အတောင်ပံပါတဲ့ အလွမ်းများ
======================
1990-ရှေ့ပိုင်းကာလ ညနေပိုင်း..
ရန်ကုန်မြို့လယ် ဆူးလေဘုရား
လမ်း|မဟာဗန္ဓုလလမ်းနဲ့ ကမ်းနား
လမ်းတစ်ဝိုက်ရဲ့ ညခင်းဆည်းဆာ
အချိန်တွေကိုလွမ်းမိတယ်..
အဲ့ဒီအချိန် ကိုယ်က တက္ကသိုလ်
ကျောင်းသားဘဝ..သမိုင်းကောလိပ်
ဝင်းထဲက အဆောင်တွေမှာ..
သမိုင်းဝင်းထဲက လူတွေ အင်းစိန်|
တာမွေ|မြေနီကုန်း..ဘာညာသွားချင်
ရင်(ကိုယ်တို့ဆို 'အားကစားရုံ'
မှတ်တိုင်မှာနီးနီးနားနားသွားစီးရုံ
ပဲ..တခြားမြို့ထဲနေရာတွေသွားချင်
ရင်တော့ ECO 'ဇွဲကပင်'ဆောင်
လမ်းကြားမှ ဖြတ်ရင်း အင်းစိန်
လမ်းမကြီးပေါ်တက်|ကားပေါင်းစုံ
စီးလို့ရသလို..RC2 ဝင်းထဲသွားပြီး
မြို့ထဲသွားတဲ့ကားတွေစီးလို့ရပါ
တယ်..)
ကျောင်းပိတ်ရက်နဲ့ ကျောင်းချိန်
နောက်ပိုင်းမှာ လိုင်းကားတွေ RC2
ထဲမဝင်တော့ဘူး..ပြည်လမ်း
ကျောင်းကွေ့မှတ်တိုင်မှာပဲဆင်း/
တက်ရပါတယ်..
အောင်ဆန်းကွင်းရဲ့ တိုင်းနဲ့ပြည်နယ်
ဘောလုံးပွဲရက်တွေဆို ဘောလုံးသရဲ
ကိုယ်တို့မွန်းလွဲပိုင်း Lectureတွေ
လစ်ပြီးသွားကြည့်တတ်တယ်..
အဲ့ဒီခေတ် အောင်ဆန်းကွင်း
ဘောလုံးပွဲသွားကြည့်ရတာဟာ
ပွဲပြီးချိန်ညနေ(၆)နာရီလောက်မှာ
မှာဘောကွင်းမှထွက်လာတဲ့လူတန်း
ကြီးက ကြောက်ခမန်းလိလိပဲ..
အောင်ဆန်းကွင်းထိပ်ကွမ်းခြံလမ်း
မှသည် ဆူးလေ ဗဟိုလ်မီးသတ်
အထိ လူတန်းကြီး မပြတ်ဘူး..
အဲ့ဒီအထဲမှကိုယ်လည်းအပါပေါ့..
အလာတုန်းကသာ ဘောပွဲကြည့်ချင်
လွန်းလို့ စောစောလာတော့လိုင်းကား
ပေါသေးတယ်|အပြန်အပုပ်ချိန်မှာ
လိုင်းကားတွေရှားသွားပြီ|ရိုက်ဂွင်
ဖြစ်သွားပြီ..
အဲ့ဒီအချိန်မှာ လိုင်းကားကလည်း
အောက်ဆိုက်ကားဖြစ်သွားတတ်
သလို အချိန်ကိုက်ထွက်လာတဲ့
အောက်ဆိုက်ကားတွေလည်း
မနည်းဘူး..
ကိုယ်တို့လိုသမိုင်းဝင်းပြန်မယ့်လူ
တွေအတွက် ကားရှားပါတယ်..
သမိုင်းအင်းစိန်(သို့မဟုတ်)မင်္ဂလာဒုံ
ထောက်ကြံ့ဘက်သွားမယ့်ကား
ကိုပဲရွေးစီးရတယ်..
ဗန္ဓုလလမ်းပေါ်မှဆူးလေမှတ်တိုင်
မှာ အိမ်ပြန်မယ့်(ကားစောင့်နေတဲ့)
ကိုယ်လိုလူတွေအများကြီးပဲ..
မှတ်တိုင်ကိုကားတစ်စီးထိုးဆိုက်လာ
တိုင်းမှတ်တိုင်မှပရိသတ်ကြီးညာသံ
ပေးပြီးပြေးတက်ကြတယ်..အဲ့ဒီ
အချိန်(လိုင်းကား/အောက်ဆိုက်ကား
အလွန်မျက်နှာထား'တင်း'ပါတယ်..)
'ပြန်မထွက်ဘူး|ဂိတ်သိမ်းတာ'..ဆိုပြီး
လက်ခါပြရပ်မပေးတာတွေရှိတယ်..
ကားတိုင်း'ပတ်စီး'တွေနဲ့အပြည့်ပေါ့..
ကားသမားက ပြန်မထွက်ဘူးဆိုပြီး
လက်ခါပြ|ရပ်မတင်ပေမယ့်ပန်းခြံ
မှပြန်ကွေ့ ..အောက်လမ်း(ကုန်သည်
လမ်း)မှာပဲ ပြန်ထွက်တဲ့ကားတွေရဲ့
အထာကိုသိနေတဲ့ လူတွေကကားရပ်
အမှေး(သို့မဟုတ်)မီးပွိုင့်အမိမှာ
ဇွတ်လုတက်ကြတာပါပဲ..
အဲ့ဒီအချိန်မှာဖြစ်ချင်တိုင်းဖြစ်နေ
တာ ရန်ကုန်ဆူးလေရဲ့ ရိုးရာအစဉ်
အလာညချမ်းချိန်ခါတွေပဲပေါ့..
ကဗျာဆရာ'မောင်ခိုင်မာ'က ဒီအဖြစ်
တွေကိုကဗျာတစ်ပုဒ်ရေးဘူးတယ်..
မှတ်မှတ်ရရ 'သဘင်'မဂ္ဂဇင်းမှာ
ထင်ပါတယ်..'မောင်ပျံလာပြီ'ဆိုတဲ့
ကဗျာလေးပါပဲ..
ရန်ကုန်မြို့လယ်ထဲ တစ်နေကုန်
သွားလာလုပ်ကိုင်ရင်းအလုပ်သိမ်းမှ
ကိုယ့်အိမ်ယာကိုပြန်ရတဲ့..ဆင်ခြေဖုံး
ဒေသသားတွေရဲ့ကားတိုးစီးညခင်း
ဆည်းဆာတွေရဲ့အကြောင်း..
အဲ့ဒီအချိန်မှာ လယ်ကွင်းထဲ
ကျိုင်းကောင်အုပ်ကြီးကျသလို..
ဖြစ်နေတဲ့မှတ်တိုင်မှကားစောင့်နေ
သူတွေရယ်|ပြည့်သိပ်ကြပ်နေတဲ့
ကားတွေရယ်|ထိုးဆိုက်လာတဲ့ကား
တစ်စီးအပေါ် ကပျာကယာ ပြေး
တက်လိုက်တာခြေနင်းခုံမှာ|
ခြေထောက်ကောင်းကောင်းမမိ|
လက်ကတော့မှီရာဖမ်းဆွဲရင်း..
ငှက်တစ်ကောင်ပျံသန်းသလို
အိမ်ပြန်ခရီးနှင်လာတဲ့သူ့အဖြစ်ကို
'မောင်ပျံလာပြီ'ဆိုပြီးရေးဖွဲ့ထားတာ
ဪ..
လွန်ခဲ့တဲ့(၂)ရက်လောက်က ရန်ကုန်
ဘတ်စ်ကားတွေရဲ့ CNG ဆိုင်တွေ
မှာဖြန့်ဖြူးနိုင်မှုအခက်အခဲပြသနာ
လေး(တချို့)ရှိသမို့ ဘတ်စ်ကားတွေ
အလုံအလောက်မထွက်|အိမ်အပြန်
ရုံးအပြန်သမားတွေမှတ်တိုင်မှာ
စုံပုံသောင်တင်ဒုက္ခရောက်ရကြောင်း
မီဒီယာတစ်ခုမှာဖတ်လိုက်ရတယ်..
(Gas နဲ့နွယ်တဲ့လုပ်ငန်းမှာ အလုပ်
လုပ်နေတဲ့ ကိုယ်..အနေအထားကို
သဘောပေါက်နေမိတယ်..စက်ရုံ
တွေ|လျှပ်စစ် Gas Turbine တွေ
အပြိုင်လည်ပတ်ကုန်ထုတ်ရင်
CNG ကို ဟိုးဘက် Offshoreဘက်မှ
ပတ်ယူရတာ..ဖြစ်ချင်တော့ ပိုက်
လိုင်း Fault တစ်ခုဖြစ်တော့ CNG
ထိ,သွားတာ..)
'အခုကာလကြီးမှာရန်ကုန်မြို့ကြီး
ခြောက်ကပ်ကပ်ဖြစ်နေမယ်ထင်တာ
ဘယ့်နှယ်..ဝန်ထမ်းတွေ|အလုပ်
သမားတွေနဲ့ သွားလာရှုပ်ထွေးအရင်
လိုပါပဲလား..'လို့သတင်းဖတ်ရင်း
အံ့ဩနေတဲ့ နယ်မှ ဘဘကြီးတစ်ဦး
ရဲ့မှတ်ချက်စကားကိုလက်ဖက်ရည်
ဆိုင်မှာကြားရသမို့ စိတ်ညစ်တဲ့ကြား
ကိုယ်ပြုံးနေမိတယ်..
ကိုယ်လည်းအဲ့ဒီသတင်းဓါတ်ပုံတွေ
မြင်နေမိတယ်..
ထူးပြီးမအံ့ဩပါဘူး..
သူတို့က ဒါမျိုးလေး တစ်ခါနှစ်ခါ
ကြုံဘူးကြတာ..ကိုယ်တို့လို(၁၉၉၀)
ရှေ့ပိုင်းကာလ..မဟာရန်ကုန်မြို့
လယ် ဆူးလေညချမ်း လိုင်းကား|
အောက်ဆိုက်ကားအကြိမ်ကြိမ်စီး
ခဲ့ဘူးတဲ့လူတွေအတွက်တော့
ဘာမှ ထူးမဆန်းတော့ပါဘူး..အခု
ခေတ်ချာတိတ်တွေ ဒီလိုအချိန်တွေ
ကြုံဘူးသွားတာပေါ့..လို့ပဲတွေးနေ
မိတယ်..
ဪ..
မောင်ခိုင်မာကြီးပြောခဲ့သလို..
ကားမှတ်တိုင်မှာ ရုတ်ရုတ်သဲသဲ
ကျိုင်းကောင်တွေဖြစ်လိုက်|လူ
ပဒေသာအတွယ်အတာဘတ်စ်ကား
ပေါ်မှပျံသန်းတဲ့ငှက်တစ်ကောင်ဖြစ်
လိုက်နဲ့..ဟုတ်ကဲ့..အမှန်တကယ်
ပျံသန်းညချမ်းတွေ..ကိုယ့်မှာအများ
ကြီးရှိခဲ့ပါတယ်ကွယ်..
Crd
***(ကျောင်းသားဘဝ အမှတ်တရ
'ဆူးလေ'ညနေခင်းများသို့..)
click.
ReplyDelete