Skills

 စားသောက်ဆိုင် တစ်ဆိုင်တွင် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။

စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။

ဆာမူရိုင်: တစ်‌ ယောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။

ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။

(ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ဗျ။ )


အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ပြီး ကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်ကြသည်။


ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထပ်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း

တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။)


လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည့်‌တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က

“ ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး”


Crd. ..

Visa #WN

Comments

Popular posts from this blog

ချောတယ်လို့