက်မတွေ့စေချင်ဘူး 

ဒီလိုမှမဟုတ်ရင် သူ့စိတ်ထဲကောင်းမှာ ၊

လိပ်ပြာလုံမှာ မဟုတ်ဘူး

........

နောက်ဆုံးတော့ သူ့အစီ အစဉ်တွေကို 

သူ့မိန်းမကိုပြောပြလိုက်တယ် 


သူမ ဟာ သူ့ရဲ့ အကြောင်းပြချက်နဲ့

တောင်းဆိုချက်တွေကို ရိုရိုကျိုးကျိုးနဲ့

ငြိမ်ငြိမ်လေး ထိုင်နားထောင်ပေးတယ် 

.........

သတ်မှတ်ထားတဲ့ နေ့ ရောက်တော့ 

သူ့မိန်းမကို 

အိမ်ဂရမ် နဲ့စာချုပ်စာတမ်းတွေ

ဘဏ်စာအုပ်တွေကိုလွဲပေး ပြီး 

နှစ် ၂၀ ကျော်လက်တွဲလာတဲ့ 

ဘဝ ကိုအဆုံးသတ်လိုက်ပြီး 

အလုပ်ရုံးခန်းဆီ ကို ထွက်လာခဲ့တော့တယ် .........


တမနက်လုံးသူ စိတ်တွေ ဂဏှာမငြိမ်ဘူး

နေ့လည် ခင်းကျတော့သူအိမ်ပြန်လာတော့ 

သူမိန်းမ လည်းထွက်သွားခဲ့ပြီ 

..........

သူမ ဟာသူဝယ်ထားပေးတဲ့ 

အိမ်သော့ နဲ့အိမ်ဂရမ် တွေ

ဘဏ်စာအုပ်တွေကို 

သူ့အိပ်ယာဘေးမှာချထားပေးခဲ့တယ် 

........

အဲ့အောက်မှာ 

သူမ ရေးထားတဲ့စာတစ်စောင်လည်း 

ရှိနေတယ် 

......

ကျွန်မပြန် သွားပြီ ..နော် 

အမေတို့ ရွာကိုပဲပြန်မှာပါ ၊ရှင် ရှာထားတဲ့ 

ပိုက်ဆံတွေ ၊ အိမ် တွေ 

ကျွန်မ အတွက်

မလိုအပ်လို့ ပြန်ထားခဲ့လိုက်တယ် ..

 အမေတို့ဆီ မှာ

ကျွန်မအတွက် အကုန်ရှိတာပဲ

.....

အဝတ်အစား တွေ အိပ်ရာခင်းနဲ့ 

ခြုံစောင်အထူတွေ

ကျွန်မလျော်ထားပေးခဲ့တယ်

အဝတ်ဘီရို ရဲ့

အောက်ဆုံးထပ်မှာ ထည့်ထားတယ် 

အေးတဲ့အခါ ယူခြုံဖို့မမေ့နဲ့အုန်း

........

အဝတ်တွေကို 

ချိတ်နဲ့ချိတ်ထား ပေးတယ်

ရှင့် ရဲ့ ခြေအိပ်တွေ နဲ့ ခါးပတ်တွေ က 

ဘီရိုအလယ်ထပ် မှာနော် 

အတွင်းခံတွေ လဲလျော်ထားပြီး 

အဝတ်ဘီဒို ဘယ်ဖက်ကအံဆွဲထဲမှာ 

လိပ်ပြီးစီထားတယ်နော် 

--

ကျွန်မ မရှိတော့ ပေမဲ့ 

ဆရာပေးထားတဲ့ အစာ အိမ်ဆေး တွေ 

သောက်ဖို့ မမေ့နဲ့အုန်း.

......

နောက်တစ်ခု

ရှင်ကအိမ်သော့ခဏခဏမေ့တတ် 

ကျပျောက်တတ်လို့

ကျွန်မ သော့အပိုတွေလုပ်ထားပြီး 

ခြံစောင့်ဦးလေးကြီးအိမ်မှာ

အပ်ထားပေးတယ်နော်

.......

မနက်အလုပ်သွားခါနီးရင် 

အိပ်ရာခေါင်းရင်းက ပြတင်းပေါက် ကို

ပိတ်သွားဖို့မမေ့နဲ့အုန်း 

မိုးရွာ လို့မိုးပက်ရင် 

အိပ်ရာတွေစိုရွဲကုန်မယ် 

.........

ကျွန်မ ရှင်ကြိုက်တဲ့

ဆိတ်သားခြောက် နဲ့ဝက်သားခြောက်

နေတစ်လှမ်း သားတွေ 

၄, ၅ ပိသာလောက် လုပ်ထားပြီး 

ကြောင်အိမ်ထဲမှာ အိပ်နဲ့ထည့်ထားခဲ့တယ် 


စားချင်တဲ့အခါဆီအိုးလေးတည်ပြီး

ကြော်စားလိုက်ရုံပဲ 


ပြီးတော့ဟင်းချိုမုန့်မပါ ပဲ

ရွာကဆုံဆီသန့်တွေနဲ့ ကြော်ထားတဲ့

ဘာလချောင်ကြော်ပုလင်းတွေလဲ 

ကြောင်အိမ် ဒုတိယအဆင့်

မှာရှိတယ် 

.......

တင့်ဆွေ တို့ နဲ့ 

ဘီယာမြည်းမပစ် လိုက်နဲ့အုန်း 

.........

သူမ ရေးထားတဲ့စာလုံးတွေ က

ကြောင်ခြစ်ထားသလိုပဲ 

မညီမညာနဲ့ 

လက်ရေးကလဲစုတ်ပြတ်သတ်နေတာပဲ 


ဒါပေမဲ့စာလုံးတိုင်းဟာ 

သူမရဲ့ ဖြူစင်တဲ့စိတ်ထားအမှန် တွေဆိုတာ 

သူခံစားမိ လေတိုင်း နှလုံးသားထဲမှာ

တစစ်စစ်နဲ့နာကျင်လာတယ် 

........

သူ ကြောင်အိမ် ထဲ က

ဘာလချောင်ပုလင်းတွေထုတ်ကြည့်ပြီး...


သူသာမာန်ဆင်းရဲသားငမွဲလေး ဘဝ 

လွန်ခဲ့တဲ့ နှစ်၂၀ကတုန်းက 

သူ့က်ိုဒီလို ပဲ ဘာလချောင်ကြော်တွေ

ကြော်ကျွေးခဲ့တုန်းက 

သူ ပျော်ရွင်ကြည်နူးခဲ့ရဖူးတယ် 


အဲ့ဒီတုန်းက 

ဘဝတစ်လျှောက်လုံးမှာ 

သူမ ကိုပျော်ရွင်အောင်ထားရ မယ်လို့ 

သူ့ကိုယ် သူဂတိ ပေးခဲ့ဖူးတယ်

.........

သူချက်ချင်းပဲ 

ကားမောင်းထွက်ပြီးသူ့မိန်းမ ကို

လိုက်ရှာတယ်


နာရီဝက်လောက်ကြာတော့ 

ကားဂိတ်မှာ သူ့မိန်းမကို တွေ့တယ် 

သူ့တစ်ကိုယ်လုံးလဲချွေးတွေရွဲနစ်နေတာပဲ 

........

သူ ...မိန်းမကိုဒေါသနဲ့လှမ်းအော်တယ် 

နင်က ဘယ်ကိုသွားမလို့လဲ 

ငါအခုအလုပ်ကပြန်လာတာ 

တစ်နေကုန်ပင်ပန်းလာတာ 

ထမင်းတောင်မစားရသေးဘူး

......

အိမ်ရှင်မတာဝန်ဆိုတာ 

ဒီလိုပဲ လင်ကို ပစ်ထား ရသလား ? 

ငါနဲ့ခုချက်ချင်းအိမ်ပြန်လိုက်ခဲ့ ...

.......

သူ့ဇနီး လည်း မျက်ရည်တွေစီးကျလာရင်း

ထိုင်ရာကထပြီးသူ့နောက်ကို 

တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာ 

ခဲ့တော့တယ် 


သူမ မျက်နာမှာလည်း 

မျက်ရည်စတွေနဲ့ ..ပြုံးလာတယ်

.......

သူမ မသိတာက 

သူ့ရှေ့က စိုက်စိုက်နဲ့လျောက်နေနဲ့ 

သူယောက်ျား ရဲ့ပါးမှာ

မျက်ရည်တွေစီးကျနေတယ်ဆိုတာပါပဲ

.......

စောစောက ကားဂိတ်ကိုသူ 

ကားမောင်းလာတော့လမ်းမှာ

တစ်လမ်းလုံးသူစိုးရိမ်လာတာ 

သူမကိုပြန်ရှာ လို့မတွေ့တော့မှာကိုပဲ 

အရမ်းကြောက်နေခဲ့တာပါ


သူဟာ သူ့ကိုယ်သူကြိမ်ဆဲမိတယ်

ဘာလိုအဲ့လောက်တောင်အသုံးမကျတာလဲ 

ဘာမဟုတ်တဲ့ 

တစ်ခြားမိန်းမ လှတာလေးနဲ့ပဲ

သူ့ ကိုသိပ်ချစ်သိပ်ရိုသေပြီး 

သူနဲ့အတူ 

အေးအတူပူအမျှ နှစ်ပေါင်း၂၀ကျော် 

အပင်ပန်းအဆင်းရဲအတူတူခံလာတဲ့

မိန်းမကိုပစ်ပယ်ဖို့စဉ်းစားမိရတာလဲ ပေါ့ 


တကယ်ဆို 

သူမ ဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ 

ဘဝအစိတ်အပိုင်းတစ်ခုပါပဲ ဆိုတာ

သူနားလည်သွားပါပြီ 

..........

ပျော်ရွင်မှု့ဆိုတာ ဘဏ်စာအုပ်ထဲက 

ငွေကြေးပမာဏပေါ်မှာမမူတည်ပါဘူး 


ကိုယ်ချစ်တဲ့သူရဲ့

အပြုံးပေါ်မှာသာ မူတည်တာပါ

.........

လွပ်လပ်မှု ဆိုတာ

လူတိုင်းအတွက်ဖြစ်နိုင်ပါတယ် 

ကိုယ်ကသာ ရွေးချယ်မလားဆိုတာ 

မူတည်သွားတာပါ ။ ။


Crd : ဘဝရဲ့ခရီးသည် 


လေးစားစွာဖြင့် ...

ကောင်းကင်ထက်က ကြယ်စင် {ကလေး}


Crd _ photo" အိမ်ထောင်သက်တမ်းကြာလာတဲ့ အခါ "

•••••••••••••••••••••••••••••••••••••••


သူ့ဘဝ က .. ကျပန်း ပန်းရံအလုပ် သမား 

ဘဝကနေစပြီး တဖြည်းဖြည်းနဲ့

သံလျှက်ကိုင် 

ပန်းရံဆရာတစ်ယောက်ဖြစ်လာခဲ့တယ် 


အဲ့ကနေ တစ်ဆင့်ပြီး တစ်ဆင့် 

ကန်ထရိုက်လုပ်ငန်းရှင်ဖြစ်လာရာက 

တစ်ဖြည်းဖြည်း နဲ့ .. 

အိမ်ခြံမြေ ကုမ္မဏီမှာရှယ်ရာတွေ ဝင်ရာက ..


ခုဆို အိမ်ခြံမြေ နဲ့ဆောက်လုပ်ရေးကုမ္မဏီ 

ပိုင်ရှင်ဖြစ်လာခဲ့ တယ် 

.......


သူ့ ကုမ္မဏီ ဟာ

နာမည်တော်တော်လေးရနေ ပြီး 

အဲ့ဒီအရာဟာ 

သူ့စိတ်တွေကိုပြောင်းလဲ လာစေခဲ့တော့တယ် 

.......

သူ့ရဲ့ ပန်းရံ အလုပ်သမားဘဝကတည်း 

က .. နှစ်ပေါင်းများစွာ အတူတူပေါင်းသင်း

စောင့်ရှောက် လာခဲ့ပေးတဲ့ သူ့မယား ဟာ

ညိုညို ညှက်ညှက် ပိန်ပိန် ပါးပါး

ညိုချော လေးကနေ ခုဆို ဝဝတုတ်တုတ် 

မဲမဲ တူးတူး ကြီး ဖြစ်လာတယ် 


အသားအရေ တွေကလည်းနုနယ်ပြေပြစ်

ရာကနေတဖြေးဖြေးကြမ်းတမ်းခက်ထော် 

ယုံမက တနေ့တခြား တွန့်လိမ်

အရေးအကြောင်းထင်လာခဲ့တယ် 

......

သူများမယားချောချောလှလှ တွေနဲ့ 

ယှဉ်ရင် ပုံဆိုးပန်းဆိုးဖြစ်နေ တဲ့

သူ့မယားကို တစ်ဖြည်းဖြည်း

စ်ိတ်ကုန်လာ ညီးငွေ့ လာခဲ့တော့ တယ် 

....

ဒါပေမဲ့ သူ့မယားအကြောင်းတွေးမိတိုင်း 

အတိတ်တုန်းက အတူတူ 

ပင်ပန်းဆင်းရဲ ခဲ့တာတွေ ကိုလဲမေ့မရခဲ့ဘူး 

....

ဒါပေမဲ့သူ့အနေနဲ့

သူမယားရဲ့ ရုပ်ရည်နဲ့ခန္ဓာကိုယ် ကို 

သီးမခံနိုင်တဲ့အဆုံး စုံတွဲ ဘဝကို

တော်လောက်ပြီလို့ စဉ်းစားတယ် 

အမှန်တော့ သူနဲ့ပရောပရီ ဖြစ်ပြီး 

အပေးအယူ မျှနေတဲ့ သူ့ရဲ့ကုမ္မဏီ က

အတွင်းရေးမှူးမလေး ကို 

သူသဘောကျ နေခဲ့တာပါ 

.......

ဒါနဲ့ 

သူ့မိန်းမ နာမည်နဲ့ ဘဏ် စာအုပ်လုပ်ပြီး 

သိန်း ၁၀၀၀ ထည့်ထားပေးတယ် 

ပြီးတော့ 

အိမ်တစ်လုံး လည်းဝယ်ထားပေး ပြီး 

သူ့မိန်းမ ကို လုံလောက်ပြည့်စုံအောင်

ထောက်ပံ့ပေးထားခဲ့တယ် 

........

သူ့အနေနဲ့ 

တာဝန်မဲ့တဲ့သူမဖြစ်ချင်တဲ့အတွက် 

မယားဖြစ်သူရဲ့ အနာဂါတ်အတွက် 

ကိုကြိုတင်ပြင်ဆင် ပေးထားခဲ့တယ် ...


သူ့မယားကို အခက်မတွေ့စေချင်ဘူး 

ဒီလိုမှမဟုတ်ရင် သူ့စိတ်ထဲကောင်းမှာ ၊

လိပ်ပြာလုံမှာ မဟုတ်ဘူး

........

နောက်ဆုံးတော့ သူ့အစီ အစဉ်တွေကို 

သူ့မိန်းမကိုပြောပြလိုက်တယ် 


သူမ ဟာ သူ့ရဲ့ အကြောင်းပြချက်နဲ့

တောင်းဆိုချက်တွေကို ရိုရိုကျိုးကျိုးနဲ့

ငြိမ်ငြိမ်လေး ထိုင်နားထောင်ပေးတယ် 

.........

သတ်မှတ်ထားတဲ့ နေ့ ရောက်တော့ 

သူ့မိန်းမကို 

အိမ်ဂရမ် နဲ့စာချုပ်စာတမ်းတွေ

ဘဏ်စာအုပ်တွေကိုလွဲပေး ပြီး 

နှစ် ၂၀ ကျော်လက်တွဲလာတဲ့ 

ဘဝ ကိုအဆုံးသတ်လိုက်ပြီး 

အလုပ်ရုံးခန်းဆီ ကို ထွက်လာခဲ့တော့တယ် .........


တမနက်လုံးသူ စိတ်တွေ ဂဏှာမငြိမ်ဘူး

နေ့လည် ခင်းကျတော့သူအိမ်ပြန်လာတော့ 

သူမိန်းမ လည်းထွက်သွားခဲ့ပြီ 

..........

သူမ ဟာသူဝယ်ထားပေးတဲ့ 

အိမ်သော့ နဲ့အိမ်ဂရမ် တွေ

ဘဏ်စာအုပ်တွေကို 

သူ့အိပ်ယာဘေးမှာချထားပေးခဲ့တယ် 

........

အဲ့အောက်မှာ 

သူမ ရေးထားတဲ့စာတစ်စောင်လည်း 

ရှိနေတယ် 

......

ကျွန်မပြန် သွားပြီ ..နော် 

အမေတို့ ရွာကိုပဲပြန်မှာပါ ၊ရှင် ရှာထားတဲ့ 

ပိုက်ဆံတွေ ၊ အိမ် တွေ 

ကျွန်မ အတွက်

မလိုအပ်လို့ ပြန်ထားခဲ့လိုက်တယ် ..

 အမေတို့ဆီ မှာ

ကျွန်မအတွက် အကုန်ရှိတာပဲ

.....

အဝတ်အစား တွေ အိပ်ရာခင်းနဲ့ 

ခြုံစောင်အထူတွေ

ကျွန်မလျော်ထားပေးခဲ့တယ်

အဝတ်ဘီရို ရဲ့

အောက်ဆုံးထပ်မှာ ထည့်ထားတယ် 

အေးတဲ့အခါ ယူခြုံဖို့မမေ့နဲ့အုန်း

........

အဝတ်တွေကို 

ချိတ်နဲ့ချိတ်ထား ပေးတယ်

ရှင့် ရဲ့ ခြေအိပ်တွေ နဲ့ ခါးပတ်တွေ က 

ဘီရိုအလယ်ထပ် မှာနော် 

အတွင်းခံတွေ လဲလျော်ထားပြီး 

အဝတ်ဘီဒို ဘယ်ဖက်ကအံဆွဲထဲမှာ 

လိပ်ပြီးစီထားတယ်နော် 

--

ကျွန်မ မရှိတော့ ပေမဲ့ 

ဆရာပေးထားတဲ့ အစာ အိမ်ဆေး တွေ 

သောက်ဖို့ မမေ့နဲ့အုန်း.

......

နောက်တစ်ခု

ရှင်ကအိမ်သော့ခဏခဏမေ့တတ် 

ကျပျောက်တတ်လို့

ကျွန်မ သော့အပိုတွေလုပ်ထားပြီး 

ခြံစောင့်ဦးလေးကြီးအိမ်မှာ

အပ်ထားပေးတယ်နော်

.......

မနက်အလုပ်သွားခါနီးရင် 

အိပ်ရာခေါင်းရင်းက ပြတင်းပေါက် ကို

ပိတ်သွားဖို့မမေ့နဲ့အုန်း 

မိုးရွာ လို့မိုးပက်ရင် 

အိပ်ရာတွေစိုရွဲကုန်မယ် 

.........

ကျွန်မ ရှင်ကြိုက်တဲ့

ဆိတ်သားခြောက် နဲ့ဝက်သားခြောက်

နေတစ်လှမ်း သားတွေ 

၄, ၅ ပိသာလောက် လုပ်ထားပြီး 

ကြောင်အိမ်ထဲမှာ အိပ်နဲ့ထည့်ထားခဲ့တယ် 


စားချင်တဲ့အခါဆီအိုးလေးတည်ပြီး

ကြော်စားလိုက်ရုံပဲ 


ပြီးတော့ဟင်းချိုမုန့်မပါ ပဲ

ရွာကဆုံဆီသန့်တွေနဲ့ ကြော်ထားတဲ့

ဘာလချောင်ကြော်ပုလင်းတွေလဲ 

ကြောင်အိမ် ဒုတိယအဆင့်

မှာရှိတယ် 

.......

တင့်ဆွေ တို့ နဲ့ 

ဘီယာမြည်းမပစ် လိုက်နဲ့အုန်း 

.........

သူမ ရေးထားတဲ့စာလုံးတွေ က

ကြောင်ခြစ်ထားသလိုပဲ 

မညီမညာနဲ့ 

လက်ရေးကလဲစုတ်ပြတ်သတ်နေတာပဲ 


ဒါပေမဲ့စာလုံးတိုင်းဟာ 

သူမရဲ့ ဖြူစင်တဲ့စိတ်ထားအမှန် တွေဆိုတာ 

သူခံစားမိ လေတိုင်း နှလုံးသားထဲမှာ

တစစ်စစ်နဲ့နာကျင်လာတယ် 

........

သူ ကြောင်အိမ် ထဲ က

ဘာလချောင်ပုလင်းတွေထုတ်ကြည့်ပြီး...


သူသာမာန်ဆင်းရဲသားငမွဲလေး ဘဝ 

လွန်ခဲ့တဲ့ နှစ်၂၀ကတုန်းက 

သူ့က်ိုဒီလို ပဲ ဘာလချောင်ကြော်တွေ

ကြော်ကျွေးခဲ့တုန်းက 

သူ ပျော်ရွင်ကြည်နူးခဲ့ရဖူးတယ် 


အဲ့ဒီတုန်းက 

ဘဝတစ်လျှောက်လုံးမှာ 

သူမ ကိုပျော်ရွင်အောင်ထားရ မယ်လို့ 

သူ့ကိုယ် သူဂတိ ပေးခဲ့ဖူးတယ်

.........

သူချက်ချင်းပဲ 

ကားမောင်းထွက်ပြီးသူ့မိန်းမ ကို

လိုက်ရှာတယ်


နာရီဝက်လောက်ကြာတော့ 

ကားဂိတ်မှာ သူ့မိန်းမကို တွေ့တယ် 

သူ့တစ်ကိုယ်လုံးလဲချွေးတွေရွဲနစ်နေတာပဲ 

........

သူ ...မိန်းမကိုဒေါသနဲ့လှမ်းအော်တယ် 

နင်က ဘယ်ကိုသွားမလို့လဲ 

ငါအခုအလုပ်ကပြန်လာတာ 

တစ်နေကုန်ပင်ပန်းလာတာ 

ထမင်းတောင်မစားရသေးဘူး

......

အိမ်ရှင်မတာဝန်ဆိုတာ 

ဒီလိုပဲ လင်ကို ပစ်ထား ရသလား ? 

ငါနဲ့ခုချက်ချင်းအိမ်ပြန်လိုက်ခဲ့ ...

.......

သူ့ဇနီး လည်း မျက်ရည်တွေစီးကျလာရင်း

ထိုင်ရာကထပြီးသူ့နောက်ကို 

တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာ 

ခဲ့တော့တယ် 


သူမ မျက်နာမှာလည်း 

မျက်ရည်စတွေနဲ့ ..ပြုံးလာတယ်

.......

သူမ မသိတာက 

သူ့ရှေ့က စိုက်စိုက်နဲ့လျောက်နေနဲ့ 

သူယောက်ျား ရဲ့ပါးမှာ

မျက်ရည်တွေစီးကျနေတယ်ဆိုတာပါပဲ

.......

စောစောက ကားဂိတ်ကိုသူ 

ကားမောင်းလာတော့လမ်းမှာ

တစ်လမ်းလုံးသူစိုးရိမ်လာတာ 

သူမကိုပြန်ရှာ လို့မတွေ့တော့မှာကိုပဲ 

အရမ်းကြောက်နေခဲ့တာပါ


သူဟာ သူ့ကိုယ်သူကြိမ်ဆဲမိတယ်

ဘာလိုအဲ့လောက်တောင်အသုံးမကျတာလဲ 

ဘာမဟုတ်တဲ့ 

တစ်ခြားမိန်းမ လှတာလေးနဲ့ပဲ

သူ့ ကိုသိပ်ချစ်သိပ်ရိုသေပြီး 

သူနဲ့အတူ 

အေးအတူပူအမျှ နှစ်ပေါင်း၂၀ကျော် 

အပင်ပန်းအဆင်းရဲအတူတူခံလာတဲ့

မိန်းမကိုပစ်ပယ်ဖို့စဉ်းစားမိရတာလဲ ပေါ့ 


တကယ်ဆို 

သူမ ဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ 

ဘဝအစိတ်အပိုင်းတစ်ခုပါပဲ ဆိုတာ

သူနားလည်သွားပါပြီ 

..........

ပျော်ရွင်မှု့ဆိုတာ ဘဏ်စာအုပ်ထဲက 

ငွေကြေးပမာဏပေါ်မှာမမူတည်ပါဘူး 


ကိုယ်ချစ်တဲ့သူရဲ့

အပြုံးပေါ်မှာသာ မူတည်တာပါ

.........

လွပ်လပ်မှု ဆိုတာ

လူတိုင်းအတွက်ဖြစ်နိုင်ပါတယ် 

ကိုယ်ကသာ ရွေးချယ်မလားဆိုတာ 

မူတည်သွားတာပါ ။ ။


Crd : 


Crd _ photo

Comments

Popular posts from this blog

ချောတယ်လို့