မြန်မာစကား

************

တစ်ခါက  

မြန်မာစကားကို စိတ်ဝင်စားပြီး ကျွမ်းကျင်စွာပြောဆိုလိုတဲ့ အင်္ဂလိပ်ကြီးတစ်ဦးဟာ မြန်မာနိုင်ငံကို ရောက်လာပြီး အိမ်ငှားနေသတဲ့ သူ့ရဲ့ အိမ်အကူကိုလည်း မြန်မာလူငယ်တစ်ယောက်ကိုသာ ခန့်ထားပြီး မြန်မာစကားပြောကို အနီးကပ်လေ့လာသင်ယူသတဲ့ 

သူဟာ စကားပြောကိုအတော်အတန်တတ်ပြီးတစ်နေ့မှာ သူ့တပည့်ကို ခိုင်းလိုက်တယ်


" မောင်ဖြူရေ.... "


" ခင်ဗျာ "


" ထမင်းစားခန်းက တောင်းထဲမှာ အိပ်နေတဲ့ သင်္ဘောသီးကို ရေချိုးပေးပြီး ပန်းကန်ပြားပေါ်ပေးသိပ်လိုက်ပါကွယ်....ငါ ပြီးမှ သူ့ကို အင်္ကျီချွတ်ပြီး အတွင်းက အစိကို ဖယ်စားလိုက်တော့မယ် "


ပထမတော့ မောင်ဖြူလည်း နားမလည်ဘူးပေါ့ သေချာစဥ်းစားအဖြေရှာကြည့်မှ သင်္ဘောသီးခွဲခိုင်းတာမှန်း သိတော့သတဲ့ ။


တစ်ရက်တော့ အင်္ဂလိပ်ကြီးဟာ မြန်မာစကားကို ပိုမိုသိလိုတာနဲ့ မြန်မာတွေအများဆုံးစီးတဲ့ ဘတ်စ်ကားတစ်စီးပေါ်ကို တက်စီးတယ်

တစ်နေရာရောက်တော့ စျေးသယ်မိန်းမကြီးတစ်ဦးတက်လာပြီး သူရဲ့ စျေးတောင်းကို အင်္ဂလိပ်ကြီးအရှေ့မှာချလိုက်ရင်း အမောဖြေနေတယ်


အင်္ဂလိပ်ကြီးလည်း မြန်မာစကားကို ပြောလိုလှတာနဲ့ စျေးသယ်ကြီးကို စကားစပြီး ပြောတယ်


" အဒေါ်ကြီး... တောင်းထဲမှာ ဘာတွေပါသလဲ "


စျေးသယ်ကြီးက ပြန်ပြောတယ်


" တိုလီထွာလီလေးတွေပါ "


အင်္ဂလိပ်ကြီး နားမလည်ဘူး 


" တိုလီ ထွာလီဆိုတာ ဘယ်ဟာလဲ "


" စျေးသယ်က မျက်စောင်းတစ်ချက်ထိုးပြီး ပြန်ပြောတယ် "


" တိုလီထွာလီဆိုတာ တိုလီမုတ်စတွေကို ပြောတာ "


တိုလီထွာလီကို နားမလည်လို့မှ မေးပါတယ် နောက်ထပ် တိုလီမုတ်စပါ ပါလာတော့ ပိုဆိုးသွားပြီး အင်္ဂလိပ်ကြီးက သိချင်ဇောနဲ့ ထပ်မေးလိုက်တာ စျေးသယ်မိန်းမကြီးက စျေးတောင်းခေါင်းရွက်ပြီး ကားပေါ်အပြေးတက်လာရလို့ မောရတဲ့အထဲ အမေးမြန်းလာထူနေတဲ့ အင်္ဂလိပ်ကြီးကို ပက်ကနဲပြန်ပြောလိုက်တာက


" တိုလီထွာလီ တိုလီမုတ်စပါဆိုနေမှ ထွေလီကာလီ စုံစီနဖာ ဗူလိနစ ဗြုပ်စ ဗျင်းတောင်းတွေပေါ့ဟဲ့ သိပြီလား " လည်း ဆိုလိုက်ရော


အင်္ဂလိပ်ကြီးလည်း စိတ်ပျက်လက်ပျက်နှင့် ကားပေါ်က ချက်ချင်းဆင်းပြီး နောက်တစ်နေ့မှာ အင်္ဂလန်ကို ပြန်သွားလေတော့သတဲ့


#ကြားဖူးနားဝ

Crd


( လွယ်လေး )

Photo #crd:

Comments

  1. မအလ လောက် အဂ်လိပ်ကြီး ခေါင်းမခြောက်သေးပါဘူး😂😂😂

    ReplyDelete
  2. Replies
    1. တခါတလေ အဲလိုပဲ ပျောက်ပျောက်သွားတယ်။ 😁

      Delete

Post a Comment

Popular posts from this blog

ချောတယ်လို့