Telenor (atom)
ကျွန်တော် တို့ ဒေသက တချို့ ရွာတွေ မှာ
ဖုံးခေါ် တာ၊ ဖုံးဆက်တာ ကို ဖုံးထိုးတယ် ဆိုတဲ့ စကားလုံးအသုံး အနှုံး သုံးကြပါတယ်.....
လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု အတွင်း က ဆိုရင်... တစ်ရွာ လုံးမှာ Cordless ဖုံးတစ်လုံးသာ ရှိပါတယ်...
အဲဒီ အချိန်အခါက ပီနမ်(မလေးရှား)၊ သျှမ်းကမ်း၊ သျှမ်းပြည် (ယိုးဒယား) မှာသွားလုပ်စားကြတဲ့ သားသမီး၊ ဆွေမျိုး၊ လင်ယောကျ်ား၊ မိန်းမ... တွေဆီကအဆက် အသွယ်ရဖို့ ဒီ Cordless ဖုံးတွေကိုသာ တရွာလုံးအားထားခဲ့ကြရတယ်...။
"ယိုးဒယားက ဖုံးဆက်တယ်ဆိုရင် "သျှမ်းကမ်းက ဖုံးထိုးတယ်" ပေါ့......
နောက်ပိုင်းကျတော့ မြန်မာပြည် နေရာ ဒေသ အတော် များများ Mobile Operators တွေ ရဲ့ Networks Coverage ဖြစ်လာချိန်မှာ
တချို့ ရွာတွေ က MPT၊ တချို့ရွာတွေကျ တော့ Ooredoo၊ တချို့မှာ Telenor အသီးသီး မိတဲ့ရွာတွေ ဖြစ်လာကြတယ်။
Operators တွေရဲ့ အပြိုင်အဆိုင် ဈေးကွက်ချဲ့ထွင်မှု အရ Operator တူတဲ့ Sim အချင်းချင်း Free ကြိုက်သလောက် ပြောတို့.... Unlimited Sms တို့လည်းရကြပါတယ်...
ဆိုတော့ ....
ရွာသူ တွေ ဆိုသည်မှာလည်း ပြောစရာ ဆိုစရာ သတင်းအတင်းတွေက များသား....
ရွာအသီးသီးက သူငယ်ချင်း အချင်းချင်း ခေါ်စရာပြောစရာ ရှိပြီ ဆိုရင်.....
"ဟဲ့ နင့်မှာ အမ်ပီတီ နဲ့လား၊ ငါ့မှာ အော်ရီဒူး မို့လို့....
မအေး ကို နင့် အမ်ပီတီနဲ့ ထိုးလိုက်စမ်းဘာ..."
......
"ဟဲ့ သူတို့ရွာ မှာ တယ်လီနောပဲ မိတာ...
ငါ့မှာ က အော်ရီဒူးနဲ့ ၊ အမ်ပီတီပဲ ထည့်ထားတာ....
နင့်မှာတယ်လီနော ရှိတယ်ဟုတ် နင့် တယ်လီနောနဲ့ ထိုးပေးပါဦး" ဆိုတာ မျိုး.....
ကဲခုတော့ တယ်လီနောပဲ ရှိတဲ့ သူငယ်ချင်း၊ တယ်လီနောပဲ မိတဲ့ ရွာကို ဖုံးဆက် တော့မယ် ဆိုရင် ဘယ်လို ပြောကြ မတုံး.......
ကိုယ်တော့ မပြောရဲပေါင်.....
😁😁
Note..Telenor (atom)
Crd
Comments
Post a Comment