သ စ္စာ
ဟိုးရှေးရှေးတုန်းက ဗိုလ်ရူးရူးနေတဲ့သူနဲ့
ဇာတ်ရူးရူးနေတဲ့ ကောင်မလေးတို့ ချစ်ကြိုက်ကြလေရဲ့။
တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်မခွာရက်ဖြစ်တော့
တစ်နေ့မှာ လက်ထပ်လိုက်ကြတယ်။
ချစ်သူဘဝမှာကတည်းက ဗိုလ်သံနဲ့ပြောတတ်တဲ့လူရယ်
ဇာတ်သံနဲ့ စကားပြောရမှ ကျေနပ်တဲ့ မိန်းကလေးရယ်ညားကြတော့...
"မိန်းမ"
"ပြောပါရှင်.....ပြောပါမောင်ကြီးရဲ့"
"ငါဒီနေ့ ....လယ်ထဲ....သွားမယ်
နေပူချင်ပူမယ်၊ မိုးရွာချင်ရွာမယ်
ထမင်း ကိုတော့အချိန်မှန်ပို့ပါ
ဒါပဲ၊ ကြားလား
ကြားရင်...အကြောင်းပြန်"
(အသံပြတ်ဖြင့်ဖတ်ပါ)
"အမယ်မင်း...မောင်ကြီးရယ်
နှမတော် ရွှေရင်စွဲ
အသဲခိုက်အောင် ချစ်ရသူမို့
မကြာမနှေး၊နှမတော် ပြေးလို့လာပို့ပါ့မယ်
သုံးဆောင်ဖို့လေး"
"ကောင်းပြီ....ဆက်လုပ်"
ထိုသို့ပြောပြီးသကာလ ပေါက်တူးကိုထမ်း
ဝါးခမောက်ကို ဆတ်ခနဲဆွဲလို့ လယ်တောဘက်ကို ထွက်သွားတာပေါ့။
ဒီလိုနဲ့ပေါင်းသင်းလာကြတာ အိမ်နီးနားချင်းတွေကလည်း
သိပ်အဖက်မလုပ်။(သူတို့နဲ့စကားပြောချင်ရင် လေသံပြတ်နဲ့ပြောရင်ပြော၊မပြောရင် ဇာတ်သံနှောတတ်မှကိုးဗျ)
တစ်နေ့တော့ လယ်ယာလုပ်သူ ဗိုလ်ရူးအမျိုးသားက
အချိန်တန်သော်လည်း ထမင်းလာမပို့သည့် ဇနီးသည်ကို
စောင့်ရင်း...သစ်ပင်ခြေရင်းမှာ ထိုင်နေသတဲ့။
အဲ့အချိန် မှာပဲ တွင်းတစ်တွင်းကိုမြင်တာနဲ့....
"အောင်မာ... ငါပိုင်တဲ့မြေ
ဘယ်ကောင်လဲကွ၊ လာကျူးကျော်တာ
အေး...စည်းကမ်းမရှိ လာကျူးကျော်တဲ့ကောင်
လူမပြောနဲ့....တိရစ္ဆာန် လည်း ခွင့်မလွှတ်ဘူးကွ"
ဆိုပြီးကြွက်တွင်းကိုမီးရှို့လေရဲ့။
ဖြစ်ချင်တော့ ကြွက်တွင်းမဟုတ်ပဲ မြွေတွင်းဖြစ်နေရော။
မီးခိုးနံ့တွေကြောင့် တွင်းထဲက တရှိန်ထိုးထွက်လာတဲ့ မြွေဟာ
ဒေါသတကြီးနဲ့ လယ်သမားကို ကိုက်လိုက်တော့ နေရာမှာပဲ ဆုံးသွားသတဲ့။
ထမင်းစားချိန်လွန်လို့ ယောကျ်ားဆူမှာစိုးပြီး ထမင်းလာပို့တဲ့ဇနီးသည်ခမျာ ယောကျ်ားအဖြစ်ကို မြင်တော့....
"အမလေး မောင်ကြီးရေ
မောင်ကြီးရဲ့....ဗိုက်ဆာတော်မူလို့ မြေပေါ်မှာ
ပက်လက်မျောပါကောလား၊ ကျွန်တော်မျိုးမရဲ့လက်ရာကို
မြည်းစမ်းဖို့ ထပါအုံးတော့"
ဘယ်လိုပင် လှုပ်နှိုးပါသော်လည်း နိုးမလာသော
ယောကျ်ားကို သေချာကြည့်မှတကိုယ်လုံးပြာနှမ်းနေတာ မြင်လေ၏။
အနီးပတ်ဝန်းကျင် ကြည့်တော့လည်း တွင်းတတွင်းကို မြင်ရရာ....
"အိမ်းးးးးးဧကန္တမောင်ကြီးတော့
ပိုးထိလို့ ဆုံးပြီထင်ပါရဲ့"
အတွေးနဲ့အတူ လယ်သမား မယားဇာတ်ရူးဟာ
ခုလိုထပြီး အော်လိုက်သတဲ့။
"အရပ်ကတို့ရေ...ကြားလို့မှမတော်
ဒီမောင်တော့်အဖြစ်ကိုကြည့်ပါအုံးတော့။
ညားတာမှ မကြာသေး
နှမလေးကိုထားပြီး ပစ်သွားပါရောလား
အမယ်မင်း... ရင်ကျိုးရချည်ရဲ့
မောင်တော့်အစား၊ ဒီနှမတော် ဘယ်သူ့ရွေးရမတုန်း
အို...တစ်ကိုယ်တော် မိန်းမသားဘဝ၊
တကယ်လည်း ကံဆိုးလှသမို့
မကြာခင်၊ နှစ်လောင်းပြင်
မောင်တော့်နောက်မလိုက်ဝံ့လို့
မလိမ်မာတစ်ခါမိုက်မကို ၊ ခွင့်လွှတ်ပါ...မောင်တော်ဖရားရဲ့
အီးဟီးဟီး"
တဲ့ဗျာ။
ရူးချင်အုံးဟ၊ ဗိုလ်ရူး😁😁😁။
(စာကြွင်း/နှစ်လောင်းပြင် =နှစ်လင်ပြောင်း)
ဘဝအမောတွေ ခဏတာပြေပျောက်နိုင်ကြပါစေ။
Crd
#Shwejue
ကလစ်ကာများပိုအားစိုက်ပေးပြီးကလစ်ကြပါလို့ဘဲပြောချင်တယ်။
ReplyDeletedone
ReplyDeleteရင်တွေနာတယ် ပေးဆပ်တာနဲ့တန်အောင်ကြိုးစားရမယ်
ReplyDeleteclick ကျပါ နေ့တိုင်း
ReplyDelete✅🥰
ReplyDeletewhere my cmt?🙃
ReplyDeleteI see everywhere😆
Deleteမြောင်တို့ကလစ်ကြမယ်🐈
ReplyDeleteBe strong.
ReplyDeleteစခ မောင်းထုတ်ဖို့ ပိုပို ကလစ်ကြပါ
ReplyDeleteနှစ်လောင်ပြင်မဲ့ ကြူခေါမလေ မြင်မိပေးမဲ့ ခွေးကျွေးတောင်မစားလောက်ပါ
ReplyDelete