အလုပ်သွားခါနီးရေချိုးနေတဲ့ ယောကျာ်းဖြစ်သူရဲ့ဖုန်းကို

မိန်းမမှ တိတ်တဆိတ်ယူစစ်လေ၏။


    ဖုန်းကိုဖွင့်လိုက်တော့ သူ့ပုံလေးကို wallpaper အဖြစ်တင်ထားသည်ကို တွေ့လိုက်ရသဖြင့်မိန်းမဖြစ်သူမှာ ငါးခူပြုံးလေးပြုံးသွားလေသည်။


     အခန်းထဲက ရေချိုးပြီး ထွက်လာတဲ့ ယောကျာ်းကိုမြင်တော့...

""ယောကျာ်းရေ"" " ရှင့်ဖုန်းထဲမှာ ကျွန်မပုံလေးကို wallpaperတင်ထားနော်.. "" ဘာဖြစ်လို့ တင်ထားတာလဲ ဟင်..!!


ယောကျာ်းကလဲ အော်..!! ဒါကဒီလိုရှိတယ်လေ.... မိန်းမ..!!ယောကျာ်း... အလုပ်ထဲမှာ ဘယ်လောက်ပဲ အခက်အခဲတွေ ၊ပြဿနာတွေနဲ့ကြုံရပါစေ..

ဖုန်းကိုဖွင့်ပြီး မင်းပုံလေးကို ကြည့်လိုက်တာနဲ့:တင် အခက်အခဲပြဿနာတွေကို လွယ်လွယ်နဲ့

ကျော်လွားနိုင်ခဲ့​လို့လေ..."" ဟုပြောလိုက်တော့ ...


ဟယ်....! "" ဒါဆို ကျွန်မက ရှင့်အတွက်တော့ မရှိမဖြစ် အသုံးတည့်ပြီး တန်းဖိုးရှိတဲ့ ပစ္စည်းလေး လိုပေါ့နော်...""


ယောကျာ်းကလဲ "" ဟုတ်တာပေါ့ကွာ... ငါ့မှာ အခက်အခဲ တွေကြုံလာတိုင်းဖုန်းထဲက မင်းပုံကို ကြည့်ပြီးတော့ ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်။ 

ဒိထက်ဆိုးတဲ့ပြဿနာဆိုတာရှိနိုင်ပါအူးမလား..

ဆိုပြီးတော့လေ.. ဟီး...ဟီး..😁😁


မိန်းမဖြစ်သူ၏မျက်နှာက ငါးခူပြုံးလေးမှာ ရုတ်ခြည်းပျောက်ကွယ်သွားပြီး ဘီလူးပြုံး...ပြုံးလာလေတော့သည်။🤣🤣

Crd. ..

Visa #WN

Comments

Popular posts from this blog

ချောတယ်လို့