ဒါမျိုးတော့မဖြစ်စေနဲ့ ဒကာမတို့ရေ။

ဥူးပဇ္ဇင်းဥူးဝိနယဒီနေ့

စိတ်လှုပ်ရှားနေသည်။FBမှာသိကျွမ်းခဲ့သည့်

ဒကာမတစ်ယောက်ကmessagerမှ

ဆွမ်းစားဖိတ်ထားသည်။ကျောင်းကို ဒီနေ့

ဆွမ်းစားလာပင့်မည်ဟု ဆိုသည်။


အပြင်မှာ တခါမှမဆုံဘူးသဖြင့် 

မယုံကြည်ရဲသော်လဲ

တကယ်ရောက်လာခဲ့လျှင်လဲ

အဆင်သင့်ဖြစ်အောင် သင်္ဃန်းအသစ်လေးရုံပြီး ကျောင်းပေါက်ဝကို မသိမသာ မျှော်နေမိသည်။


ဆယ်နာရီပါတ်ဝန်းကျင်လောက်မှာ

ကျောင်းပရဝဏ်ထဲကို ကားတစ်စီး

ဝင်လာသည်။ဆွမ်းစားပင့်ထားသည့်

ဒကာမကြီးမှန်း ဥူးဝိနယ သိလိုက်သည်။

သူကprofile pictureအမှန်သုံးသည်ပဲ။

ဥူးဝိနယထွက်လာတာမြင်တော့သူက

messagerမှာနှုတ်ဆက်နေကြအတိုင်း

hiသည်။ပြီးတော့မှလက်အုပ်ကလေးချီပြီး


"ဆွမ်းစားလာပင့်တာပါဘုရား"


ဟုလျောက်သည်။

သေချာပြီဆိုတော့ဥူးဝိနယ ကျောင်းထိုင် ဆရာတော်ဘုရားကိုလျောက်ထားပြီး

သင်္ဃန်းလက်ကန်တော့ထိုးကာ fbမှfriend

ဒကာမအိမ်သို့ကြွဖြစ်သည်။

                                                 

ကားပေါ်က အဆင်းမှာပင် phငါးလုံးလောက်က

ဆီးကြိုနေသည်။

ဆွမ်းစားလာပင့်သည့် ဒကာမက

"ငါ့ပုံလဲပါအောင်ရိုက်နော်"ဟုဆိုကာဥူးဝိနယနားပြေးကပ်လာသည်။

ကင်မရာဝူးမင်းတွေရိုက်လို့ဝမှ

ဥူးဝိနယအိမ်ပေါ်ကြွခွင့်ရသည်။


"ကဲတရားနာရအောင်"ဆိုတော့

"ဆွမ်းအရင်ကပ်မယ်ဘုရား"


ဟုသူတို့ကပြန်မိန့်သည်။

ပြီတော့ ဆွမ်းကပ်ဖို့ပြင်ကြဆင်ကြသည်။ 


"ငါ့ရှေ့ကမကွယ်နဲ့ဒီမှာဓါတ်ပုံရိုက်နေတယ်

မမြင်ဘူးလား"


"ငါကvideoရိုက်ပြီးliveလွှင့်နေတာ 

နင်ကဟိုဘက်သွားရိုက်ပါလား"


ဆိုသောစကားသံများကြောင့်

ဆွမ်းစားဖို့ပင်တွန့်သွားသည်။

ဆွမ်းပွဲအဆင်သင့်ဖြစ်သော်လဲ

ဓါတ်ပုံသာမဲရိုက်နေပြီးဘယ်သူမှ

မကပ်သဖြင့် ဥူးဝိနယလဲမျက်လွှာချကာ

ဆွမ်းမစားမီဆင်ခြင်နေကျဂါထာကို

ထပ်ခါတလဲလဲရွတ်နေရသည်။


တော်တော်လေးကြာမှ ဒကာမတစ်ယောက်က


 "ဟဲ့ဆွမ်းကပ်နေတဲ့

ပုံရိုက်ရအောင်"


ဆိုတော့မှ ဆွမ်းစားပွဲနားအလု

အယက်ပြေးလွှားလာ

ကြသည်။


ဒကာမတစ်ယောက်က..


"တပည့်တော်လဲဘုန်းဘုန်းနဲ့friendပဲ

ဘုန်းဘုန်းနဲ့tagတွဲပြီးliveလွှင့်လိုက်မယ်နော်"


ဆိုသောကြောင့် မြန်မြန်ဆန်ဆန်ပြည့်စုံလိုက်ရတယ်။

            * * * *

တရားဟောမယ်လုပ်တော့ 

တရားနာမဲ့သူထက်ကျောပေးပြီး

selfieဆွဲမဲ့သူကများနေတော့ အတိုဆုံးတရားကိုစဉ်းစားရတာပေါ့။


"ဒကာမကြီးတို့ မနက်မနက်ဘုရားကော

မှန်မှန်ရှိခိုးဖြစ်ကြရဲ့လား။"


"ရှိခိုးပါတယ်ဘုရား မယုံရင် တပည့်တော်တင်ထားတဲ့postတွေ

ကြည့်ပါလား။ရွှေတိဂုံ မဟာမြတ်မုနိ ကျိုက်ထီးရိုး ထားဝယ်ရှင်ကိုးရှင် ပုဂံညောင်ဦး ရွှေဘုန်းပွင့် မယ်လမု

အကုန်ရှိခိုးပြီးဓါတ်ပုံတွေတင်တယ်။

အိမ်မှာနေတဲ့ရက်လဲအိမ်ကဘုရားကိုရှိခိုး

နေတဲ့ပုံတွေနေ့တိုင်းတင်ပါတယ်"


"အင်း ဟုတ်ပါပြီဘုရားရှိခိုးပြီးမေတ္တာရော

ပို့ဖြစ်ရဲ့လား"


"ပို့တာပေါ့ဘုရား မနက်တိုင်းတပည့်တော်မ

friendတွေကိုmessagerကနေပို့နေကျပါ။

မင်းကွန်းဆရာတော်ဘုရားကြီး မေတ္တာပို့

videoတောင်ပါသေးတယ်"


"မေတ္တာဆိုတာက ကိုယ်နဲ့ရင်းနှီးခင်မင်တဲ့လူမှ...."


"ဟုတ်ပါတယ်ဘုရားတပည့်တော်မမှားနေတာခုအရှင်ဘုရားထောက်ပြမှအမြင်မှန်ရပါပြီ။

တပည့်တော်မစိတ်ဆိုးလို့blockထား

တဲ့လူတွေကိုလဲပြန်addပြီးပို့လိုက်ပါမယ်။

ပြီးတော့မေတ္တာများများပို့လို့ရအောင်

friend၅၀၀၀အမြန်ပြည့်အောင်ကြိုးစား

ပါ့မယ် အရှင်ဘုရားကျောင်းက fbသုံးတဲ့

ကိုယ်တော်တွေလဲတပည့်တော်မ

addရင်လက်ခံဖို့ပြောထားပေးပါဦး"


"အင်း ဒကာမကြီးကြည့်ရတာ တစ်နေ့

တစ်နေ့fbနဲ့အချိန်ကုန်နေပုံရတယ်

တရားလေးဘာလေးမှတ်ဖြစ်ရဲ့လား"


"ဘယ်နဲ့ပြောပါလိမ့်အရှင်ဘုရားရယ်

မှတ်တာပေါ့ သီတဂူဆရာတော် ပါ

ချုပ်ဆရာတော် ရှင်ဆန္ဒာဓိက ရှင်ဆေကိန္ဒ 

အိုတရားတွေကိုစုံနေတာပဲ

တပည့်တော်wallထဲမှာလေonlyme

နဲ့မှတ်ထားတာ"


ဥူးပဇ္ဇင်းဝိနယအခြေအနေမှန်ကို

သဘောပေါက်သွားသည်။


"ကဲကဲ ရေစက်ချအမျှဝေပြီး 

blockသုံးကြိမ်

ခေါ်ကြစို့ရဲ့"


                 

နိုင်မျိုးထွန်း(ရန်ကုန်တက္ကသိုလ်)✍👸


#မူရင်း ခရက်ဒစ်ပါ

Comments

Popular posts from this blog

ချောတယ်လို့